Friday, August 28, 2015

ရေဘေးသင့် ပြည်သူများ အတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ အလှူငွေနှင့် ပစ္စည်းများ ပေးအပ် လှူဒါန်းလျက်ရှိ

နေပြည်တော် ဩဂုတ် ၂၇
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများကို နေပြည်တော်ရှိ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ တိုင်းဒေသကြီး။ ပြည်နယ် ဦးစီးမှူးရုံးများသို့ လာရောက် လှူဒါန်းလျက်ရှိရာ ဩဂုတ် ၂၇ ရက်တွင် နေပြည်တော် (ရုံးချုပ်)၊ အလှူခံဌာန၌ မန်စီမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနှင့်ဇနီး ဒေါ်ဝေဝေ (မိသားစု)က ငွေကျပ်သိန်း ၁ဝဝ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ ဝန်ထမ်းများက ငွေကျပ် ၅၁၁၉၁ဝဝနှင့် ဒေါ်စန်းစန်းဝင်း၊ သစ်တောဝင်း၊ မှော်ဘီက ငွေကျပ် ၁ဝဝဝဝဝ ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် အလှူငွေစာရင်း အမှတ် (CF-002301)သို့ တိုက်ရိုက် ထည့်သွင်း လှူဒါန်းခဲ့ခြင်း အပါအဝင် စုစုပေါင်း မြန်မာငွေကျပ် ၁၅၂၁၉၁ဝဝ ကို အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်၊ အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။


ဩဂုတ် ၂၇ ရက်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး၌ ငွေကျပ် ၁၇၈ဝဝဝဝ လက်ခံရရှိသည့် အတွက် ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၂၇ ရက်ထိ အလှူရရှိငွေ စုစုပေါင်းမှာ ကျပ် ၁၈၈၁၈၄၄၃၇၂၊ အမေရိကန် ဒေါ်လာ ၁၂၃၃၃၁၅.၂၆၊ ထိုင်းဘတ် ၁၆၈၀၅၅၊ မလေးရှားရင်းဂစ် ၂ဝဝ၀၊ တရုတ်ယွမ် ၉၁ဝဝ၊ ယူရို ၄၂၀၊ ဂျပန်ယန်း ၉၆ဝဝ၀ ဖြစ်ပြီး အဆိုပါ လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများကို ရေဘေးသင့် ပြည်သူများသို့ ထောက်ပံ့လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment