Saturday, November 28, 2015

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ 25nd ASEAN Armies RiFle Meet (25th AARM) ပိတ်ပွဲ အခမ်းအနားနှင့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်


နေပြည်တော် နိုဝင်ဘာ ၂၇
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ခရာချွတ်ခရီခန် ပြည်နယ် ပရမ်ဘူရီခရိုင် ဟွာအင်းမြို့ရှိ Infantry Center ၌ ကျင်းပ သော ၂၅ ကြိမ်မြောက် အာဆီယံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ 25nd ASEAN Armies RiFle Meet(25th AARM) ပိတ်ပွဲ အခမ်အနားသို့ အာဆီယံနိုင်ငံ များမှ ကြည်းတပ် ဦးစီးချုပ်များနှင့် အတူ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းနားတွင် အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ သေနတ်ပစ် အသင်းတို့ ဗိုလ်လဲပွဲယှဉ်ပြိုင် ပစ်ခတ် မှုအား ကြည့်ရှုအားပေးကြပြီး ဆုရအသင်းများအား ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်မှ တစ်ဦးချင်း ဆုချီးမြှင့်သည်။
ထို့နောက် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များသည် Novelty Shoot အဖြစ် (မီတာ ၂၀) ပစ္စတိုနှင့် (မီတာ ၅၀) ကာဘိုင်သေနတ်ပစ် ယှဉ်ပြိုင်ကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးသည်။
ယင်းနောက် အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးကြပြီး 25nd ASEAN Armies RiFle Meet(25th AARM) ပိတ်ပွဲ အခမ်းအနား ဆက်လက်ကျင်းပရာ ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ်မှ ပိတ်ပွဲမိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲစဉ်တစ်လျှောက် ဆုရ အသင်းများအား ဆုချီးမြှင့်သည်။
ထို့နောက် ထိုင်းဘုရင့်တပ်တော် ကြည်းတပ်ဦးစီးချုပ်မှ ၂၀၁၆ ခုနှစ် 26nd ASEAN Armies RiFle Meet (26th AARM) ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဖိလစ်ပိုင် ကြည်းတပ် ဦးစီးချုပ်ထံသို့ AARM အထိမ်း အမှတ်အလံ အား လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ညနေပိုင်းတွင် Suan Son Pardipat 2 ၌ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် ဦးစီးချုပ်နှင့် ဇနီးတို့မှ တည်ခင်းဧည့်ခံသော 25th ASEAN Armies Rifle Meet(25th AARM)ပိတ်ပွဲ ဂုဏ်ပြုနှုတ်ဆက် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရန် နိုဝင်ဘာ ၂၆ ရက် နေ့လည်ပိုင်းတွင် ဗန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိစဉ် ထိုင်းဘုရင့် တပ်မတော် ထိုင်းဘုရင့်ကြည်းတပ် ဌာနချုပ်ရုံးမှ ဒုတိယစစ်ဦးစီးအရာရှိချုပ်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။

No comments:

Post a Comment