Saturday, October 31, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများနှင့် တွေ့ဆုံ အမှာစကားပြောကြား




နေပြည်တော် - အောက်တိုဘာ ၃၁

မည်သည့်နိုင်ငံရေးစနစ်ဖြစ်စေကာမူ တပ်မတော်၏တာဝန်မှာ နိုင်ငံတော် ကာကွယ်ရန် နှင့် နိုင်ငံကပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရန်ပင်ဖြစ် ကြောင်း၊ ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန် အမှန်တကယ် စွမ်းရည်ရှိသောတပ် များဖြစ်ရန်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသောတပ်၊ နိုင်ငံတော်မှ အားထားရသည့်တပ်၊ ပြည်သူက အားကိုးရသည့်တပ်များဖြစ်ရန် မလွဲမသွေ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံ ပုံတောင်နှင့် ဧရာဝတီကျောက်လွှာစုများမှ လေ့လာသုတေသနပြု တွေ့ရှိခဲ့သောပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများ အကြောင်းဟောပြောပွဲကျင်းပခြင်း


 နေပြည်တော် အောက်တိုဘာ ၃ဝ

ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိပုံတောင်နှင့် ဧရာဝတီ ကျောက်လွှာစုများမှ  ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများကိုဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်မှ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များနှင့်ပူးပေါင်း၍ ရှာဖွေသုတေသနပြုလေ့လာတွေ့ရှိချက်များကို အများပြည်သူများ သိရှိနိုင်ရေးအတွက် ဟောပြောပွဲအခမ်းအနားကို ၃၀-၁၀-၂၀၁၅ ရက်နေ့ နံနက် (၉:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိအမျိုးသားပြတိုက် (ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ပင်မဆောင်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်






မန္တလေး အောက်တိုဘာ  ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် နည်းပညာ ပူးပေါင်းဖလှယ်ရေး အစီအစဉ်ဖြင့် တည်ဆောက်ခဲ့သည့် မြန်မာ့သတင်း အချက်အလက် နည်းပညာတက္ကသိုလ် (မန္တလေး)၏ ပင်မ(၆)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်  အဆိုပါ ကျောင်းဆောင်ရှေ့မျက်နှာစာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဖွင့်လှစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ









နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊   ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးဇေယျာအောင်၊ ဒေါက်တာသန်းအောင်၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းဖြင့် ထွက်ခွာပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ သို့ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

၂၀၁၅ခုနှစ်၊ အာရှ BMX စက်ဘီးပြိုင်ပွဲကျင်းပ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား


 




နေပြည်တော်၊ အောက်တိုဘာ ၃၁

အာရှစက်ဘီးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် ၂၀၁၅ ခုနှစ်၊ အာရှ BMX စက်ဘီးပြိုင်ပွဲအား ယနေ့နံနက် (၈)နာရီမှ စတင်၍ နေပြည်တော်၊ Mount Pleasant ဟိုတယ်အနီးရှိ BMX စက်ဘီးပြိုင်ကွင်းအတွင်း ကျင်းပရာ ဖွင့်ပွဲအခမ်းအနားအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၊ အဘိုးဆောင် (ဗလဆောင်) အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ


နေပြည်တော် အောက်တိုဘာ ၃၁

ဖျာပုံမြို့၊ (၁၈)ရပ်ကွက်၊ ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ အဘိုးဆောင်(ဗလဆောင်) အဆောက် အဦသစ် ဖွင့်ပွဲအခမ်းအနားကို  ယနေ့နက်ပိုင်းတွင် အဆိုပါ ဘိုးဘွားရိပ်သာ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် မှာ သက်ကြီးရွယ် အိုများ အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းနှင့် သက်ကြီး သူချင်းကူညီ စောင့်ရှောက်ရေး အဖွဲ့များ အား ထောက်ပံ့ပေးခြင်း လုပ်ငန်းများ အပါအဝင် လူမှုရေး အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်တဲ့ အုပ်စုများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် တဆင့်ပြီးတဆင့် ထောက်ပံ့ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဒုတိယနေ့ အစည်းအဝေး ဆက်လက် ကျင်းပ



သတင်းနှင့်တွေ့ဆုံမေးမြန်း - မြတ်သန္တာမောင်
ဓာတ်ပုံ - အငယ်လေး
ရန်ကုန် အောက်တိုဘာ ၃ဝ
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC) ၏ ဒုတိယနေ့ဆွေးနွေးပွဲတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားများအကြား နှစ်ဖက် လိုက်နာရမည့်အပစ် အခတ်ရပ် စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို နှစ်ဖက်သဘောတူညီမှုရရှိခဲ့သည်ဟု ချင်းအမျိုးသား တပ်ဦး (CNF) မှ ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရုံဖြင့် မပြီးဘဲ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆက်လက် ဆောင်ရွက်ကြရမည်


ြ​နေပြည်တော် အောက်တိုဘာ ၃၀
စစ်မှုထမ်းသက် နှစ်ကာလ များစွာအတွင်း တပ်မတော်မှ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ ပြစ်မှုမ ရှိအောင် နေ ထိုင်ခြင်း၊ ကျန်းမာ ကြံ့ ခိုင်အောင် နေထိုင်ခြင်း၊ ထိုက်သင့်သည့် သင်တန်းများတွင် အရည်အ ချင်း ပြည့်မီအောင်

သာကေတမြို့နယ်၌ ကွမ်းယာဝယ်ယူသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ NLD ပါတီဝင် သုံးဦး တုတ်၊ ဓားများဖြင့် ရန်ပြုခံရ၊ ပြစ်မှုကျူးလွန်သူများ အား ချက်ချင်း ဖမ်းဆီးအရေးယူ ထား၊ ပြစ်မှုကျူးလွန်သူများမှာ မည်သည့်ပါတီဝင်မျှ မဟုတ်ကြောင်း သိရှိရ

 ရန်ကုန် အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မာန်ပြေ (၈) လမ်းထိပ်ရှိ ကွမ်းယာဆိုင်၌ ကွမ်းယာဝယ်ယူရာမှာ စကားများ ရန်ဖြစ်ပြီး အမျိုးသားဒိမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် သုံးဦး တုတ်၊ ဓားများဖြင့် ရန်ပြုခံရသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူများအား ချက်ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

Friday, October 30, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပဲခူးမြို့နယ် မဇင်း ရေလှောင် တမံနှင့် ဆည်မြောင်း နည်းပညာရပ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအား ဖွံ့ဖြိုး တိုးတက်ရေး လေ့ကျင့် ဆောင်ရွက် နေမှုများအား ကြည့်ရှု စစ်ဆေး

နေပြည်တော် အောက်တိုဘာ ၃၀
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဒေါက်တာ သန်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် အောင်ကျော်ဇော၊ ဒုတိယဝန်ကြီးများ၊ တာဝန် ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန် ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် အောက်တိုဘာ ၃၀
၂၀၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ (ပထမအကြိမ်) ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သတင်း ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
သတင်းထုတ်ပြန်ချက်
နေပြည်တော်၊ အောက်တိုဘာ ၃၀
၁။         ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား ကျင်းပ ပြုလုပ်ရာ၌ ရှမ်းပြည်နယ် အတွင်းရှိ မိုင်းရှူးမြို့နယ်နှင့် ကျေးသီး မြို့နယ်တို့အား မြို့နယ် တစ်ခုလုံးစီနှင့် တန့်ယန်းမြို့နယ်၊ ဟိုပန်မြို့နယ်များ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၀) တို့တွင် ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုကြောင်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့၌ ကြေညာချက် အမှတ် (၆၇/ ၂၀၁၅) ဖြင့် ထုတ်ပြန် ကြေညာခဲ့ပါသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ဂျပန်နိုင်ငံအစိုးရမှ နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်များ လှူဒါန်း

နေပြည်တော်  အောက်တိုဘာ ၃၀
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ဂျပန်နိုင်ငံ အစိုးရမှ နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်များ လွှဲပြောင်း လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂  နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI ၊ UNDP ဌာနေ ညွှန်ကြားရေးမှူး Mr. Toily Kurbanov နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာ-တရုတ်-အိန္ဒိယဆက်သွယ်ပေးမည့် တ၀မ်းတံတား


မြစ်ကြီးနား အောက်တိုဘာ ၂၉
ကချင်ပြည်နယ်အတွင်းရှိ မြန်မာ-တရုတ်-အိန္ဒိယဆက်သွယ်နိုင်မည့် မြစ်ကြီးနား၊ နမ္မတီး၊ တနိုင်း၊ ပန်ဆောင်သွား ကားလမ်းမပေါ်၌ တဝမ်းတံတားအရှည် ပေ ၁၂၆ဝ၊ အကျယ် ၂၄ ပေ၊ နှစ်လမ်းသွား တံတား အမျိုးအစားကို ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီအစည်းအဝေး ပထမနေ့ စတင်


ရန်ကုန် အောက်တိုဘာ ၂၉
အစိုးရနှင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား အဖွဲ့အစည်း(၈)ဖွဲ့ပါဝင်သည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ “Joint Monitoring Committee” (JMC) ပထမနေ့ ဆွေးနွေးပွဲကို ယနေ့ စတင်ကျင်းပသည်။

အစိမ်းရောင်စီးပွားရေးလမ်းကြေင်း ပူးပေါင်းလျှောက်လှမ်းမှုမှသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့

ပြင်ပတစ်နေရာမှ ပြန်ရောက်လာသည့် စီးပွားရေး လုပ်ငန်းရှင် ဦးဝင်းနိုင်က ရုံးခန်းတွင်းရှိ ရွေ့လျား လေအေး ပေးစက်ကို အမြင့်ဆုံးသို့မြှင့်သည်။ လေတိုက် အားပြင်းထန်မှုနှင့်အတူ အလုပ်စားပွဲပေါ်မှ ကျောက်စိမ်းဖြင့် ထုဆစ်ထားသည့် ပန်းပုကျွန်းသစ် သဏ္ဌာန်အရာနှင့် ဆင်ရုပ်ကလေးကို ချိတ်ဆက်ထား သောရွှေကြိုးမှ တချွင်ချွင်မြည်သံကို နားစွင့်ရင်း green economy ဆိုတာ အားလုံးနဲ့ သက်ဆိုင်ပါ တယ်။ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ ဖွံ့ဖြိုး တိုးတက်မှုကသာ နိုင်ငံအတွက်၊ ကမ္ဘာအတွက် အောင်မြင်တဲ့ စီးပွားရေး တစ်ရပ်ဖြစ် လာမှာ''ဟု စတင် ဖြေကြားရင်း အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းမှုဆိုင်ရာများ အကြောင်း မြန်မာ့ အလင်း၏ မေးမြန်းချက်ကို စတင်ဖြေကြားသည်။

သဘာဝ အခြေခံဘောဂဗေဒ (သို့မဟုတ်) အစိမ်းရောင်စီးပွားရေး

၂ဝ၁၄ ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးတွင် အာဆီယံ အစိမ်းရောင် စီးပွားရေးဌာန(ASEAN Institute for Green Economy- AIGE) တစ်ခုကို မြန်မာနိုင်ငံ (ရန်ကုန်မြို့)၌ ဖွင့်လှစ် တည်ထောင်နိုင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

Thursday, October 29, 2015

မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင် ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
 မဲဆန္ဒနယ်ပြင်ပ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ကြေညာချက်
 နေပြည်တော်၊ အောက်တိုဘာ  ၂၉
ပြည်တွင်းရှိသက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံသို့တက်ရောက်နေသော အတွင်းလူနာများသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ကြိုတင်ဆန္ဒမဲ ပေးလိုကြောင်း ပုံစံ (၁၅) ဖြင့် လျှောက်ထားလာသဖြင့် သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများက စိစစ်ပြီး  ပုံစံ (၁-၁) ဖြင့် စာရင်းပြုစုထားပြီးဖြစ်ပါသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ၂၀၁၅ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား


နေပြည်တော် အောက်တိုဘာ ၂၉
၂၀၁၅ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သာသနာရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်အမှာစကားပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည် ကြည့်ရှုစစ်ဆေး


နေပြည်တော် အောက်တိုဘာ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဒေါက်တာသန်းအောင်၊ ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈နာရီ ခွဲတွင် အထူးလေယာဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊  အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ် ဆက်ကြသည်။

ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းရန် ဆောင်ရွက်ရမည့် လုပ်ငန်းအတွက် တတိယအကြိမ်ထောက်ပံ့ပေးမည်


နေပြည်တော် အောက်တိုဘာ ၂၈  
ယဉ်ကျေးမှုဝန်ကြီးဌာနသည် ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေးအတွက် ယူနက်စကို၏ အကူအညီ၊ အီတလီနိုင်ငံအစိုးရ၏ ငွေကြေးအထောက်အပံ့တို့ဖြင့် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ပြီးဖြစ်သည်။ ယခုအခါ အီတလီနိုင်ငံ အစိုးရက ကမ္ဘာ့အမွေအနှစ် ပျူရှေးဟောင်း မြို့များနှင့်စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတွက် လည်းကောင်း၊ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတွက်လည်းကောင်း တတိယအကြိမ်အဖြစ် ထပ်မံထောက်ပံ့ ပေးမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တူရကီနိုင်ငံတည်ထောင်သည့်နေ့ သ၀ဏ်လွှာများပေးပို့

နေပြည်တော် အောက်တိုဘာ ၂၉
၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင်ကျရောက်သော တူရကီ သမ္မတနိုင်ငံ တည်ထောင်သည့် (၉၂) နှစ်ပြည့် အခါသမယ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တူရကီသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရီချက် ကာယစ်(ပ) အက်ဒိုဝမ်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တူရကီနိုင်ငံတည်ထောင်သည့်နေ့ သ၀ဏ်လွှာပေးပို့

နေပြည်တော် အောက်တိုဘာ ၂၉

၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ကျရောက်သော တူရကီသမ္မတနိုင်ငံ တည်ထောင်သည့် (၉၂) နှစ်ပြည့် အခါသမယ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံမှ

Tuesday, October 27, 2015

ပြည်ပနိုင်ငံရောက်မဲဆန္ဒရှင်များကြိုတင်မဲပေးခြင်းဆိုင်ရာသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပ




နေပြည်တော်၊ အောက်တိုဘာ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြည်ပနိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင်မဲ ပေးခြင်းဆိုင်ရာ သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခြင်းအ ခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ ကော်မရှင်ရုံးမှတာဝန်ရှိ သူများနှင့် သတင်းမီဒီယာအဖွဲ့ ( ၃၂ ) ဖွဲ့မှ တာဝန်ရှိသူ( ၆၄ )ဦး တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပခြင်း မပြုလုပ်နိုင်သည့် နယ်မြေများ အားထုတ်ပြန်ကြေညာ



နေပြည်တော် အောက်တိုဘာ ၂၇
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းရှုးမြို့နယ်တစ်မြို့ နယ်လုံး၊ ကျေးသီး မြို့နယ်တစ်မြို့နယ်လုံး၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု(၈)အုပ်စု၊ ဟိုပန်မြို့နယ်ရှိ နမ့်တစ်မြို့မှရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၃၇)အုပ်စုတို့တွင် ရွေးကောက်ပွဲ များကျင်းပခြင်း ပြုမည်မ ဟုတ်ကြောင်း ပြည်ထောင် စုရွေး ကောက် ပွဲကော်မရှင်၏ ကြေညာချက်အမှတ်(၆၇/၂၀၁၅)ဖြင့် ထုတ်ပြန်ထားသည်။

မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ ကြေညာချက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ ကြေညာချက်
နေပြည်တော်၊ အောက်တိုဘာ ၂၇
၁။         တာဝန်အရ ခရီးသွားရန်ရှိသော ဝန်ထမ်းများသည် ခိုင်လုံသောထောက်ခံချက်ဖြင့် သက် ဆိုင်ရာရပ် ကွက်နှင့်ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်ပြပြီး ကြိုတင်ဆန္ဒမဲ ပေးခွင့်တောင်းခံလာပါက ၂၀၁၅ခုနှစ် အောက်တို ဘာလ၂၉ရက်နေ့ မှစတင်၍ စိစစ်ခွင့်ပြုပေး သွားပါမည်။

Monday, October 26, 2015

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းအသစ် လျှောက်ထားခြင်း များနှင့် သက်တမ်းတိုးခြင်းများအား ခွင့်ပြုပေးနေမှုအခြေအနေ



ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာ အမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါ သည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့် ခွဲရေးကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် အသစ်လျှောက် ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေအရ ထုတ်ပေးထားသည့် မှတ်ပုံတင် သက်သေခံ လက်မှတ် ရရှိထားသူများ၏ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံခြားသတင်းထောက်များ သတင်းရယူနိုင်ရေး ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ



နေပြည်တော်၊ အောက်တိုဘာ ၂၆
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သတင်းရယူနိုင်ရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတကာ သတင်းဌာနများမှ နိုင်ငံခြား သတင်းထောက် များအား (၁)လ သက်တမ်းရှိ ပြည်ဝင်ခွင့်ဗီဇာ ထောက် ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

ဘားအံမြို့နယ်တွင် ရွေးကောက်ပွဲ၌ အသုံးပြုမည့် ဆန္ဒမဲပုံး၊ မဲလက်မှတ်စာအုပ်နှင့် အခြားဆက်စပ်ပစ္စည်းများ ထုတ်ပေး



ဘားအံ အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အသုံးပြုမည့် မဲပုံး၊ မဲလက်မှတ်နှင့် အခြားဆက်စပ် ပစ္စည်းများအား အောက်တိုဘာလ ၂၃ ရက်နေ့မှစ၍ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများထံ ဖြန့်ဝေ ထုတ်ပေး လျက်ရှိရာ လာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ခုနှစ် အယ်လ်နီညိုရဲ့ ကျယ်လောင်လာတဲ့စိန်ခေါ်သံ




မောင်ထွန်းလွင်(မိုးလေဝသ)

ဂေါ်ဇီလာအယ်လ်နီညို

ရာစုနှစ်ရဲ့ အပြင်းထန်ဆုံးသောအယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းတွင် အရှိန်ယူအစပျိုး နေပြီဖြစ်ပါတယ်။ သေဆုံးသူပေါင်း ၂၁ဝဝ ကျော်နဲ့ အထွေထွေ အရပ်ရပ်ပျက်စီးမှုတန်ဖိုး အမေရိကန် ဒေါ်လာ(၃၃)ဘီလီယံကျော်တဲ့အထိ ထိခိုက်ပျက်စီး သေဆုံးမှုမြင့်မားခဲ့သော ၁၉၉၇-၉၈ အယ်လ်နီညိုဖြစ် ပွားခဲ့ပြီးနောက် ယခု ၂ဝ၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် ဂေါ်ဇီလာအယ်လ်နီညို (Godzilla El Nino)ကို လူအများက စိုးရိမ်ပူပန်လျက်ရှိနေကြပါတယ်။

တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး အကောင်အထည်ဖော်ရာတွင် နည်းပညာအထောက်အပံ့ ဂျာမနီက ပေးအပ်မည်


ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်များတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် ဂျာမနီနိုင်ငံက အမေရိကန် ဒေါ်လာ ၂၈ သန်းဖိုးရှိ ငွေကြေးနှင့် နည်းပညာအကူအညီများ ပံ့ပိုးပေးမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ဂျာမန်သံရုံး၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရသည်။

JICA မှ ကူညီထောက်ပံ့ထားသည့် အဆင့်မြင့်ဓာတ်ခွဲခန်းများတွင် သုတေသနလုပ်ငန်းများစတင်



နေပြည်တော် အောက်တိုဘာ ၂၅

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ JICA မှ ကူညီထောက်ပံ့သည့် အဆင့်မြင့်ဓာတ်ခွဲခန်းဆောင်များ၌ သုတေသန လုပ်ငန်းများ စတင်ပြုလုပ်ရန် ဓာတ်ခွဲခန်းအတွင်း အသစ်တပ်ဆင်ထားသော ခေတ်မီစက်ကိရိယာများ အသုံးပြုပုံနှင့် ပတ်သက်၍ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများ လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သြစတြီးယားနိုင်ငံ အမျိုးသားနေ့ သဝဏ်လွှာပေးပို့

နေပြည်တော် အောက်တိုဘာ ၂၆


၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ကျရောက်သော သြစတြီးယားသမ္မတ နိုင်ငံ၏ နှစ်ပတ်လည် အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံမှ သြစတြီးယားသမ္မတနိုင်ငံ၊ ဥရောပပေါင်းစည်းရေးနှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆေဘတ်စကီ ယန် ကတ်ဇ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သြစတြီးယားနိုင်ငံ အမျိုးသားနေ့ သဝဏ်လွှာများပေးပို့

နေပြည်တော် အောက်တိုဘာ ၂၆

၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ကျရောက်သော သြစတြီးယား သမ္မတနိုင်ငံ၏ နှစ်ပတ်လည် အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ သြစတြီးယားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဟိန့်ဇ် ဖစ်ရှာထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

Sunday, October 25, 2015

ခွဲစိတ်အထူးကုဆေးရုံကြီး တိုးချဲ့(၅)ထပ်လူနာဆောင် ပန္နက်တင်



ရန်ကုန်  အောက်တိုဘာ ၂၅

ရန်ကုန်မြို့ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး၏ တိုးချဲ့ (၅)ထပ် လူနာဆောင်နှင့် အထူးကုဆရာဝန်အိမ်ရာအဆောက်အဦများ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံကြီး၌ ကျင်းပရာ မင်္ဂလာ အချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်၊ ကျန်းမာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်သန့်၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ နေစိုးမောင်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ အေးအောင် တို့က သတ်မှတ်နေရာများတွင် ပန္နက်တင်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ယခုဆောက်လုပ်မည့်တိုးချဲ့ (၅)ထပ် လူနာဆောင် အလျား (၂၁၅)ပေ၊ အနံ (၇၀)ပေ၊ အမြင့် (၇၀)ပေရှိပြီး မြေညီထပ်တွင် ပြင်ပလူနာဌာန၊ အရေးပေါ်ဌာန၊ MRI ဓာတ်မှန်ခန်း၊ ပထမထပ်တွင် လူနာဟောင်းစမ်းသပ်ခန်း၊ မှန်ပြောင်းကြည့်ခန်း၊ ဒုတိယထပ်တွင် စာသင်ခန်း၊ သီးသန့်လူနာခန်း၊ တတိယထပ်တွင် အတွင်းလူနာဆောင်များ ပါဝင်ပြီး၊ စတုတ္ထထပ်တွင် ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်တို့ပါဝင်ပြီး၊ ဓါတ်လှေခါး (၃)စင်း ထည့်သွင်းတည်ဆောက်ထားသည့် RC အမျိုးအစား အဆောက်အဦဖြစ်သည်။

မြန်မာ့ပြု ပြင် ပြောင်းလဲမှုပုံရိပ်များ DVD မှတ်တမ်းခွေ ဝယ်ယူရရှိနိုင်


နေပြည်တော် အောက်တိုဘာ ၂၄
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူး ထုတ်လုပ် ထားသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ မြန် မာ့ ပြုပြင်ပြောင်းလဲမှု ပုံရိပ်များ အစီအစဉ်အား အောက်တိုဘာ ၂၃ ရက်တွင် ပြန်ကြားရေး ဝန်ကြီး ဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဇာတ်ကား အဆင့်အတန်း သတ်မှတ်ရေး စိစစ်အကဲဖြတ် အဖွဲ့ အမှတ်စဉ် (၉၂၆/၂၀၁၅)ဖြင့် ဗီဒီယို လေဆာဓာတ်ပြား စီးပွားရေး လုပ်ငန်းသုံး အဖြစ် ပြသခွင့်ပြုပြီးဖြစ်သည်။

Saturday, October 24, 2015

နေပြည်တော်သို့ ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက် အရောက် သတင်းပို့ကြရန်

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ တနင်္လာနေ့ နံနက် ၁၀ နာရီအချိန်တွင် စတင် ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာ များကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

နေပြည်တော် အမျိုးသားလွှတ်တော် ရုံးသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ သတင်းပို့ကြရန်

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ တနင်္လာနေ့ နံနက် ၁၀ နာရီအချိန်တွင် စတင် ကျင်းပရန် အမျိုးသားလွှတ်တော်ဥက္ကဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း

အမျိုးသားလွှတ်တော်
ကြေညာချက်အမှတ် (၅/၂၀၁၅)
၁၃၇၇ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၁၁ ရက်
(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်)
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း

ပြည်ထောင်စုလွှတ်တော်ရုံး
ကြေညာချက်အမှတ် (၃/၂၀၁၅)
၁၃၇၇ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၁၁ ရက်
(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်)
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း

ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း

ပြည်သူ့လွှတ်တော်
ကြေညာချက်အမှတ် (၄/၂၀၁၅)
၁၃၇၇ ခုနှစ် ၊ သီတင်းကျွတ်လဆန်း ၁၁ ရက်
(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်)
ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၇၀) ကြိမ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား


နေပြည်တော် အောက်တိုဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (MICC 2) ၌ ကျင်းပ သည့် (၇၀) ကြိမ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည် ။

ပြောလည်း ပြောချင်တယ်၊ ပြောလည်း မပြောရဲဘူး

ခံစားမှုအတိုင်း အချင့် မြှင့်တင်နိုင်လေမှ
ဆူဒိုနင်
လူတွေ ရှိနေလေသမျှ ဘယ်တော့မှ မရိုးနိုင်တဲ့ အကြောင်းအရာ
အစကတော့ ၂၀၀၂ ခုနှစ် ဇန်နဝါရီလ၊ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော် ၁၄ နီးပါးတုန်းက ရေးခဲ့တဲ့ "ပါးစပ်နဲ့လူ နားရွက်နဲ့လူ" ဆိုတဲ့ စာမူလေးကို ကြေးမုံ ပရိသတ်အတွက် အစအဆုံး ပြန်ဖော်ပြဖို့ စိတ်ကူး လိုက်မိသေးတယ်။ ပြန်ဖတ် ကြည့်တော့လည်း ၁၄ နှစ် နီးပါး ကြာသွားခဲ့ပေမယ့် ယနေ့ ခေတ်ကာလနဲ့ ကိုက်ညီနေဆဲပါပဲ။ ဒါပေမယ့် အဲလို အဟောင်းကို အသစ်ပြန်လုပ်ရမှာ စိတ်က မပါချင်တော့ဘူး။ ဒါနဲ့ အသစ်ပဲ ရေးတော့မယ်လို့ စိတ်ကူးမိရပါတယ်။

Friday, October 23, 2015

နိုင်ငံတော် သမ္မတဦးသိန်းစိန် မြို့ကြီး ရေလှောင်တမံ ဘက်စုံစီမံကိန်းနှင့် မိတ္ထီလာ (မြောက်)ကန်သို့ ကြည့်ရှု စစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ ရှမ်းပြည်နယ် ရွာငံမြို့နယ်ရှိ မြို့ကြီး ရေလှောင်တမံ ဘက်စုံစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဒေသခံ ပြည်သူများက ကြိုဆိုကြရာ နိုင်ငံတော် သမ္မတက ရင်းရင်းနှီးနှီး ပြန်လည် နှုတ်ဆက်သည်။

ရွေးကောက်ပွဲ ကာလ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများသည် ၁၉၆၁ ဗီယင်နာ ကွန်ဗင်းရှင်းပါ အိမ်ရှင်နိုင်ငံ ပြည်တွင်းရေးနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို လေးစား လိုက်နာရန် လိုအပ်

နေပြည်တော် အောက်တိုဘာ ၂၃
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့သည် ရန်ကုန်အခြေစိုက်နှင့် မြန်မာနိုင်ငံ၌ သံတမန်ပူးတွဲ တာဝန် ထမ်းဆောင်လျက် ရှိသော သံတမန်အဖွဲ့၊ မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတကာမှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ကိုယ်စားလှယ် များအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ တွေ့ဆုံ သည်။

၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်ရန် ပုံစံ (၃-က) ဖြင့် လျှောက်ထားလာမှု အခြေအနေအား သတင်းထုတ်ပြန်ခြင်း

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ  ၂၃  ရက်
၁။         ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၁၀ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များအား မိမိတို့၏ အမြဲတမ်း နေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက် ခံသော လွှတ်တော် ကိုယ်စားလှယ် လောင်းများကို ဆန္ဒမဲ ပေးနိုင်ခွင့်ရရှိစေရေး အတွက် ၁၀.၁၀.၂၀၁၅ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ ပုံစံ (၃-က)ဖြင့် လျှောက်ထား သွားကြရန် ၁၀.၇.၂၀၁၅ ရက်စွဲပါ ကြေညာချက် အမှတ် (၃၄/၂၀၁၅) ဖြင့် ထုတ်ပြန် ကြေညာခဲ့ ပါသည်။

ရှပ်ပုံကျေးရွာတွင် ဓမ္မစကူးလ် ကျောင်းသို့ ကျောင်းသား/သူ ၅၅၀ တက်ရောက်သင်ကြား



ပုလော အောက်တိုဘာ ၂၂
ကျောင်းသားလူငယ်လေးများကို လိမ္မာယဉ်ကျေးမှုရှိစေရန်နှင့် အမျိုးသားရေး စိတ်ဓာတ်ရှိစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပုလော မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ဘုန်းတော်ကြီးကျောင်းများတွင် ဆရာတော်၊ သံဃာတော်များနှင့် လူငယ်များ ပေါင်းစပ်ကာ ဓမ္မစကူးလ် သင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကမ္ဘာ့ဘဏ်မှ မြိတ်တွင် လာရောက်ဆွေးနွေး




မြိတ် အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အပံ့ပေး ရန်နှင့် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကို အောက်တိုဘာလ(၂၂)ရက် နံနက်(၁၁း၃၀)နာရီက GRAND JADE ဟိုတယ် အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

မြန်မာနိုင်ငံဘေးအန္တရာယ် ထိခိုက်ခြေ လျော့ချရေးစီမံချက် အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ



ထားဝယ် အောက်တိုဘာ ၂၂
ဝေါလ်ဗီရှင်မြန်မာမှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်များတွင် ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာ ချထားရေး ဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်မည့် မြန်မာနိုင်ငံ ဘေးအန္တရာယ် ထိခိုက်ခြေလျော့ချရေး စီမံချက် အသိပညာပေး ဆွေးနွေးခြင်း၊ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည်။