Monday, October 26, 2015

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံခြားသတင်းထောက်များ သတင်းရယူနိုင်ရေး ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ



နေပြည်တော်၊ အောက်တိုဘာ ၂၆
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သတင်းရယူနိုင်ရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတကာ သတင်းဌာနများမှ နိုင်ငံခြား သတင်းထောက် များအား (၁)လ သက်တမ်းရှိ ပြည်ဝင်ခွင့်ဗီဇာ ထောက် ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသတင်း ရယူကြမည့် နိုင်ငံခြား သတင်းထောက် များ အနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိ ချိန်တွင် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပေးသော ရွေးကောက်ပွဲ သတင်းရယူခွင့် အသိအမှတ်ပြု ကတ်ပြားကို ထုတ်ယူကြရမည် ဖြစ်ပါသည်။ အဆိုပါ ရွေးကောက်ပွဲသတင်းရယူခွင့် အသိ အမှတ်ပြုကတ်ပြားထုတ်ယူရန် အတွက် မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက် များအသင်း အတွင်းရေးမှူး ဦးသစ္စာလှထွေး ဖုန်း-၀၉၅၀၁၂၉၅၃၊ Gmail- kothit69@gmail.com သို့ ဆက်သွယ်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ရွေးကောက်ပွဲသတင်းရယူခွင့် အသိအမှတ်ပြုကတ်ပြားရရှိ ထားသော နိုင်ငံခြား သတင်းထောက် များ အနေဖြင့် အဆိုပါ အသိအမှတ်ပြု ကတ်ပြားဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ မည်သည့် နေရာ ဒေသမဆို သွားရောက်၍ ရွေးကောက်ပွဲဆိုင်ရာသတင်းများ ရယူနိုင် မည် ဖြစ်ပါသည်။ နိုင်ငံခြား သတင်းထောက်များ အနေဖြင့် ရွေးကောက်ပွဲ ကျင်းပချိန်အတွင်း မဲရုံပရိဝုဏ်အတွင်း ဝင်ရောက် သတင်းရယူလိုပါက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ရွေးကောက် ပွဲကော်မရှင်ရုံးများနှင့် ဆက်သွယ်၍ မဲရုံပရိဝုဏ်အ တွင်းဝင်ခွင့် အသိအမှတ်ပြုကတ်ပြား ရရှိရေး ထပ်မံဆောင် ရွက်ကြရမည်ဖြစ်ပါသည်။ နိုင်ငံခြား သတင်းထောက်များ အနေဖြင့် ရွေးကောက်ပွဲ သတင်းရယူနိုင်ရေးအတွက် လာရောက် ကြရာတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ထောက်ခံပေး ထားသော ပြည်ဝင်ခွင့် ဗီဇာထောက်ခံချက် စာအား တစ်ပါတည်း ယူဆောင်သွားကြရမည်ဖြစ်ပြီး တာဝန်ရှိသူများမှ တိုက်ဆိုင်စစ်ဆေးရာတွင် ပြသပေးကြရ မည် ဖြစ်ပါ သည်။ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များရယူရေး အတွက် ပြည်ဝင်ခွင့်ဗီဇာ ရရှိရေးကိစ္စများနှင့်ပတ်သက်၍ ဆက်သွယ် စုံစမ်း လိုပါ က ပြန်ကြားရေး ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ကျော် ၊ ဖုန်း-၀၆၇၄၁၂၀၀၂ ၊ ၀၉၅၀၃၄၅၀၈၊ Gmail- myintkyaw103@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

No comments:

Post a Comment