Monday, October 26, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သြစတြီးယားနိုင်ငံ အမျိုးသားနေ့ သဝဏ်လွှာများပေးပို့

နေပြည်တော် အောက်တိုဘာ ၂၆

၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ကျရောက်သော သြစတြီးယား သမ္မတနိုင်ငံ၏ နှစ်ပတ်လည် အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ သြစတြီးယားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဟိန့်ဇ် ဖစ်ရှာထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။



အလားတူ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ကျရောက်သော သြစတြီးယားသမ္မတနိုင်ငံ၏ နှစ်ပတ်လည် အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ သြစတြီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဗားနား ဖေးမန်း(န်)ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

No comments:

Post a Comment