Tuesday, October 27, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပခြင်း မပြုလုပ်နိုင်သည့် နယ်မြေများ အားထုတ်ပြန်ကြေညာ



နေပြည်တော် အောက်တိုဘာ ၂၇
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းရှုးမြို့နယ်တစ်မြို့ နယ်လုံး၊ ကျေးသီး မြို့နယ်တစ်မြို့နယ်လုံး၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု(၈)အုပ်စု၊ ဟိုပန်မြို့နယ်ရှိ နမ့်တစ်မြို့မှရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၃၇)အုပ်စုတို့တွင် ရွေးကောက်ပွဲ များကျင်းပခြင်း ပြုမည်မ ဟုတ်ကြောင်း ပြည်ထောင် စုရွေး ကောက် ပွဲကော်မရှင်၏ ကြေညာချက်အမှတ်(၆၇/၂၀၁၅)ဖြင့် ထုတ်ပြန်ထားသည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရွေးကောက်ပွဲကော်မရှင်ရုံး၏ Websibe ဖြစ်သော www.uecmyanmar .org တွင်  ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း  သိရှိရသည်။
(သတင်းစဉ်)


           

No comments:

Post a Comment