Monday, October 26, 2015

တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး အကောင်အထည်ဖော်ရာတွင် နည်းပညာအထောက်အပံ့ ဂျာမနီက ပေးအပ်မည်


ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်များတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် ဂျာမနီနိုင်ငံက အမေရိကန် ဒေါ်လာ ၂၈ သန်းဖိုးရှိ ငွေကြေးနှင့် နည်းပညာအကူအညီများ ပံ့ပိုးပေးမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ဂျာမန်သံရုံး၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရသည်။

ဂျာမနီနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်မည့် လုပ်ငန်းများမှာ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးလက်ဒေသများ၌ လျှပ်စစ်မီးရရှိရေးနှင့် မြန်မာ့မီးရထားကဏ္ဍအဆင့်မြှင့်တင်ရေး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်များအတွင်း ငါး၊ ပုစွန်မွေးမြူရေး၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးနှင့် ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် ယူရို ၂၅၀၀၀၀ ဖိုးရှိ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းနှင့် စားနပ်ရိက္ခာ ဖြည့်တင်းပေးရေးတို့ပါဝင်သည်။ ကျေးလက်ဒေ လျှပ်စစ်မီး ရရှိရေး စီမံကိန်းတွင် အိမ်တိုင်းစေ့ လျှပ်စစ်မီး ရရှိရန် ချေးငွေအဖြစ် ယူရို ၁၃ ဒသမ၇ သန်း ပံ့ပိုးသွားမည်ဖြစ်သည်။
ထို့အတူ တစ်နိုင်ငံလုံးလျှပ်စစ်မီးရရှိရေးစီမံချက် (National Electricity Plan) အကောင်အထည် ဖော်ရာတွင်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသို့ နည်းပညာ အထောက်အပံ့ အတွက် ယူရို ၂ ဒသမ ၅ သန်းကိုပါ ဂျာမနီနိုင်ငံက ပေးအပ်သွားမည်ဖြစ်သည်။ ဖော်ပြပါ အကူအညီများအပြင် ဂျာမန်အစိုးရသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်မှု၊ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေးအတွက် ဆောင်ရွက်ထား ရှိမှုအပြင် ငါး၊ ပုစွန်မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရန် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်များသို့ ယူရို ၂ ဒသမ ၅ သန်း ပံ့ပိုးကူညီရန်လည်း ကတိကဝတ် ပြုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment