Thursday, July 30, 2015

မုံရွာအကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ (၆၉)ဦး လွှတ်ပေး



မုံရွာ၊ ဇူလိုင် ၃၀
နိုင်ငံတော်၏ မေတ္တာစေတနာများကို နားလည်ပြီး မိမိတို့၏ ဒေသအကျိုး၊ နိုင်ငံ့အကျိုးများကို အများ ပြည်သူ နှင့်အတူ တာဝန် ထမ်းဆောင် သွားနိုင်ရန် ရည်ရွယ်ပြီး အကျဉ်းသား(၆၀)ဦးနဲ့ အကျဉ်းသူ (၉)ဦး ပေါင်း (၆၉)ဦးကို မုံရွာအကျဉ်းထောင်တွင် ဇူလိုင်(၃၀)ရက်နေ့က လွှတ်ပေး ခဲ့ကြောင်း သိရသည်။

အကျဉ်းသားလွှတ်ပေးမှု အခြေအနေနဲ့ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးက " ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နဲ့အညီ အကျဉ်းသားတွေကို လွှတ်ပေးခြင်း ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ လွှတ်ပေးသူ (၆၉၆၆)ဦး ရှိကြောင်း၊ လွတ်ဖို့ တစ်နှစ် အလိုနဲ့ (၆)နှစ် (၇)နှစ်ကျတဲ့သူတွေပါ တယ်။ ထောင် ကလွတ်ရင် ဒေသအကျိုး၊ နိုင်ငံအကျိုးကို တစ်ဖက် တစ်လမ်းက ပါဝင်နေပါဝင် ဆောင် ရွက်နိုင်ပြီး မိသားစု အသိုက်အမြုံလေးနဲ့ တရားဥပဒေ ဘောင်အတွင်းကနေ လုပ်ကိုင် စားသောက် နိုင်ရေးအတွက် လွှတ်ပေးခြင်း ဖြစ်ကြောင်း" ပြောကြားခဲ့သည်။
လွတ်မြောက်လာသည့် အကျဉ်းသားတစ်ဦးမှလည်း "အရမ်းဝမ်းသာ ပါတယ် နိုင်ငံတော် ရဲ့ စေတနာကိုလည်း ကျွန်တော်တို့ နားလည်နေပါပြီ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်ဆုံခွင့်ရပြီ ဥပဒေဘောင်အတွင်း ကနေပြီး နိုင်ငံ့နဲ့လူမျိုးအကျိုးကို တတ်အားသရွေ့ ဆောင် ရွက်သွားတော့မယ် ကျေးဇူး လည်းတင်ပါတယ်" ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
(ဖိုးချမ်း-မုံရွာ)

No comments:

Post a Comment