Saturday, October 31, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများနှင့် တွေ့ဆုံ အမှာစကားပြောကြား




နေပြည်တော် - အောက်တိုဘာ ၃၁

မည်သည့်နိုင်ငံရေးစနစ်ဖြစ်စေကာမူ တပ်မတော်၏တာဝန်မှာ နိုင်ငံတော် ကာကွယ်ရန် နှင့် နိုင်ငံကပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရန်ပင်ဖြစ် ကြောင်း၊ ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန် အမှန်တကယ် စွမ်းရည်ရှိသောတပ် များဖြစ်ရန်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသောတပ်၊ နိုင်ငံတော်မှ အားထားရသည့်တပ်၊ ပြည်သူက အားကိုးရသည့်တပ်များဖြစ်ရန် မလွဲမသွေ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ မြိတ်မြို့သို့ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင် မြိတ်မြို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင် ခန်းမတွင် မြိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်စိုး၊ တပ်နယ်မှ အရာရှိများ၊ စစ်သည်မိသားစုဝင်များ  တက်ရောက်ကြသည်။
တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်များ စွမ်းရည်ရှိအောင် လုပ်ဆောင်ရာတွင် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံမှုရှိခြင်းသည် အရေးကြီးသည့် လိုအပ်ချက်ဖြစ်ကြောင်း၊  အသေးအဖွဲမှစ၍ မိမိကိုယ်မိမိ ပေါ့ပေါ့ဆဆ နေထိုင်ပြုမူ လုပ်ကိုင်မှုများမရှိစေရန် သတိပေးမှာကြား လိုကြောင်း၊ လုပ်ငန်းတာဝန်နှင့်ပ တ်သက်၍လည်း တာဝန်မဲ့၍ မရကြောင်း၊ အဆင့်အလိုက် မိမိတာဝန်ကို မိမိအလေးအနက်ထား တာဝန်ယူထမ်းဆောင်ကြရန် လိုကြောင်း မှာကြားပြီး NCA လက်မှတ်ရေးထိုးခဲ့မှု အခြေအနေများနှင့် ထာဝရငြိမ်းချမ်း ရေးရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည့် အခြေအနေများ၊ရွေးကောက်ပွဲ  နှင့်ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက်မူဝါဒ သဘောထားများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  တပ်နယ်မိသားစုများ အတွက် သုတရသစာစောင်များနှင့် စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊   ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အားကစားပစ္စည်းများကို လည်းကောင်း ပေးအပ် ကြသည်။   

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြကြောင်း သတင်းရရှိ သည်။

(မြ၀တီ)

No comments:

Post a Comment