Monday, October 26, 2015

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းအသစ် လျှောက်ထားခြင်း များနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှုအခြေအနေ



ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါ သည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့် ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် အသစ်လျှောက် ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေအရ ထုတ်ပေးထားသည့် မှတ်ပုံတင် သက်သေခံ လက်မှတ် ရရှိထားသူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်း
အမည်ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ထုတ်ဝေသူ အမည်ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့် ခွဲရေးကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေး လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၂၆-၁၀-၂၀၁၅)ရက်နေ့ က ပြုလုပ်သော ပြန်ကြားရေး ဝန်ကြီး ဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး တွင် ပုံနှိပ်လုပ်ငန်းအသစ်လျှောက်(၂)ဦး၊ ထုတ်ဝေခွင့်အတွက် အသစ်လျှောက်ထား သူ ဂျာနယ်ထုတ်ဝေခွင့်(၂)ဦ၊ မဂ္ဂဇင်းထုတ်ဝေခွင့်(၃)ဦး၊ အထွေထွေ ထုတ်ဝေခွင့် (၅)ဦး နှင့် ပေါင်း လုပ်ငန်း အသစ် (၁၀)ဦး တို့အား လည်းကောင်း၊ သတင်းအေဂျင်စီ အသစ်(၁)ဦးအားလည်းကောင်း၊ ပုံနှိပ်သူ အမည်ပြောင်း (၁)ဦးတို့အား လည်းကောင်း အသိ အမှတ် ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါ သည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်း အတွက် သက်တမ်း တိုး(၁၀၃၅)ဦးနှင့် အသစ်လျှောက်ထားသူ (၂၄၃) ဦး၊ ထုတ်ဝေခြင်း လုပ်ငန်း အတွက် သက်တမ်းတိုး (၉၉၀)ဦး နှင့် အသစ်လျှောက်ထားသူ (၆၁၀) ဦး ၊ သတင်း အေဂျင်စီ လုပ်ငန်း အသစ်လျှောက်ထားသူ (၂၀)ဦး ၊ စုစုပေါင်း ပုံနှိပ်ခြင်း ၊ ထုတ်ဝေခြင်း နှင့် သတင်းအေဂျင်စီ လုပ်ငန်း အသိ အမှတ်ပြု လက်မှတ် (၂၈၉၈)စောင် အားစိစစ် ခွင့်ပြု ပေးခဲ့ပြီးဖြစ်ပါ သည်။
ပုံနှိပ် သက်တမ်းတိုး လျှောက်ထားသူတစ်ဦး အချက်အလက်များ စိစစ်ဆောင်ရွက် ဆဲ ဖြစ် ကြောင်း သတင်း ထုတ်ပြန်အပ်ပါ သည်။
ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment