Saturday, August 29, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အစည်းအဝေးကျင်းပမှုအား တက်ရောက်အားပေး


နေပြည်တော်- သြဂုတ် ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် လွှတ်တော် အဆောက်အအုံ၊ လွှတ်တော်ရေး ရာဆောင်အမှတ်(အိုင်-၂) ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်း ကော်မတီ၌ ကျင်းပပြုလုပ်လျက်ရှိသော အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ ဥပဒေကြမ်း ညှိနှိုင်း အစည်းအဝေး ကျင်းပမှုအား တက်ရောက်အားပေးသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်များ ရပ်နားခဲ့သော်လည်း ကျန်ရှိနေသောဥပဒေများကို ဆက်လက်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ဥပဒေကြမ်း ကော်မတီအနေဖြင့် အစည်းအဝေးများ ဆက်လက်ကျင်း ပမည်ဟု သိရှိရသည့် အတွက် ယခုကဲ့သို့ လာရောက်အားပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အတွင်းရေးမှူး ဦးစောလှ ထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော် မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး တို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

No comments:

Post a Comment