Friday, August 28, 2015

တွန်းဇံမြို့နယ်၌ သဘာဝတောင်ပေါ်ရေကန်၊ ရေလျှံကျိုးပေါက်မှု ဖြစ်ပွား

နေပြည်တော်  သြဂုတ်  ၂၈
ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ယနေ့နံနက် (၃) ခန့်မှ စပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ တွီ့ခိန်ဇန်ကျေးရွာ အပေါ်ရှိ သဘာဝ တောင်ပေါ်ရေကန်မှာ ရေလျှံကျိုးပေါက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါရေကန်ကျိုးပေါက်မှုကြောင့် တွီ့ခိန်ဇန်ကျေးရွာရှိ အိမ်ခြေ (၄၀)ကျော်နှင့် ဟားခါးလေးကျေးရွာရှိ အိမ်ခြေ (၅၀)ကျော်တို့ ရေမျှော ပါပျက်စီးခဲ့ပြီး လူ (၂) ဦးပျောက်ဆုံးလျက်ရှိရာ ချင်းပြည်နယ် အစိုးရမှ ကယ်ဆယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက် လျက်ရှိကြောင်း ကနဦးသတင်းများအရ သိရှိရသည်။ ထိုကဲ့သို့ တောင်ပေါ်တွင် ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းရှိ နေရဉ္ဇာမြစ်၌ ရေတိုးခဲ့သော်လည်း ရာဇဂြိုဟ် ဆည်တွင် ထိခိုက်မှုမရှိကြောင်း သိရသည်။

No comments:

Post a Comment