Friday, August 28, 2015

ဒဂုံတက္ကသိုလ်အားကစားနှင့် ပညာရေးလှုပ်ရှားမှုများ ဆောင်ရွက်



ရန်ကုန် သြဂုတ် ၂၈

၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဒဂုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ နေ့သင်တန်း တက် ကျောင်းသား ကျောင်းသူများ၏ မီနီမာရသွန် (ကျား၊မ)ပြိုင်ပွဲကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံတက္ကသိုလ်၌ ကျင်းပသည်။


အားကစားပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းအလိုက် အထူးဆု၊ တတိယဆု၊ ဒုတိယဆု၊ပထမဆုများနှင့် ဘာသာရပ်အလိုက် တံခွန်စိုက်ဒိုင်းဆုများ ရရှိကြသော ကျောင်းသားကျောင်းသူများကို ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ (ဌာနမှူး) များက ပေးအပ်ခဲ့ကြသည်။

အလားတူ ကုန်ထုတ်ဓါတုဗေဒဌာန၏ ယခုပညာသင်နှစ်အတွင်း ထူးချွန် ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆု ပေးအပ်ပွဲနှင့် သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများအား ဂုဏ်ပြု ပူဇော်ပွဲကို ဒဂုံတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပခဲ့ကြသည်။


(ပညာရေး)

No comments:

Post a Comment