Friday, August 28, 2015

ထိုင်းတက္ကသိုလ်မှ မြန်မာစာသင်ကျောင်းသားများ သင်တန်းဆင်း



ရန်ကုန် သြဂုတ် ၂၈

ထိုင်းနိုင်ငံ Kamphaeng Phet Rejabhat University (KPRU)မှ ဒဂုံတက္ကသိုလ်၌ မြန်မာစာလာရောက်သင်ကြားသော ကျောင်းသားကျောင်းသူများ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလှဌေးက အမှာစကား ပြောကြားပြီး မြန်မာစာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာပပခိုင်ဦးက မြန်မာစာသင်ကြား ပေးခဲ့မှုများအကြောင်းကို ရှင်းလင်းတင်ပြသည်။

ထို့နောက် (KPRU)တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ (၁၀)ဦးအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက မြန်မာစာသင်တန်းဆင်းလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး သင်တန်းကာလမှာ (၂၁) ရက် ကြာမြင့်ခဲ့သည်။


ဒဂုံတက္ကသိုလ်သည် နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ ရေးထိုးပြီးနောက် နိုင်ငံခြား တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများ အနေဖြင့် မြန်မာစာလာရောက်သင်ကြားရာတွင် (KPRU) တက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်ပြီး နိုင်ငံခြားသားကျောင်းသားများအနေဖြင့် မြန်မာကျောင်းသားများနှင့် ကျောင်းသင်ဘာသာရပ်များအပေါ် အမြင်ချင်းဖလှယ်၍ မြန်မာ့ယဉ်ကျေးမှုဓလေ့များကိုလည်း သင်ယူလေ့လာ ခဲ့ကြသည်။

No comments:

Post a Comment