Sunday, August 30, 2015

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုညစာတည်ခင်း




နေပြည်တော် သြဂုတ် ၂၉
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Dusit Thani  Hotel ရှိ Napalai  Ballroom ၌ သြဂုတ် ၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင် ထိုင်းနိုင်ငံ ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Worapong  Sanganetra က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့်ဇနီးတို့တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့်ဇနီးများ တက်ရောက် ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ညစာ စားပွဲသို့ တက်ရောက်လာကြသော နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများနှင့် အမှတ်တရစုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ထိုင်းဘုရင့်တပ်မတော်မှ တေးဂီတအဖွဲ့နှင့် ထိုင်းရိုးရာယဉ် ကျေးမှုအ ကအဖွဲ့များက တေးသီချင်းများ၊ ရိုးရာအက များဖြင့် ကပြဖျော်ဖြေကြသည်။
ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် General  Worapong  Sanganetra နှင့်ဇနီးတို့သည် အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေး အပ်ကြသည်။
 (မြ၀တီ)

No comments:

Post a Comment