Friday, August 28, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဂျပန်အာကာသယာဉ်မှူးအား လက်ခံတွေ့ဆုံ




နေပြည်တော် သြဂုတ် ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် အာကာသစူးစမ်းလေ့လာရေးအသင်း ဥက္ကဋ္ဌနှင့် Japan Aerospace Exploration Agency (JAXA) ဂျက်ဆာအာကာသယာဉ်မှူးအဖွဲ့၏ အကြီးအကဲဖြစ်သူ ဂျပန်အာကာသယာဉ်မှူး Mr. Soichi Noguchi အား ယနေ့နံနက်(၉)နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ဂြိုလ်တုမှ စောင့်ကြည့်လေ့လာ၍ အချိန်မီသိရှိနိုင်ရန် ကူညီဆောင်ရွက်နေမှု၊ ဂျပန်အမျိုးသား အာကာသ ဖွံ့ဖြိုးရေး အေဂျင်စီနှင့် မြန်မာနိုင်ငံ အကြား အာကာသစူးစမ်းလေ့လာရေး ပညာရပ်များတွင် ရေရှည်ပူးပေါင်း ဆောင်ရွက်ရေး၊ အာကာသနည်းပညာဆိုင်ရာ ဗဟုသုတများရရှိရန် သင်တန်းများ၊ ဟောပြောပွဲများအပြင် ရေရှည်အစီအမံများ ချမှတ်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၊ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ဒေါက်တာစန်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

No comments:

Post a Comment