Tuesday, October 27, 2015

မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ ကြေညာချက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ ကြေညာချက်
နေပြည်တော်၊ အောက်တိုဘာ ၂၇
၁။         တာဝန်အရ ခရီးသွားရန်ရှိသော ဝန်ထမ်းများသည် ခိုင်လုံသောထောက်ခံချက်ဖြင့် သက် ဆိုင်ရာရပ် ကွက်နှင့်ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်ပြပြီး ကြိုတင်ဆန္ဒမဲ ပေးခွင့်တောင်းခံလာပါက ၂၀၁၅ခုနှစ် အောက်တို ဘာလ၂၉ရက်နေ့ မှစတင်၍ စိစစ်ခွင့်ပြုပေး သွားပါမည်။

၂။         ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအသီးသီး၌ တာဝန်ယူကြမည့် မဲရုံအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲရက်တွင် ခရီးသွား ရန် ရှိသူများကို နိုဝင်ဘာလ (၆)ရက် နှင့် (၇)ရက် နေ့များတွင် သက်ဆိုင်ရာရပ်ကွက်နှင့်ကျေး ရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲ ပေးခွင့်ပြုသွားပါမည်။
၃။         မဲဆန္ဒနယ်အတွင်းရှိ မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သော ရောဂါဝေဒနာခံစား         နေရသူများ၊ အသက်အ ရွယ်ကြီးရင့်နေ သူများ၊ သားဖွားနေသူများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံ   တွင်အတွင်းလူနာအဖြစ် ကုသခြင်းခံ နေရသူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်နှစ်ဦးအားစေလွှတ်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရမည်။ ဆန္ဒပြုပြီးသော မဲလက်မှတ်အား စာအိတ်ထဲထည့်ကာ သေချာစွာပိတ်၍ ကော်မရှင်အဖွဲ့ခွဲဝင်နှစ်ဦးအား ပြန်လည် ပေးအပ်ရမည်။
၎။         ဖော်ပြပါ ကြိုတင်ဆန္ဒမဲပေးခြင်းအား ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာရေးအဖွဲ့ များ၊ သတင်းမီဒီယာ အဖွဲ့များနှင့် အခြားစောင့်ကြည့်လေ့လာရန် ဆန္ဒရှိသူများအနေဖြင့် စောင့်ကြည့်လေ့လာခြင်း၊ လိုက်ပါကြည့်ရှုခြင်း ပြု လုပ်နိုင်သည်။
၅။         ကြိုတင်ဆန္ဒမဲပေးပြီးသောလက်မှတ်များအား စာအိတ်ထဲတွင်ထည့်ပြီး သေချာစွာပိတ် ရမည်။ မဲရုံကိုယ်စားလှယ် များအားပြသပြီး လုံခြုံရေးကြိုးဖြင့် ပိတ်ထားသော မဲပုံးအတွင်းသို့ ဆန္ဒမဲလက်မှတ်ပါစာအိတ်များအားထည့်ရမည်။ ၎င်းမဲပုံး အား လူမြင်နိုင်သောနေရာတွင် ထားရှိ စောင့်ကြပ်ထိန်းသိမ်းထားရမည်။
၆။         မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးသူစာရင်းအား ပုံစံ (၁၃) တွင် စာရင်းသွင်းဖော်ပြ    ရမည်။
၇။   ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံမဖွင့်မီ ကြိုတင်ဆန္ဒမဲများထည့်ထားသော မဲပုံးအား ပုံစံ(၁၃)နှင့်တကွ မဲရုံမှူးထံ အပ်နှံရမည်။ လက်မှတ်ရေးထိုးထားသောပုံစံ(၁၃)လေးစောင်တွင် မဲရုံမှူးက လက်မှတ်ရေးထိုးပြီး တစ်စောင်ကိုမဲရုံ တွင်ကပ်၍ တစ်စောင်အား လက်ခံအဖြစ် ထိန်းသိမ်းထားရမည်။ ကျန်နှစ်စောင်အား ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။ ကော်မရှင်အဖွဲ့ခွဲသည် တစ်စောင်ကို ရုံးတွင်ကပ်၍ တစ်စောင်အား လက်ခံအဖြစ် ထိန်းသိမ်းထားရမည်။
၈။         ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံမဖွင့်မီ ပုံစံ(၁၃)နှင့်တကွ အပ်နှံထားသော ကြိုတင် ဆန္ဒမဲများမှအပ မဲရုံသို့နောက် ကျရောက်ရှိလာသော ကြိုတင်ဆန္ဒမဲများအား ပယ်မဲအဖြစ် သတ်မှတ်ရမည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment