Sunday, August 30, 2015

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံရှိ Ancient City အတွင်း လှည့်လည်ကြည့်ရှုလေ့လာ




နေပြည်တော် သြဂုတ် ၂၉
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် ထိုင်းဘုရင့်တပ်မတော် မှ Lt. Gen. Boonchu Kird တို့နှင့်အတူ သြဂုတ် ၂၉ ရက် ဒေသခံတော်ချိန် နံနက် ၈ နာရီ မိနစ် ၂၀ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Wat Phra Kaew (မြဘုရားကျောင်း) သို့ရောက်ရှိကြပြီး မြဘုရားကျောင်းဆောင်အတွင်း ဆွမ်း၊ ရေချမ်းနှင့်ပန်းများ ဆက်ကပ် လှူဒါန်းသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် နံနက် ၉ နာရီ မိနစ် ၅၀ တွင် ထိုင်းနိုင်ငံ Samutprakan ခရိုင်ရှိ Acient City သို့ရောက်ရှိကြပြီး Acient City အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသကြသည်။
၂၉၆၃ ခုနှစ်မှစ၍ ထိုင်းလူမျိုး စီးပွားရေးလုပ်ငန်းရှင် Mr. Lek Viriya ဆိုသူမှ Ancient City (ထိုင်းအခေါ် Muang Boran)ကို စတင်စီမံကိန်းချကာ တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး မြေဧကအကျယ် ၈၀၀ ရိုင် အကျယ်အ၀န်းရှိပြီး စူခွန်ဗစ်လမ်းမ၊ စမွတ်ပရာကန်မြို့နယ် မိုင်တိုင် ၃၃ နေရာတွင် တည်ရှိသည်။ ထိုင်းနိုင်ငံ၏ ပြည်နယ် အသီးသီးရှိ ထင်ရှားသော သမိုင်းဝင်နေ ရာများနှင့် အဆောက်အဦးများအား မူလနှင့် အနီးစပ်ဆုံးဆင်တူအောင် တည်ဆောက်ထားပြီး အများပြည်သူဝင်ရောက် ကြည့်ရှု လေ့လာနိုင်ရန် စီစဉ်ထားရှိသည်။
ယင်းနောက် ထိုင်းဘုရင့်ဆေးရုံ Phramongkutklao Military Hospital သို့ မွန်းလွဲ ၂ နာရီ တွင်ရောက်ရှိကြပြီး ဆေးရုံရှိအစည်းအဝေးခန်းမ၌ ဆေးရုံနှင့် ပတ်သက်သည့်ကိစ္စရပ်များအား ဆေးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ထိခိုက်ဒဏ်ရာရရှိလူနာများအား အရေးပေါ်ကုသလေ့ကျင့်ဆောင် နှင့် နှလုံးရောဂါ အထူးကြပ်မတ်ကု သဆောင်များ သို့ လှည်လည်ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။
ထို့နောက် ဒေသစံတော်ချိန် ၄ နာရီခွဲတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် ဘုရင့်လေတပ် Wing-6 မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ညနေ ၆ နာရီ ၁၀ မိနစ် တွင် နေပြည်တော် လေဆိပ်သို့ ပြန်လည် ရောက်ရှိစဉ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း ရေတပ်စစ်သံမှူး Captain Apakorn Youkongkaew နှင့်ဇနီး၊ တာဝန်ရှိသူများ က နေပြည်တော် လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့မှ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ဆန်းဦး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ ပြန်လည်လိုက်ပါလာကြောင်း သတင်းရရှိသည်။
 (မြ၀တီ)

No comments:

Post a Comment