Friday, July 31, 2015

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း ဘားအံမြို့ရှိ ရေဘေးသင့်ပြည်သူ များအား တွေ့ဆုံအားပေး




နေပြည်တော် ဇူလိုင် ၃၁
နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းသည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ တာဝန်ရှိသူများနှင့် အတူ ဇူလိုင် (၂၉) ရက်က ပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (ဘားအံ) ၌ ကျင်းပပြု လုပ်သည့် မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ (၆၇) နှစ်မြောက် မွေးနေ့မင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ ဆရာတော်အား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် အတူ ဇူလိုင် ၃၀ရက်နေ့ကလည်း ဘားအံမြို့၊ ရွှေယဉ်မျှော်ဘုရားတွင် ဖွင့်လှစ်ထား ရှိသည့် ရေးဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည် သူများအား တွေ့ဆုံအားပေး၍  ဆန်အိတ် (၁၀၀) အိတ်၊ စားသုံးဆီ (၂၀၄) ဗူး၊ ခေါက်ဆွဲဖာကြီး (၅) ဖာတို့အား ထောက် ပံ့ပေးအပ် လှူဒါန်းခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင် တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်း မှုသက်မွေးလုပ်ငန်း ပညာသင် တန်းကျောင်းသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းဝန်း အတွင်း၌ အဆောက်အဦအသစ် တည်ဆောက်နေမှု လုပ်ငန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment