Thursday, October 29, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည် ကြည့်ရှုစစ်ဆေး


နေပြည်တော် အောက်တိုဘာ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဒေါက်တာသန်းအောင်၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈နာရီ ခွဲတွင် အထူးလေယာဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊  အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ် ဆက်ကြသည်။





ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များ ဖြင့် ငပုတောမြို့သို့ ဆက်လက် ထွက်ခွာရာ ဒေသခံပြည်သူများက လမ်းတစ်လျှောက်မှ သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက် ကြသည်။
ယင်းနောက် ငပုတောမြို့သို့ရောက်ရှိကြရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များမှ ဒေသခံပြည်သူများက လမ်းဘေး ၀ဲယာမှ ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ရောက်ရှိရာ တာဝန်ရှိသူများက မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြ ချက်များအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ငပုတောမြို့ရှိ ရွှေမြင်တင်ဘုရားအား သွားရောက်ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးကပ် လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်း သည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရေယာဉ်ဖြင့်  အုပ်ရှစ်ကွင်းကျေးရွာသို့ရောက်ရှိရာ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ငပုတောမြို့တစ်ဖက်ကမ်း အုပ်ရှစ်ကွင်း ကျေးရွာမှ ပုသိမ်-မော်တင်လမ်း မိုင်တိုင်အမှတ် ၃၈ သို့ ဆက်သွယ်သည့် အရှည်(၁၂)မိုင်ရှိ အုပ်ရှစ်ကွင်း-သဇင်ကွင်း-ပုသိမ်-မော်တင် ကျောက်ချောလမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အုပ်ရှစ်ကွင်းကျေးရွာ၌ လာရောက်ကြိုဆို နှုတ်ဆက်ကြသည့် ဒေသခံပြည် သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ငပုတောမြို့နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားနှင့် ဆက်သွယ်ရေး ကဏ္ဍများ၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက် ပေးမည့် အစီအစဉ်များ၊ နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍ အလိုက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့မှုများနှင့် ရရှိခဲ့သည့် အောင်မြင်မှုရလဒ်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက်  မျိုးဆက်သစ်များကို ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြရန်နှင့် မိမိတို့ရရှိပြီးဖြစ်သော တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ရလဒ်ကောင်းများကို ဆက်လက် ရှင်သန်တိုးတက်စေရေး နိုင်ငံတော်အစိုးရ နှင့်အတူ တက်ညီလက်ညီဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့သို့ ပြန်လည်ရောက်ရှိကြပြီး တိုင်းဒေ သကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြကျွန်းသာ အိမ်ရာ စီမံကိန်း လုပ်ငန်းခွင်၌ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေး သည်။

No comments:

Post a Comment