Saturday, August 29, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းရန်ကုန်မြို့ ကန်တော်ကြီးရေပြင်၌ စက်လှေများဖြင့်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြသမှု၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံး ဖွင့်လှစ်ထားရှိမှုနှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ ကမ်းထိန်း ကျောက်စီမြေနံရံဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ရေဘုတ်ရေလှောင်တမံအကူ ရေပိုလွဲတည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး



ရန်ကုန် - ဩဂုတ် ၂၉
အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ပြည်ထောင်စု ဝန်ကြီးဦးကျော်လွင်၊  ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝဥယျာဉ်သို့ေ ရာက်ရှိပြီး ကန်တော်ကြီး ရေပြင်၌ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ရှာဖွေ ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ  လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ဒုတိယသမ္မတက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများအား သဘာဝဘေးအန္တရာယ် များကြုံတွေ့ခဲ့ပါက ဘေးသင့်ဒေသရှိ ပြည်သူများကို ဘေးကင်းလုံခြုံသည့် နေရာသို့ရွေ့ပြောင်းခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း နှင့် အရေးပေါ်ပစ္စည်း များထောက်ပံ့ပေးခြင်းများကို အလျင်အမြန်တုန့်ပြန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အတတ်ပညာကျွမ်းကျင်မှုများလိုအပ်သည့်အတွက် ဖွဲ့စည်းခြင်း၊ လေ့ကျင့်ခြင်း၊ သရုပ်ပြဇာတ် တိုက်ခြင်း၊ ပြန်လည်ဆန်းစစ်မှုနှင့် အကဲခတ်မှုများ ဆောင်ရွက်ခြင်းနှင့် သုံးသပ်ပြုပြင် ဆောင်ရွက်ခြင်းတို့ကို အစီအစဉ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထိုမှတစ်ဆင့်   ဒုတိယသမ္မတနှင့်အဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း ဘုရားလမ်းရှိ ရန်ကုန်တိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံး၌ ဖွင့်လှစ် ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ကုန်(ရုံးခွဲ)နှင့် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်း ကော်မတီ  ရန်ကုန်(ရုံးခွဲ) ဖွင့်လှစ်ထားရှိမှုနှင့် ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ကုန်(ရုံးခွဲ) ဧည့်ခန်းမ၌  တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းထား ရှိမှု၊ ဘေးသင့်ဒေ သများသို့ အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်မှုအခြေအနေများနှင့်စပ်လျဉ်း၍ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယသမ္မတက ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း ထားသည့်ပစ္စည်းနှင့် အလှူငွေများကို စနစ်တကျ မှတ်တမ်းထားဆောင်ရွက်ရေး၊ ဘေးသင့်ဒေသများသို့ အချိန်နှင့် တစ်ပြေးညီ လက်ရောက် ဖြန့်ဝေပေးနိုင်ရေး၊ ကြီးကြပ်ရေးအဖွဲ့များတွင် ရပ်ရွာမှ လေးစား ကြည်ညိုသူများ အဖွဲ့ဝင်အဖြစ်ပါဝင်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေး၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြီးပေါင်းစပ်ညှိနှိုင်းဆောက်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ရန်ကုန်မြို့မရမ်းကုန်းမြို့နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးမှူးရုံး၌ ဖွင့်လှစ်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ကုန်(ရုံးခွဲ)နှင့် ပြန်လည် ထူထောင်ရေး ဗဟိုကော်မတီ ရန်ကုန်(ရုံးခွဲ)သို့  ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် စေတနာရှင် အလှူရှင်ပြည်သူများက ဩဂုတ်(၂)ရက်မှ (၂၈)ရက် အထိ စုစုပေါင်း မြန်မာငွေကျပ် (၄၃၂၇၂၃၇၀၀)၊ ထိုင်းဘတ်ငွေ (၁၁၃၉၅၅)၊ မလေးရှားရင်းဂစ်(၂၀၀၀)နှင့် အမေရိကန် ဒေါ်လာ (၅၅၈၃၀) တို့ကို လည်းကောင်း၊ စားသောက်ကုန်နှင့် လူသုံးကုန်အပါအဝင် ပစ္စည်း အမယ်စုံ တန်ချိန်(၃၈၉) တန်ကို လည်းကောင်း လာရောက်လှူဒါန်းခဲ့ကြသည်။ 
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိသည်။
ယင်းနောက် လှိုင်းဘွဲ့မြို့၊ မြို့မပရိယတိစာသင်တိုက်ဆရာတော် အမှူးပြုသောဆရာတော် သံဃာတော်များအား ဖူးမျှော်ကြည်ညိုပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် လှိုင်းဘွဲ့မြို့ ကမ်းထိန်းကျောက်စီမြေနံရံဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ရေဘုတ်ရေလှာင်တမံ အကူရေပိုလွဲ တည်ဆောက်ခြင်းလုပ်ငန်း များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ထီးလုံကျေးရွာတွင် ကျင်းပပြုလုပ်သည့် မိုးစပါး အထွက်နှုန်းတိုးတက်ရေးအတွက် ဓါတ်မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ သို့ တက်ရောက်ပြီး မောခီး ကျေးရွာအတွက် စပါးချွေလှေ့စက်(၁)စီး၊ ရှမ်းရွာသစ်မြို့၊ မဲသမူကျေးရွာ အုပ်စုအတွက်လက်တွန်း ထွန်စက်(၁)စီး၊ ထီလုံကျေးရွာ၊ သမာန်နှင့်နောင်သငဲ့ ကျေးရွာတို့ရှိ မိုးစပါးစိုက်ခင်များအတွက် ဓါတ်မြေဩဇာနှင့်ရွက်ဖြန်းမြေဩဇာများကို  တောင်သူများထံ ထောက်ပံ့ပေး အပ်ပြီး တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားသည်။ ဆက်လက်၍ လှိုင်းဘွဲ့မြို့၊ ထီလုံကျေးရွာရှိ ဦးရာမူး၏စပါးစိုက်ခင်းတွင် စုပေါင်းမြေဩဇာ ကြဲပက်နေမှုကို ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် နယ်မြေခံတပ်မ ဧည့်ရိပ်သာတွင် ဒုတိယသမ္မတအား ကရင်ပြည်နယ် ခေတ္တဝန်ကြီးချုပ်က သဘာဝဘေး အန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ဆောင်ရွက်ထားမှု၊ မြစ်ရေကြီး မှုကြောင့် ကယ်ဆယ်ရေးစခန်း များဖွင့်လှစ်ဆောင်ရွက်မှု၊ လမ်းတံတားများပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ပြင်ဆင်ထားမှု၊ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု၊ မိုးစပါးအပါအဝင်စိုက်ပျိုးရေးအထောက်အကူပြုပစည်များ ထောက်ပံပေး အပ်မှု၊ တိရိစာန်ဆေးဝါးနှင့် အစားအစာများထောက်ပံ့ပေးအပ်မှု၊ ပြည်တွင်း^ပြည်ပမှ အလှူလက်ခံရရှိမှု အခြေအနေများနှင့် ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ကရင်ပြည်နယ်သည် နှစ်စဉ် ရေကြီး ရေလျံမှုများ ဖြစ်ပွားခဲ့ရာတွင် ယခင်နှစ်က ရေကြီးရေလျံမှု လျော့နည်းစေရေး ကြိုတင်စီမံဆောင် ရွက်ခဲ့မှုကြောင့် ယခုနှစ် ရေကြီးရေလျံမှုဖြစ်ပွားချိန်တွင် သဘာဝဘေးအန္တရာယ် ကျရောက်မှု လျော့ပါးသက်သာခဲ့ကြောင်း၊သဘာဝဘေးအန္တရာယ်များသည် နေရာဒေသမရွေး အချိန်ကာလ၊ လုပ်ငန်း ကဏ္ဍနှင့် ဆင်းရဲ ချမ်းသာခွဲခြားသတ်မှတ်ထား ခြင်းမရှိဘဲ အရာအားလုံး အပေါ်တစ်ပြေးညီ ကျရောက်တတ် သည့် အတွက် သဘာဝဘေး အန္တရာယ်လျော့ ပါးရေးလုပ်ငန်းများသည် အားလုံးနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သည်ကို လက်ခံထားရမည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လေ့လာသုံး သပ်ကြိုတင်ပြင် ဆင်ထားရှိပြီး မိမိတို့နေထိုင်ရာ ဒေသများတွင် သဘာဝ ဘေးခုခံ နိုင်စွမ်းအား ကို မြှင့်တင်ထား ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဆောင်ကာ နိုင်ငံတော်ဖွံ့ဖြိုးမှု အတွက် ဘက်စုံ ကဏ္ဍစုံ ပြောင်းလဲ၍ အရှိန်အဟုန်ဖြင့်အကောင်အထည် ဖော်ဆောင်ရွက်နေသည့် အချိန်တွင်  နိုင်ငံကို ရိုက်ခတ်လာသော သဘာဝဘေးအန္တရာယ်များသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို နှောင့်နှေးပျက်စီးစေပြီး ပြန်လည်ထူ ထောင်မှုများ ပြုလုပ်ရာတွင်လည်း အချိန်အား၊ ငွေအားနှင့် အရင်းအမြစ် အင်အားများကို အမြောက်အများ အသုံးပြု ရကြောင်း၊ ဘေး အန္တရာယ်ဖြစ်ချိန်မှ ချက်ချင်းစီမံ ဆောင်ရွက်ခြင်းထက် သဘာဘေးဒဏ်မှ လျော့ပါးသက်သာ စေရန် ကြိုတင်ပြင် ဆင်ခြင်းသည်သာ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါကြောင်း  ပြောကြားသည်။


No comments:

Post a Comment