Friday, August 28, 2015

မိုးပွင့် အထူးစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

မိုးကောင်း သြဂုတ် ၂၇

၂၀၁၅-နိုဝင်ဘာ ရွေးကောက်ပွဲအမီ မဲဆန္ဒပေးရန်အတွက် အသက်(၁၈)နှစ် ပြည့်မီလာသူများနှင့် ခရီးလွန်ကျန်ရှိနေသူများအား စိစစ်ရေး ကတ်ပြားပြုလုပ်ရန်အတွက် မိုးကောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက မိုးပွင့် အထူးစီမံချက်ကာလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
 
အဆိုပါဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ သြဂုတ်လ ၂၇ ရက် ညနေ(၃)နာရီက ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
ဆက်လက်၍ မိုးညှင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မြင့်က နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ကျွန်းတော ရပ်ကွက်အားလည်းကောင်း၊ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုးနွယ်က ဆားမှော်ကျေးရွာအုပ်စုကိုလည်းကောင်း၊ မဲဆန္ဒနယ်အမှတ် (၂) မှ ဦးကျော်မြင့်က ကညင်မြိုင်ကျေးရွာအုပ် စုကို လည်းကောင်း၊ ခရိုင်ဦးစီးဌာနမှူးက တောင်နီကျေးရွာအုပ်စုကို လည်းကောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်က ထုံးရေပေါက် ကျေးရွာ အုပ်စုအားလည်းကောင်း ဆောင်ရွက်ပြီးသော နိုင်ငံသား စိစစ်ရေးကတ်ပြားများ အသီးသီး ပေးအပ်ခဲ့ကြသည်။

မိုးကောင်း ပြန်/ဆက်

No comments:

Post a Comment