Tuesday, July 28, 2015

ရေကြီးနစ်မြုပ်မှုများကြောင့် သီးနှံစိုက်ဧကများ ထိခိုက်ပျက်စီး

နေပြည်တော် ဇူလိုင် ၂၈
မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးသည်း ထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းဒေ သကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံ မှုနှင့် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှု ဖြစ်ပွား ခဲ့သည်။


အဆိုပါ ရေကြီးနစ်မြုပ်မှုနှင့်သီးနှံများ ထိခိုက်ပျက်စီးမှုအခြေအနေမှာ နေပြည်တော်တွင် ရေကြီးနစ်မြုပ်မှု ၂၃ ဧက အနက် ၂၃  ဧက ပြန်ပေါ်ခဲ့ကြောင်း၊ ကချင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှု ၂၃၆၁၅ ဧကအနက် ၂၃၆၀၇  ဧက ပြန်ပေါ်ခဲ့ သော်လည်း ၈၂၅၉ ဧကထိခိုက်ပြီး ၃၅၂၉ ဧကပျက်စီးခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင်   ရေကြီးနစ်မြုပ်မှု ၈၉၅၇၈ ဧက အနက် ၇၄၂၃၁ ဧက ပြန်ပေါ်ခဲ့သော်လည်း ၄၅၀၈၉ ဧက ထိခိုက်ပြီး ၁၄၁၄၃ ဧက ပျက်စီးခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင်   ရေကြီးနစ်မြုပ်မှု ၁၅၇၇၄ ဧကအနက် ၁၃၂၇ ဧကပြန်ပေါ်ခဲ့သော်လည်း ၁၃၂၇ ဧကထိခိုက်ပြီး ၇၄၆ ဧက ပျက်စီးခဲ့ကြောင်း၊ မန္တလေး တိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှု ၅၅၃ ဧက အနက် ၄၆၇ ဧက ပြန်ပေါ်ခဲ့သော်လည်း ၆၀ ဧက ထိခိုက်ပြီး ၃ ဧက ပျက်စီးခဲ့ကြောင်း၊ မွန်ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှု ၁၀၀ ဧကရှိခဲ့ကြောင်း၊ ရခိုင်ပြည် နယ်တွင် ရေကြီးနစ်မြုပ်မှု ၂၄၂၃၅ ဧကအနက် ၂၉၁၅ ဧက ပြန်ပေါ်ခဲ့သော်လည်း ၂၁၇၁ ဧကထိခိုက်ပြီး ၁၄၄၀ ဧက ပျက်စီးခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှု ၉၄၉၁ ဧက အနက် ၈၄၉ ဧက ပြန်ပေါ် ခဲ့ကြောင်း၊ ရှမ်းပြည်နယ်တွင်  ရေကြီးနစ်မြုပ်မှု ၈၉၈၉ ဧကအနက် ၅၄၇ ဧက ပြန်ပေါ် ခဲ့သော်လည်း ၃၄ ဧက ထိခိုက်ပြီး ၇ ဧကပျက်စီးခဲ့ကြောင်းနှင့် ဧရာဝတီတိုင်းဒေသ ကြီးတွင် ရေကြီး နစ်မြုပ်မှု ၄၁၃၀၅ ဧကရှိခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်း ရရှိ သည်။ 

No comments:

Post a Comment