Friday, October 30, 2015

မြန်မာ-တရုတ်-အိန္ဒိယဆက်သွယ်ပေးမည့် တ၀မ်းတံတား


မြစ်ကြီးနား အောက်တိုဘာ ၂၉
ကချင်ပြည်နယ်အတွင်းရှိ မြန်မာ-တရုတ်-အိန္ဒိယဆက်သွယ်နိုင်မည့် မြစ်ကြီးနား၊ နမ္မတီး၊ တနိုင်း၊ ပန်ဆောင်သွား ကားလမ်းမပေါ်၌ တဝမ်းတံတားအရှည် ပေ ၁၂၆ဝ၊ အကျယ် ၂၄ ပေ၊ နှစ်လမ်းသွား တံတား အမျိုးအစားကို ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တဝမ်းတံတားကို ၂ဝ၁၃ ခုနှစ် ဇွန် ၁ ရက်မှစ၍ တံတား အရှည်ပေ ၁၂၆ဝ၊ အကျယ် ၂၄ ပေ နှစ်လမ်း သွားတံတားကို ပြည်ထောင်စု ရန်ပုံငွေဖြင့် ယနေ့အချိန်ထိ ငွေကျပ် ၂၈၅၉ ဒသမ ဝဝ သန်းသုံးစွဲထား ပြီးဖြစ်ရာ စီမံကိန်းပြီးဆုံးသည် အထိ ခန့်မှန်းကုန်ကျငွေကျပ် ၄၃၂ဝ ဒသမ ဝဝ သန်းခန့်သုံးစွဲရန် လျာ ထားလျက်ရှိပြီး ယနေ့ အချိန်ထိ တံတားတည်ဆောက်ပြီးစီးမှုမှာ ၇ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါတံတား တည်ဆောက် ရာ တွင် ဘဏ္ဍာနှစ်အလိုက် ပြည် ထောင်စုရန်ပုံငွေမှ နှစ်အလိုက် ခွဲဝေသုံးစွဲလျက်ရှိရာ ၂ဝ၁၅-၂ဝ၁၆ တွင် အပြီးတည်ဆောက်သွား မည်ဖြစ်ကြောင်း တံတားဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်မိုးခိုင်က ပြောသည်။
ယင်းတံတားသည် မြစ်ကြီးနား၊ နမ္မတီး၊ တနိုင်း၊ ရှင်ဖွေယန်၊ ပန် ဆောင် လမ်းမပေါ်တွင်ရှိရာ မြန်မာ-တရုတ်-အိန္ဒိယ စီးပွားရေးစင်္ကြံ လမ်းမကြီးတစ်ခု ဖြစ်လာနိုင်ပြီး အဆိုပါ တံတားပြီးစီးသွားပါက ယင်းဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အချိန်တို အတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင် ကြောင်း၊ မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံ စီးပွားရေး ကုန်သွယ်မှု ပိုမိုမြန်ဆန် ကောင်းမွန်လာနိုင် မည့်အပြင် နိုင်ငံ အချင်းချင်း ကူးလူး သွားလာဆက်သွယ်မှု၊ ရိုးရာယဉ် ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ် များကို ပူးပေါင်း ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း ၄င်းကပြော သည်။
ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်တွင် ပြည်နယ်တစ်ခုလုံးအနေ ဖြင့် ပေ ၅ဝ အထက် သံကူကွန် ကရစ်တံတား အပါ အဝင် ၂၃စင်း ဆောက်လုပ်သွားမည်ဖြစ်ရာ ၁ဝဝ ရာခိုင်နှုန်း ရှစ်စင်း ဆောက်လုပ်ပြီးစီး လျက်ရှိပြီး ၁၅ စင်းမှာ ယနေ့အချိန် ထိ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

မင်းရာဇာ(မြစ်ကြီးနား)

No comments:

Post a Comment