Monday, November 30, 2015

ကမ္ဘာ့နိုင်ငံတိုင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံ့အကျိုးစီးပွား ဖြစ်ထွန်းရေး အတွက် ပြည်ပချေးငွေရယူခြင်း၊ ပြည်ပကြွေးမြီအဖြစ် ပေါ်ပေါက်သည့် ပြည်ပသို့ အစိုးရ စာချုပ်များ ထုတ်ဝေရောင်းချခြင်းလုပ်ငန်းများ လုပ်ဆောင်ကြပါတယ်

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ် လေ့လာတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး နိုဝင်ဘာ ၂၄ ရက်က ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထ နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က “ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ခြောက်လပတ် အခွန်ကောက်ခံရရှိမှု နှိုင်းယှဉ်ချက်နှင့် ပြည်ပကြွေးမြီ ကိစ္စရပ်များ”အား ပြန်လည်ရှင်းလင်း တင်ပြခဲ့ရာ ၎င်းအနက်မှ “ပြည်ပကြွေးမြီကိစ္စ”နှင့်စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက် များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အား ပြည်ထောင်စုလွှတ်တော်သို့ ဒီဇင်ဘာ (၁) ရက်တွင် တင်သွင်းမည်


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၁) ရက်တွင်  ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC ) ၌  နိုဝင်ဘာ (၃၀) ရက် ကပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ တတိယနေ့ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် MPC မှ အထူးအကြံပေးဖြစ်သူဦးလှမောင်ရွှေက ပြောကြားဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်အတွက် နိုင်ငံရေးေ ဆွးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ တတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပ



ရန်ကုန် နိုဝင်ဘာ ၃၀

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ ဒုတိယနေ့အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီကရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး နှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) တွင် ဆက်လက်ကျင်းပသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ယူနစ်စစ်ဒေသမှူး အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၃၀

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက် ၁၀  နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌  တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ယူနစ်စစ်ဒေသမှူး Major General Yang Guangyue အား လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ





နေပြည်တော် နိုဝင်ဘာ ၃၀

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် ကျင်းပရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု သည်ဟု မှတ်ယူရမည့် ဥပဒေကြမ်း ၃ ခုအား မှတ်တမ်းတင်ခြင်း၊ မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးရေးကိစ္စ ၃ ခုနှင့်စပ်လျဉ်း၍ဆွေးနွေးခြင်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ဆွေးနွေး ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမရက်မြောက်နေ့ ကျင်းပ




နေပြည်တော် နိုဝင်ဘာ ၃၀

ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီက ကျင်းပရာ မေးခွန်း(၃)ခုမေးမြန်းခြင်း၊ အစီရင်ခံစာ(၂)ခု တင်သွင်းခြင်း၊ ဥပဒေကြမ်း(၄)ခု လက်ခံ ရရှိကြောင်းကြေညာခြင်း၊ ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အသိပေးနှိုးဆော်စာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အသိပေးနှိုးဆော်စာ

နေပြည်တော်၊ နိုဝင်ဘာ ၃၀

၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက်  အထွေထွေ ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးသည် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ   နည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ၎င်းတို့အမည်စာရင်းတင်သွင်းခဲ့ကြသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ(၂၀)ဖြင့် တင်သွင်းကြရမည် ဖြစ်သည်။

အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ




နေပြည်တော် နိုဝင်ဘာ ၃၀

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမ နေ့ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာ ဥပဒေကြမ်း ၁၂ ခု အစီရင်ခံဖတ်ကြားခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း၊ ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတစ်ခု တင်သွင်းခြင်းတို့ ဆောင်ရွက်သည်။

“မြန်မာသမိုင်းသုတေသနစာတမ်းဖတ်ပွဲ” ကျင်းပ


နိုဝင်ဘာ  ၃၀ ရက်

ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနကကြီးမှူး ကျင်းပသော “မြန်မာသမိုင်း သုတေသနစာတမ်းဖတ်ပွဲ ကို ယနေ့နံနက် ၁၀ နာရီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသား စာကြည့်တိုက် (နေပြည်တော်) Orientation Hall ခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ Myanmar Egress အဖွဲ့မှ သင်တန်းသား၊ သင်တန်းသူများ လာရောက်လေ့လာ


နေပြည်တော် နိုဝင်ဘာ ၃၀

Myanmar Egress အဖွဲ့မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတို့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးသို့ လာရောက်လေ့လာကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဘိလပ်မြေစက်ရုံ (ကျောက်ဆည်) ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး



နေပြည်တော်၊ နိုဝင်ဘာလ(၃၀)

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အား တရုတ်နိုင်ငံ၊ Anhui Conch Cement Co., Ltd. ၏ Chairman  Mr. GuoWensan ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင်စက်မှုဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံပြီးစက်မှုဝန်ကြီးဌာနနှင့် Built-Operate-Transfer (BOT) စနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဘိလပ်မြေစက်ရုံ (ကျောက်ဆည်) တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ဖွင့်လှစ်မည့်အစီအစဉ်များနှင့် ထုတ်လုပ်မှုလုပ်ငန်းများတိုးချဲ့၍ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အာဆီယံနှင့် ဂျပန် (၁၁)နိုင်ငံတို့မှ တက္ကသိုလ် ကျောင်းသား လူငယ် မောင်မယ်များ ရွှေတိဂုံ စေတီတော်အား လာရောက် ဖူးမြော် လေ့လာ

ရန်ကုန် နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံသားတို့၏ အထွတ်အမြတ်ထားရာ ပြည်တွင်း ပြည်ပ ခရီးသွားများ အထူးစိတ်ဝင်စားစရာ၊ လေ့လာစရာများဖြင့် ပြည့်နှက်နေသော ရွှေတိဂုံစေတီတော်သို့ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက (၄၂)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန် လူငယ်သင်္ဘောခရီးစဉ်ဖြင့် လိုက်ပါလာသော အာဆီယံနှင့်ဂျပန် ၁၁ နိုင်ငံတို့မှ တက္ကသိုလ်ကျောင်းသား လူငယ် မောင်မယ် ၃၃၀ လာရောက် လေ့လာဖူးမြော်ကြသည်။ ရုံးပိတ်ရက် ဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားများနှင့် တက္ကသိုလ် ကျောင်းသား လူငယ်မောင်မယ်တို့ဖြင့် စေတီတော်ရင်ပြင်တွင် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

ရေငန်တား၊ ရေချိုသွင်း ရေကြီးနစ်မြုပ်ခြင်း ကင်းဝေးစေမည့် ဖျာပုံမြို့နယ် အတွင်းရှိ ဦးလုံရေတံခါး

''အောက်မြန်မာပြည် လယ်ယာမြေ ဖော်ထုတ်ရေးစီမံကိန်းဝင် စပါး(၁)၊ စပါး(၂) စီမံကိန်းကာလတုန်းက တည်ဆောက်ခဲ့တဲ့ ကျွန်းပတ်တာတွေ၊ ရေငန်တားတာတွေနဲ့ ရေတံခါး တွေသတ်မှတ်ဒီဇိုင်း နှစ်(၃ဝ)ကျော်ခဲ့ပြီမို့ ပြောင်းလဲမှုတွေရှိလာလို့ပဲလား။ ဒါမှမဟုတ် သဘာဝချောင်းတွေ၊ တူးဖော်ထားတဲ့မြောင်းတွေ အကြောင်းအမျိုးမျိုးကြောင့် တိမ်ကောလာလို့ပဲ လားမသိဘူး။ ဒီအခြေအနေတွေကြောင့် ပင်လယ်ရေငန်တားတာတစ်ခုဖြစ်တဲ့ ဘုရားကြီး ရိုးဇင်း ပေါင်တာအတွင်း နွေပိတ်၊ မိုးချိုး၊ ချောင်းပိတ် စနစ်နဲ့ စိုက်ပျိုးကြတဲ့လယ်တွေ ဒီနှစ်မိုးစပါး၊ နွေစပါးစိုက်ပျိုးရေး အဆင်ပြေပါ့မလားတောင် မသိဘူး''ဟု ၂ဝ၁၄ ခုနှစ် နှစ်ဦးပိုင်းက သမိန်ထော-သိမ်ကုန်းကျေးရွာမှ လယ်သမားကြီး ဦးစံသိန်း၏ စိုးရိမ်သံကိုပြန်လည်ကြားယောင်မိသည်။

အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘော ခရီးစဉ် ကျောင်းသားလူငယ်များ ယဉ်ကျေးမှု ဖလှယ်ပွဲ တက်ရောက်ပြီး ပြန်လည် ထွက်ခွာ

ရန်ကုန် နိုဝင်ဘာ ၂၉
(၄၂)ကြိမ်မြောက် အရှေ့တောင် အာရှနှင့် ဂျပန်လူငယ်များ ခရီးစဉ် (၂၀၁၅) ယဉ်ကျေးမှု ဖလှယ်ပွဲနှင့် ညစာ စားပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် ညနေ (၆)နာရီခွဲက ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းရှိ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက တက်ရောက် လာကြသည့် အရှေ့တောင် အာရှနှင့် ဂျပန်လူငယ်များ ခရီးစဉ်တွင် ပါဝင်သူများကို ညစာ စားပွဲအကြို နှုတ်ခွန်းဆက် မိန့်ခွန်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi Higuchi က နှုတ်ခွန်းဆက် စကား ပြောကြားသည်။

Saturday, November 28, 2015

ပြောလည်း ပြောချင်တယ်၊ ပြောလည်း မပြောရဲဘူး ကြီးနိုင် ငယ်ညှဉ်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ



ဆူဒိုနင်
ကြေးမုံသတင်းစာတွင် လူမှုဘဝသရုပ်ဖော်ရသစာပေများကို အလျဉ်းသင့်သလို့ ဖော်ပြပေးလျက်ရှိပါသည်။ ထို့သို့ ဖော်ပြပေးရာ တွင် စာဖတ်ပရိသတ်၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်စေမည့် လူမှုဘဝဖြစ်ပျက်ပုံ များကိုရသ ပေါ်လွင်အောင်ရေးသားကြသည့် ထင်ရှားသော စာရေးဆရာများအား ရွေးထုတ် ဖော်ပြပေးလျက် ရှိပါသည်။

နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (မူကြမ်း) စတင်ရေးဆွဲ


ရန်ကုန် နိုဝင်ဘာ ၂၇
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်း ရေးဆွဲရေး အတွက် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ အစည်းအဝေး (ပထမနေ့) ကို ယနေ့ မွန်းလွဲ (၁) နာရီတွင် မြန်မာနိုင်ငံငြိမ်းချမ်း ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် ကျင်းပသည်။

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ 25nd ASEAN Armies RiFle Meet (25th AARM) ပိတ်ပွဲ အခမ်းအနားနှင့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်


နေပြည်တော် နိုဝင်ဘာ ၂၇
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ခရာချွတ်ခရီခန် ပြည်နယ် ပရမ်ဘူရီခရိုင် ဟွာအင်းမြို့ရှိ Infantry Center ၌ ကျင်းပ သော ၂၅ ကြိမ်မြောက် အာဆီယံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ 25nd ASEAN Armies RiFle Meet(25th AARM) ပိတ်ပွဲ အခမ်အနားသို့ အာဆီယံနိုင်ငံ များမှ ကြည်းတပ် ဦးစီးချုပ်များနှင့် အတူ တက်ရောက်ခဲ့သည်။

Friday, November 27, 2015

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကြက်သွန်နီ ဈေးနှုန်း တည်ငြိမ်ရေးနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်



(၂၇- ၁၁- ၂၀၁၅)၊ နေပြည်တော်

၁။ ပြည်တွင်း ကြက်သွန်နီ ဈေးနှုန်းမှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ အတွင်း ပျမ်းမျှ တစ်ပိဿသာ ၉၀၀ိ/၊ အောက်တိုဘာလတွင် ပျမ်းမျှ တစ်ပိဿသာ ၁၂၀၀ိ/- ရှိနေရာမှ နိုဝင်ဘာလ တတိယပတ်တွင် ပျမ်းမျှတစ်ပိဿသာ ၄၀၀၀ိ/ နီးပါး ဖြစ်ပေါ်နေ သည့်အပြင် ပြည်တွင်းမှ စိုက်ပျိုးထားသည့် မိုးကြက်သွန်များမှာ ဒီဇင်ဘာလ ကုန်အတွင်းမှ လှိုင်လှိုင်ပေါ် မည် ဖြစ် သည့် အတွက် ကြက်သွန်နီ ဈေးနှုန်း ကြီးမြင့်မှုနှင့် တွေ့ကြုံနေ ရကြောင်း လေ့လာတွေ့ ရှိရပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် နိုဝင်ဘာ ၂၇  
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား အား လက်ခံတွေ့ဆုံ




နေပြည်တော် နိုဝင်ဘာ ၂၇
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဝန်ကြီးအား သွားရောက်တွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၆
ထိုင်းနိုင်ငံ၌ ရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုဝင်ဘာ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဝန်ကြီးအား သွားရောက်တွေ့ဆုံသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ




နေပြည်တော် နိုဝင်ဘာ ၂၆
ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များအစည်းအဝေး 16th ASEAN Chiefs of Army Multilateral Meeting (ACAMM-16)နှင့် (၁၅)ကြိမ်မြောက် အာဆီယံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ 25th ASEAN Armies Rifle Meet(25th AARM) ပိတ်ပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန်

"နိုင်ငံပိုင်မီဒီယာကနေ ပြည်သူဗဟိုပြု မီဒီယာပြောင်းလဲရာမှာလည်း ကျယ်ကျယ်ပြန့်ပြန့်အကူအညီပေး ဖို့ ဆောင်ရွက်နေပါ တယ်"






Mr. Peter Limbourg
တွေ့ဆုံမေးမြန်း-မင်းသစ်၊ မြတ်စန္ဒီသင်းဇော်
ဓာတ်ပုံ-ဇော်မင်းလတ်
ရန်ကုန် နိုဝင်ဘာ ၂၆
လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာများ ပေါ်ထွက်လာစေရန်အတွက် မြန်မာ့မီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၅ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပခဲ့သည်။

Wednesday, November 25, 2015

ဖားကန့်မြို့နယ်အတွင်း စွန့်ပစ်မြေစာပုံပြိုကျမှုမှ သေဆုံးသူတစ်ဦး ထပ်မံရှာဖွေတွေ့ရှိ


နေပြည်တော် နိုဝင်ဘာ ၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကမ်ခမ်ကျေးရွာတွင် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက စွန့်ပစ်မြေစာပုံပြိုကျရာမှ လူများ မြေစာပိသေဆုံးခဲ့သည်။ ယနေ့တွင် မြေစာပုံ အတွင်းမှ သေဆုံးသူတစ်ဦး ထပ်မံရှာဖွေတွေ့ရှိခဲ့ သည်။

နိုင်ငံရေးမူဘောင်မူကြမ်းရေးဆွဲရန်အတွက် နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်ရှစ်ဦးကို လာမည့် နိုဝင်ဘာ ၂၇ ရက်တွင် အတည်ပြုရွေးချယ်မည်


ရန်ကုန် နိုဝင်ဘာ ၂၄
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ (NCA) စာချုပ်ကို အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ စာချုပ်ပါအချိန် သတ်မှတ်ချက်အရ လက်မှတ်ရေးထိုးထားပြီးနောက်ပိုင်းရက်ပေါင်း ၆ဝ မတိုင်မီ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲ များ တရားဝင် စတင်နိုင်ရန်လိုအပ် သည်။ လက်မှတ်ရေးထိုး ပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ များစတင်နိုင်ရန်အတွက် ဇန်နဝါရီ ၁၄ ရက်မတိုင်မီ အချိန်အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်သည်။

ကျေးရွာမြေငှားဂရန်ရရှိရေး လျှောက်ထားဆောင်ရွက်နိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျေးရွာမြေများ မြေငှားဂရန် ထုတ်ပေးနိုင်ရေးအထူးလုပ်ငန်းအဖွဲ့ သတင်း ထုတ်ပြန်ကြေညာချက်
(၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက်)
(၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ရက်)
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို လုပ်ငန်းစဉ်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ယင်းတို့၏ လိုလားချက်၊ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေး

2nd Men's Asian Challenge ဟော်ကီပြိုင်ပွဲကျင်းပမည်


ရန်ကုန် နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် 2nd Men's Asian Challenge ဟော်ကီပြိုင်ပွဲကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂ဝ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူ မြက်ခင်းတုဟော်ကီကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း အာဆီယံ နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် သီးခြားစီတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၄
ထိုင်းနိုင်ငံ သို့ ရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ခေတ္တအခြေပြုရာ Siam Kempinski Hotel ၌ 16th ASEAN

နေအိမ်ခြံဝင်းတစ်ခု၌ မိန်းကလေးငယ်တစ်ဦး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဆိုသည့် အမှုကို သက်ဆိုင်ရာမှတစ်ဆင့်တရားရုံးသို့ ဦးတိုက်လျှောက်ထား

ရန်ကုန် နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ နေအိမ်ခြံဝင်း တစ်ခု၌ (၈)နှစ်အရွယ် မိန်ကလေးငယ်တစ်ဦး ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသည်ဆိုသည့်အမှုကို ယမန်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာမှတစ်ဆင့် တရားရုံးသို့ ဦးတိုက်လျှောက် ထားခဲ့ကြောင်း ဗဟန်းမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

အမျိုးသား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ ပေါ်ထွက်လာရေး လုပ်ငန်းညှိနှိုင်းစည်းဝေး


နေပြည်တော် နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ သာမက နိုင်ငံသားများအားလုံးနှင့် သက်ဆိုင်သည့် အမျိုးသား အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ (National Intellectual Property Strategy)ပေါ်ထွက်လာရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်၍ အမှာစကားပြောကြားသည်။

Tuesday, November 24, 2015

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စုံညီအစည်းဝေးတွင် နိုင်ငံရေးပါတီအစုအဖွဲ့မှ ရွေးချယ် ရန်ကျန်ရှိနေသေးသည့် ဒုတိယဥက္ကဋ္ဌအတွင်းရေးမှူး တို့အားရွေးချယ်





ရန်ကုန် ၊ နိုဝင်ဘာ ၂၄

သတင်း..ရဲခေါင်ညွန့်၊ မြတ်သန္တာမောင် ဓါတ်ပုံ..ဖိုးထောင်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စုံညီအစည်းဝေးတွင် နိုင်ငံရေးပါတီ အစုအဖွဲ့မှရွေးချယ် ရန်ကျန်ရှိနေသေးသည့် UPDJC ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ-မြန်မာ) နှင့် အတွင်းရေးမှူးအဖြစ် စိုင်းကျော်ညွှန့် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်) တို့ကို ရွေးချယ်ခဲ့ကြသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ပြင်ဆင်ပြောင်းလဲကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၉၅  /  ၂၀၁၅ )
၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း   ၁၃   ရက်

(၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ   ၂၄  ရက်)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ပြင်ဆင်ပြောင်းလဲကြေညာခြင်း

၁။ ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ၁၂ . ၁၁ . ၂၀၁၅  ရက်စွဲပါကြေညာချက်အမှတ်(  ၅၃ /  ၂၀၁၅) ဖြင့်  ထုတ်ပြန် ကြေညာချက်အရ ဦးစိုင်းဆာလူ[ ၁၃/ ကခန(နိုင်)၀၀၂၄၃၃] ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အား  ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅)၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၁၂ . ၁၁ . ၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် ( ၈၀ / ၂၀၁၅) ဖြင့် ထပ်ဆင့် ကြေညာပေးခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၀ါရှင်တန်ပို့စ်သတင်းစာမှ Senior Associate Editor ဖြစ်သူ Elizabeth (Lally) Graham Weymouth အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၁ ရက် ညနေ ၃နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ ၀ါရှင်တန်ပို့စ်သတင်းစာမှ Senior Associate Editor ဖြစ်သူ Elizabeth (Lally) Graham Weymouth အား လက်ခံတွေ့ဆုံသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော် နိုဝင်ဘာ ၂၄

မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ကောင်းမွန်သောဆက်ဆံရေး မရှိစရာအကြောင်းမရှိကြောင်း၊ နိုင်ငံအတွက် အလုပ်လုပ် ကြမည့်သူများဖြစ်ခြင်းကြောင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်၍ နိုင်ငံအား တည်ငြိမ်အောင်၊ တိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ယင်းကဏ္ဍတွင် တပ်မတော်အနေဖြင့် အပြည့်အ၀ပါဝင်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာဒန်နီရယ်အာရပ်စ်ဆဲလ် အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြား သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အားလက်ခံတွေ့ဆုံ




နေပြည်တော်၊ နိုဝင်ဘာ  ၂၄   

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒန်နီရယ် အာရပ်စ်ဆဲလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးမှုနှင့် တာဝန်လွှဲပြောင်းရေး ကိစ္စရပ်များ ချောမွေ့အောင်မြင်စွာဖြစ်ပေါ်လာရေး ဆောင်ရွက်နေမှု၊ မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား ဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ





နေပြည်တော် နိုဝင်ဘာ ၂၄

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပရာ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း ၃ ခုကို မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း၊ ပထမ ၆ လ ပတ်အတွက် အခွန်ကောက်ခံရရှိမှု ရှင်းလင်းတင်ပြခြင်း၊ ဒုတိယ ၆ လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် သည်။