Sunday, October 25, 2015

မြန်မာ့ပြု ပြင် ပြောင်းလဲမှုပုံရိပ်များ DVD မှတ်တမ်းခွေ ဝယ်ယူရရှိနိုင်


နေပြည်တော် အောက်တိုဘာ ၂၄
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူး ထုတ်လုပ် ထားသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ မြန် မာ့ ပြုပြင်ပြောင်းလဲမှု ပုံရိပ်များ အစီအစဉ်အား အောက်တိုဘာ ၂၃ ရက်တွင် ပြန်ကြားရေး ဝန်ကြီး ဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဇာတ်ကား အဆင့်အတန်း သတ်မှတ်ရေး စိစစ်အကဲဖြတ် အဖွဲ့ အမှတ်စဉ် (၉၂၆/၂၀၁၅)ဖြင့် ဗီဒီယို လေဆာဓာတ်ပြား စီးပွားရေး လုပ်ငန်းသုံး အဖြစ် ပြသခွင့်ပြုပြီးဖြစ်သည်။

အဆိုပါ မြန်မာ့ပြုပြင်ပြောင်းလဲမှု ပုံရိပ်များ အစီအစဉ်တွင် ပြည်တွင်း ငြိမ်းချမ်းရေးကဏ္ဍ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၊ ပညာရေး ဆိုင်ရာပြုပြင်ပြောင်းလဲမှုကဏ္ဍ၊ အားကစားဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ မြို့ပြ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ တည်ငြိမ်အေး ချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုး တိုးတက်မှုများ (Version I)၊ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုများ(Version II)၊ ပြည်သူထဲက သမ္မတ(Version I)၊ ပြည်သူထဲက သမ္မတ (Version II)၊ ပြည်သူထဲက သမ္မတ (Version III)တို့ ပါဝင်သည်။
မြန်မာ့ပြုပြင်ပြောင်း လဲမှုပုံရိပ်များ DVD မှတ်တမ်းခွေကို ရန်ကုန်မြို့(အမှတ် ၅၂၉၊ ၅၃၁၊ ကုန်သည်လမ်း)ရှိ စာပေဗိမာန် အရောင်းဆိုင်နှင့် နေပြည်တော် (သပြေကုန်းဈေး)ရှိ စာပေဗိမာန် အရောင်းဆိုင်များတွင် အောက်တို ဘာ ၂၆ ရက်မှစ၍ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

No comments:

Post a Comment