Friday, August 28, 2015

အောင်လံမြို့နယ်တွင် နယ်မြေကွင်းဆင်း ဆေးကုသခြင်းလုပ်ငန်းဆောင်ရွက်


အောင်လံ သြဂုတ် ၂၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင်  နယ်မြေကွင်းဆင်း  ဆေးကုသခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သြဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေ ၀င်ရောက်ခဲ့သော    နံဇူပင်နှင့် ပျဉ်းပေါက်ရွာတို့အတွက် ဆေးကုသခြင်းလုပ်ငန်းများကို နံဇူပင်/ပျဉ်းပေါက်ကျေးရွာ ရွာလည်ကျောင်းတွင်   ပြုလုပ် ဆောင်ရွက် ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်မှ ဦးဆောင်၍ မြို့နယ်ဆရာဝန် ဒေါက်တာမျိုးလွင် ၊ ပြလို့တိုက်နယ်ဆရာဝန် ဒေါက်တာဇော်မှိုင်း  ၊ သွားဆရာဝန် ဒေါက်တာ စိုးစိုးမာ တိုင်းရင်းဆေးမှူး ဒေါ်ခင်အေးအေးနိုင် နှင့်အဖွဲ့တို့မှ သွားရောက်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။  
ရှေးဦးစွာ ကျန်းမာရေး ဆွေးနွေးဟောပြောပွဲကိုကျင်းပခဲ့ရာ     မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်မှ  အဖွင့် အမှာစကား ပြောကြားခဲ့ပြီး   ဒေါက်တာမျိုးလွင်နှင့်  ဒေါ်ခင်အေးအေးနိုင်တို့မှ  ကျန်းမာရေးဆိုင်ရာ  သိကောင်းစရာများကို ဆွေးနွေး ဟောပြောပြီး လူနာများကိုကုသကြရာ    အထွေထွေကုသမှု(၁၉၉)ဦး     သွားဘက်ဆိုင်ရာကုသမှု(၁၈)ဦး တိုင်းရင်းဆေးဖြင့် ကုသမှု(၅၂)ဦး     စုစုပေါင်း (၂၆၉)ဦးတို့အား   ဆေးဝါးများ ကုသပေးခဲ့ကြပြီး မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးအေးသန့်နှင့်အဖွဲ့တို့မှလည်း ကျေးရွာအတွင်းရှိ သက်ကြီး အဖိုးအဖွား များအား ခြင်ထောင်၊ ကွေကာအုပ်တို့ဖြင့် လိုက်လံကန်တော့ကြကြောင်း သတင်းရရှိသည် ။

သိန်းလွင်(ပြန်/ဆက်)

No comments:

Post a Comment