Saturday, October 24, 2015

နေပြည်တော်သို့ ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက် အရောက် သတင်းပို့ကြရန်

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ တနင်္လာနေ့ နံနက် ၁၀ နာရီအချိန်တွင် စတင် ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာ များကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်  အစည်းအဝေးတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ် နိုင်ရန် ဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိ သည်ဖြစ်စေ နေပြည်တော် ရုံးအမှတ် (၂၀)၊ လွှတ်တော် ရုံးသို့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် (စနေနေ့) ထက်မစော၊   နိုဝင်ဘာလ ၁၅ ရက် (တနင်္ဂနွေနေ့) ထက် နောက်မကျ စေဘဲ သတင်းပို့ကြရန် ဖြစ်ကြောင်း သတင်း ရရှိသည်။ 

No comments:

Post a Comment