Saturday, October 24, 2015

ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း

ပြည်သူ့လွှတ်တော်
ကြေညာချက်အမှတ် (၄/၂၀၁၅)
၁၃၇၇ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၁၁ ရက်
(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်)
ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၆၊ ၂၀၁၂ ခုနှစ်၊  ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၅ နှင့် ၂၀၁၃ ခုနှစ် ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ  ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ  ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် (၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်) တနင်္လာနေ့ ၊ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။
(ပုံ) သူရရွှေမန်း

ဥက္ကဋ္ဌ

No comments:

Post a Comment