Friday, August 28, 2015

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ သဘာဝဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများ ပေးပို့လှူဒါန်း


နေပြည်တော် သြဂုတ် ၂၈
သဘာဝ ဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ထောက်ပံ့ ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် Ilyushin- 76 လေယာဉ် ၂ စီးဖြင့် နေပြည်တော်လေဆိပ်သို့ လာရောက် လှူဒါန်းသည်။



တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ပထမ လေယာဉ် သည် နံနက် ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိပြီး ဒုတိယလေယာဉ်သည် နံနက် ၈နာရီ မိနစ် ၂၀ တွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိသည်။ ထို့နောက် ထောက်ပံ့ပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲကို ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နေပြည်တော်တိုင်း စစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ စစ်သံမှူးနှင့် သံရုံးမှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ လေယာဉ် အဖွဲ့သား များ တက်ရောက်ကြသည်။
ယင်းနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ မြန်မာနိုင်ငံအတွင်း သဘာဝဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် ပေးပို့လှူဒါန်းသော ထောက်ပံ့ ပစ္စည်းများကို တရုတ်သံအမတ်ကြီးက လွှဲအပ် ပေးအပ်ရာ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က လက်ခံရယူသည်။
(မြ၀တီ)

No comments:

Post a Comment