Friday, August 28, 2015

ရေဘေးသင့်ဒေသများသို့ လေယာဉ်များဖြင့် ကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်ထောက်ပံ့

နေပြည်တော် သြဂုတ် ၂၈

သဘာဝဘေးအန္တရာယ် ကြုံတွေ့နေ့ရသည့် ရေဘေးသင့်ဒေသရှိ ပြည်သူများ ထံသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်နိုင်ရန် ပြည်တွင်းလေကြောင်းလိုင်း များမှ လေယာဉ်များဖြင့် ဆက်လက်ပေးပို့လျက်ရှိသည်။


ထိုသို့ပို့ဆောင်လျက်ရှိရာ ယနေ့တွင် မြန်မာအမျိုးသားလေကြောင်းနှင့် ကမ္ဘောဇ လေကြောင်းမှ လေယာဉ်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးလေဆိပ်သို့ ခေါက်ရေ(၃)ခေါက်ဖြင့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ဖြစ်သော ဆန်၊ အ၀တ်အထည်၊ အိုးခွက်ပန်းကန်၊ စားစရာ၊ ဆေးနှင့်အသက်ကယ်အင်္ကျီများကို ပေးပို့ခဲ့ သည်။


ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းခဲ့မည့် ရွက်ဖျင်တဲ၊ စောင်နှင့် လျှပ်စစ်မီးအားပေးစက်များပါဝင်သော စုစုပေါင်း ကုန်တန်ချိန်(၁၆၂ ဒသမ ၁၈၇၃၉)အနက်မှ ယနေ့တွင် (၅၄ ဒသမ ၆၂)တန်ကို တရုတ် တပ်မတော်မှ (IL-76)လေယာဉ် ခေါက်ရေ(၂)ခေါက်ဖြင့် နေပြည်တော်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ပို့ဆောင်ပြီးဖြစ်ရာ ရေဘေးသင့်ဒေသများသို့ ဆက်လက် ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment