Tuesday, July 28, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ဆက်လက် တင်သွင်းလျက်ရှိ

နေပြည်တော် ဇူလိုင် ၂၈

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ဆက်လက် တင်သွင်းလျက်ရှိရာ ဇူလိုင် ၂၈ ရက်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း(၁၅) ဦး၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၂) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၈) ဦးနှင့် တိုင်း ဒေသကြီး/ ပြည်နယ် တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း (၁) ဦးတို့ တင်သွင်းခဲ့ပါသည်။ ဇူလိုင် ၂၀ ရက်မှ ဇူလိုင် ၂၈ ရက်အထိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း (၃၁) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၁၂) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း (၅၈)ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၁၃) ဦး၊ စုစုပေါင်း (၁၁၄) ဦး ရှိပြီဖြစ်ပြီး နိုင်ငံရေး ပါတီ (၁၄) ပါတီနှင့် တစ်သီးပုဂ္ဂလ (၂၂) ဦးတို့မှ အမည်စာရင်း တင်သွင်း ခဲ့ကြကြောင်း သိရှိရ သည်။ အမည်စာရင်း တင်သွင်းမှု အသေးစိတ်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website www.uecmyanmar.org တွင် ကြည့်ရှု နိုင်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment