အဏုမြူနည်းပညာအရ အဏုမြူဓာတ်အားပေး စက်ရုံ၏
အရွယ်အစားသေးငယ်သွားလေ..တည် ဆောက်မှု ကုန်ကျစရိတ်သက်သာလေ၊ တည်ဆောက် တပ်ဆင်မှုအချိန်ကာလ
ပို၍မြန်ဆန်လေဖြစ်သည်။ ထို့အတူပင် အရွယ်အစားသေးငယ်သော အဏုမြူ ဓာတ်အားပေးစက်ရုံများသည်
အန္တရာယ်ဖြစ်နိုင်သည့် အခွင့် အလမ်းလည်း ပို၍လျော့ပါးသွားသည်။ အငယ်စား အဏုမြူ ဓာတ်အား
ပေးစက်ရုံများ၏ စွန့်ပစ်ပစ္စည်း များတွင် ပလူတိုနီယံပါဝင်မှုကလည်း သိသိသာသာ လျော့နည်း
သွားသည့်အတွက် ရေဒီယိုသတ္တိကြွ ရောင်ခြည် သင့်နိုင်သည့် ဘေးအန္တရာယ်အတိုင်း အဆမှာလည်း
များစွာလျော့ပါးသွားသည်။
အငယ်စားအဏုမြူဓာတ်အားပေးစက်ရုံများတွင်
အဏုမြူလောင်စာချောင်းများကို တစ်ကြိမ်ဖြည့်သွင်း ထားရုံဖြင့် နောက်ထပ်လောင်စာလဲရန်မလိုဘဲ
နှစ် ၃ဝ ခန့်အထိ လျှပ်စစ်ဓာတ်အားကို ကာလကြာရှည်စွာ ဆက်တိုက်ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။
နှစ်ကာလ ကြာရှည်စွာ လောင်စာလဲရန်မလိုအပ်သည့်အားသာ ချက်ကြောင့်ပင် အဆိုပါအငယ်စား အဏုမြူဓာတ်အား
ပေးစက်များကို မြေပြင်အောက်၌ တည်ဆောက်တပ်ဆင် အသုံးပြုနိုင်သည်။
မြေအောက်ထဲ၌ တည်ဆောက်တပ်ဆင်လည်ပတ် နိုင်စွမ်းရှိသည့်
အငယ်စားအဏုမြူ ဓာတ်အားပေး စက်ရုံများသည် အကယ်၍မတော်တဆမှုတစ်ခုခု ဖြစ်ပွား သည့်တိုင်
ဘေးပတ်ဝန်းကျင်သို့ ရေဒီယိုသတ္တြိ<ွက ရောင်ခြည်များ လွယ်လင့်တကူပျံ့နှံ့ရောက်ရှိသွားနိုင်
သည့်အရေး စိုးရိမ်ပူပန်ရမှုများကိုလည်း များစွာ လျော့ကျ သွားစေသည်။
ကမ္ဘာအရပ်ရပ်ရှိ အဏုမြူဓာတ်အားပေးစက်ရုံများ
တွင် အဏုမြူမတော်တဆမှု မဖြစ်ပွားစေရေးအတွက် အခါမလပ်သတိကြီးကြီးထား၍ လုပ်ကိုင်နေကြသလို
ပင်၊ အဏုမြူစက်ရုံကို ခုတုံးလုပ်၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လာနိုင်သည့် အခြေအနေ
တစ်ရပ်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများကိုလည်း ပြုလုပ်ထားကြသည်။
တင်းကျပ်သောလုံခြုံရေးနှင့် ခေတ်မီသောအစောင့်
အရှောက်အစီအမံများဖြင့် အဏုမြူဓာတ်အားပေးစက်ရုံ များကို အကာအကွယ်ပေးနေကြရသည့်အားလျော်စွာယခုကဲ့သို့သော
မြေကြီးအောက်ထဲတွင် တည်ဆောက် လည်ပတ်နိုင်စွမ်းရှိသည့် အငယ်စားအဏုမြူဓာတ် အားပေးစက်ရုံများသည်
အကြမ်းဖက်ခံရမှု အန္တရာယ်မှ အလိုအလျောက် အကာအကွယ်ရရှိပြီးသား အနေ အထားသို့ ရောက်ရှိသွားခဲ့သည်။
ယူရေနီယံသန့်စင်သည့် စက်ရုံများ၊ အဏုမြူ
ဓာတ်ပေါင်းဖိုများ၊ ရေဒီယိုအိုင်ဆိုတုပ်ကို အသုံးပြုသည့် လုပ်ငန်းများ၊ အဏုမြူသုတေသနလုပ်ငန်းများ
စသော အဏုမြူနည်းပညာနှင့်ပတ်သက် ဆက်စပ်သည့်လုပ်ငန်း တိုင်းသည် အကြမ်းဖက်ခံရနိုင်သော
အန္တရာယ်ကို အထူးသတိထားလျက် ကြိုတင်ပြင်ဆင်မှုများကို အသင့် ပြုလုပ်ထားကြရသည်။
ကုန်ထုတ်လုပ်မှုအတွက် လည်ပတ်နေသောစက်ရုံ
များနှင့် အဏုမြူစက်ရုံများ၏ အဓိကကွာခြားချက်မှာ အဏုမြူစက်ရုံများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်
ခံရနိုင်သည့် အန္တရာယ်ပို၍ရှိနေခြင်းနှင့် အကယ်၍ အကြမ်းဖက်တိုက်ခိုက်လာပါက အဏုမြူစက်ရုံတစ်ခု
တည်း၏ ပျက်စီးဆုံးရှုံးမှုအတွက်သာမက ရေဒီယို သတ္တြိ<ွကရောင်ခြည်ပျံ့လွင့်မှုကြောင့်
သဘာဝပတ်ဝန်း ကျင်နှင့် လူအသက်အန္တရာယ်တို့အတွက် ခြိမ်းခြောက် လာမည့်အရေးကိုပါ စိုးရိမ်ပူပန်ရခြင်းဖြစ်သည်။
အဏုမြူစက်ရုံကို အစီအစဉ်တကျ အပိုင်စီး၍
ခြိမ်းခြောက်ခြင်း၊ မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊
ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းစသည်တို့သည် အဏုမြူ စက်ရုံများကို
အန္တရာယ်ပြုလာနိုင်သော အကြမ်းဖက်မှု များဖြစ်သည့်အတွက် တင်းကျပ်သောကြိုတင်ကာကွယ် မှုများကို
ပြုလုပ်ထားကြရပေသည်။
အဏုမြုစွမ်းအင်အတွက် ကုန်ကြမ်းပစ္စည်းများ
အရပ်ဘက်သုံး အဏုမြူစီမံကိန်းများအတွက်
ဖြစ်စေ၊ စစ်ဘက်သုံး အဏုမြူစီမံကိန်းများအတွက် ဖြစ်စေ အဓိကလိုအပ်သော ကုန်ကြမ်းပစ္စည်းမှာ
ယူရေ နီယံသတ္တုပင်ဖြစ်သည်။ အဏုမြူနည်းပညာဆိုင်ရာ လုပ်ငန်းစဉ်များတွင် အသုံးပြုရန်လိုအပ်သော
ယူရေနီယံ သတ္တုရိုင်းများသည် ကမ္ဘာ့မြေလွှာအောက်၌ သဘာဝ အလျောက်ဖြစ်ပေါ် တည်ရှိနေကြသည့်အတွက်
တူးဖော် ရယူသုံးစွဲကြခြင်းအားဖြင့် အဏုမြူစွမ်းအင်ကို ထုတ်လုပ် ရရှိသည်။
အမေရိကန်၊ ရုရှား၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်၊
ယူကရိန်း၊ ကနေဒါ၊ သြစတြေးလျ၊ တရုတ်၊ နိုင်ဂျာ၊ နမီးဘီးယား၊ မာလာဝီ၊ ဘရာဇီး စသောနိုင်ငံများတွင်
ယူရေနီယံသတ္တုများကို တူးဖော်ရရှိသည်။ တောင်အမေ ရိကတိုက်အတွင်းရှိ နိုင်ငံအချို့၌လည်း
ယူရေနီယံ သတ္တုရိုင်းများကို တူးဖော်ရရှိနိုင်သည့် သတ္တုမိုင်းများကို တွေ့ရှိနေရသည်။
ထို့အတူပင် အာဖရိကဒေသ၊ မွန်ဂို လီးယားနှင့် ဗဟိုအာရှဒေသအချို့တွင်လည်း ယူရေနီယံ သတ္တုသိုက်များတည်ရှိနေသည့်
သုတေသနအထောက် အထားအချို့ကို ရရှိထားကြပြီးဖြစ်သည်။
ယူရေနီယံသတ္တု ထွက်ရှိသော နိုင်ငံများအနက်
ကာဇက်စတန်၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံများသည် ကမ္ဘာ့အကြီးဆုံးသော ယူရေနီယံသတ္တုသိုက်များတည်
ရှိရာ ဒေသများပင်ဖြစ်ကြသည်။ ကာဇက်စတန်နိုင်ငံ သည် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ နှစ်စဉ်ပျမ်းမျှ
ယူရေနီယံ သတ္တုတန်ချိန်ပေါင်း ၁၈ဝဝဝ ကို တူးဖော်ထုတ်လုပ်လျက် ရှိသည်။ အလားတူပင် ကနေဒါနိုင်ငံကလည်း
နှစ်စဉ် ပျမ်းမျှ ယူရေနီယံသတ္တု တန်ချိန်ပေါင်း ၁ဝဝဝဝ တူးဖော် ထုတ်လုပ်ပေးလျက်ရှိနေသလို
သြစတြေးလျနိုင်ငံက လည်း နှစ်စဉ်ပျမ်းမျှတန်ချိန်ပေါင်း ၆၅ဝဝ ခန့် ထုတ်လုပ် ပေးလျက်ရှိသည်။
နမီးဘီးယားနှင့် နိုင်ဂျာနိုင်ငံတို့သည်
နှစ်စဉ်ပျမ်းမျှ ယူရေနီယံသတ္တုတန်ချိန်ပေါင်း ၄ဝဝဝ ကျော်ကို တူးဖော် ထုတ်လုပ်လျက်ရှိပြီး
ဥဇဘက်ကစ္စတန်နိုင်ငံကမူ နှစ်စဉ် ပျမ်းမျှ တန်ချိန် ၂၅ဝဝ ခန့် ထုတ်လုပ်ပေးလျက်ရှိသည်။
ယူကရိန်းနှင့် တရုတ်နိုင်ငံတို့ကမူ နှစ်စဉ်ပျမ်းမျှ ယူရေ နီယံသတ္တုတန်ချိန် ၈ဝဝ ခန့်သာ
တူးဖော်ထုတ်လုပ် နိုင်ကြသည်။
အဏုမြူဓာတ်ပေါင်းဖိုများကို အသုံးပြုပြီး
လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းကို ပထမဦးဆုံးအကောင်အထည် ဖော်လုပ်ဆောင်ခဲ့သော အမေရိကန်ပြည်ထောင်စုသည်
ပြည်တွင်းမှထွက်ရှိသော ယူရေနီယံသတ္တု ကုန်ကြမ်း ပမာဏ နှင့် လုံလောက်မှုမရှိသည့်အတွက်
ပြည်ပမှတင်သွင်း အသုံးပြုလျက်ရှိသည်။
စုစုပေါင်းအားဖြင့် အဏုမြူဓာတ်ပေါင်းဖို
၁ဝ၄ လုံး ကိုအသုံးပြုလည်ပတ်နေသော အမေရိကန်နိုင်ငံသည် ယူရေနီယံသတ္တုရိုင်း နှစ်စဉ်ပျမ်းမျှ
ထွက်ရှိမှုတန်ချိန် ၁၇ဝဝ ခန့်ဖြင့် လုံလောက်မှုမရှိသည့်အတွက် သြစတြေး လျ နိုင်ငံမှ ယူရေနီယံသတ္တုများကို
အဓိကထားတင်သွင်း နေရသည်။ ယူကရိန်းနှင့် တရုတ်နိုင်ငံတို့သည်လည်း သြစတြေးလျနိုင်ငံမှပင်
ယူရေနီယံသတ္တုတန်ချိန်အမြောက် အမြားကို တင်သွင်းနေကြရဆဲဖြစ်သည်။
ယူရေနီယံသတ္တုသိုက်များနှင့်ဈေးကွက်အလားအလာ
ကမ္ဘာပေါ်တွင် လက်ရှိအားဖြင့် ယူရေနီယံသတ္တုကို
တူးဖော်ထုတ်လုပ်နေကြသော သတ္တုသိုက်များနှင့်တကွ ယူရေနီယံတူးဖော်ရရှိနိုင်သော အလားအလာရှိသည့်
သတ္တုသိုက်အသစ်များကို ရှာဖွေတွေ့ရှိထားကြသည့်တိုင် သတ္တုသိုက်အသစ်များ၏ ယူရေနီယံထွက်ရှိနိုင်မှုပမာဏ
သည် ဒုတိယအဆင့်နှင့် တတိယအဆင့်များသာ ဖြစ်နိုင် ကြောင်း ခန့်မှန်းထားကြသည်။
သို့ဖြစ်၍ယူရေနီယံ သတ္တုသိုက်အသစ်များမှ
နှစ်စဉ် ပျမ်းမျှထွက်ရှိနိုင်သည့် ပမာဏများမှာ နမီးဘီးယား၊ နိုင်ဂျာ၊ ရုရှားနှင့် ဥဇဘက်ကစ္စတန်စသော
ယူရေနီယံ ထွက်ရှိမှု ဒုတိယအဆင့်နိုင်ငံများနှင့် အမေရိကန်၊ ယူကရိန်း၊ တရုတ်တို့ကဲ့သို့
တတိယအဆင့်နိုင်ငံများ ထက်မပိုသော ပမာဏများကိုသာ ထုတ်လုပ်ပေးနိုင်လိမ့် မည်ဟုမျှော်လင့်ရသည်။
ထို့ကြောင့်ပင် သြစတြေးလျ၊ ကနေဒါနှင့်ကာဇက်
စတန်တို့သည် ကမ္ဘာ့ယူရေနီယံ သတ္တုထုတ်လုပ်မှု အများဆုံးနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်နေဖွယ်
ရှိသည်။ လက်ရှိအားဖြင့်လည်း သြစတြေးလျနိုင်ငံသည် အမေရိကန်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊
တရုတ်နှင့် ဥရောပနိုင်ငံများသို့ ယူရေနီယံသတ္တုတန်ချိန် အမြောက် အမြားကို တင်ပို့ရောင်းချလျက်ရှိနေသည်။
ကမ္ဘာတစ်ဝန်းလုံး၌ အသုံးပြုလည်ပတ်နေကြသော
အဏုမြူဓာတ်ပေါင်းဖိုများ အားလုံးအတွက်နှစ်စဉ်ပျမ်းမျှ လိုအပ်သော ယူရေနီယံကုန်ကြမ်းမှာ
တန်ချိန်ပေါင်း ၇ဝဝဝဝ ခန့်ဖြစ်သည့်အတွက် လက်ရှိယူရေနီယံသုံးစွဲ မှုပမာဏနှင့် သတ္တုသိုက်များမှ
တူးဖော်ထုတ်လုပ်ပေး နိုင်သော ပမာဏများကို ချိန်ထိုးကြည့်မည်ဆိုလျှင် ကမ္ဘာ့မြေလွှာအောက်ရှိ
ယူရေနီယံသတ္တုကုန်ကြမ်းများ သည် ၂၁ ရာစု၏ နှောင်းပိုင်းကာလအထိ ကောင်းစွာ လုံလောက်မှုရှိနေနိုင်သေးကြောင်း
World Nuclear Association က ခန့်မှန်းတွက်ချက်ထားသည်။
ကမ္ဘာ့ယူရေနီယံ သတ္တုသိုက်များအနက် ရုရှား
နိုင်ငံမှထွက်ရှိသော ယူရေနီယံများသည် အဏုမြူ လက်နက် များထုတ်လုပ်နိုင်သည့် အဆင့်မြင့်ယူရေနီယံ
(HEU) များ ဖြစ်နေသည့်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ရန်အလို့ငှာ အခြားသော ယူရေနီယံ
သတ္တုရိုင်းများနှင့် ရောနှောပြုပြင်ပြီး အဆင့်နိမ့်ယူရေ နီယံ(LEU)များ အဖြစ်သို့ ပြောင်းလဲလုပ်ဆောင်ကြ
ရသည်။
ယူရေနီယံသတ္တုတစ်တန်ကို အသုံးပြု၍ထုတ်လုပ်
ပေးနိုင်သည့်လျှပ်စစ်ဓာတ်အားပမာဏသည် ကျောက် မီးသွေးတန်ချိန်၂ဝဝဝဝ ကို အသုံးပြု၍ထုတ်လုပ်ပေး
နိုင်သည့် လျှပ်စစ်ဓာတ်အားပမာဏနှင့် အတူတူပင် ဖြစ်သည်။
အဆင့်မြင့်အဏုမြူနည်းပညာကို အသုံးပြုခြင်း
ဖြင့် ယူရေနီယံသတ္တုတစ်တန်သည် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီပေါင်း ၄၅ သန်းခန့်အထိ ထုတ်လုပ်
ပေးနိုင်သည့်အပြင် ကျောက်မီးသွေးနှင့် ရေနံစသော ရုပ်ကြွင်းလောင်စာများဖြင့် လျှပ်စစ်ဓာတ်အားထုတ်
လုပ်ခြင်းနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်အားဖြင့် ထက်ဝက် အောက်၌သာ ရှိနေသည့်အတွက်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက် လိုကြသော အစိုးရများအတွက်
ဆွဲဆောင် မှုတစ်ရပ် ဖြစ်လျက်ရှိနေသည်။
သို့ရာတွင် ကမ္ဘာတစ်ဝန်း၌ဖြစ်ပွားခဲ့သော
အဏုမြူ စက်ရုံမတော်တဆမှုများက အဏုမြူနည်းပညာကို အသုံးပြု လိုသူများအတွက် လက်တွန့်စရာဖြစ်လျက်
ရှိနေသည်။ သာဓကအားဖြင့် ၁၉၇၉ ခုနှစ် အမေ ရိကန် ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီယားပြည်နယ်
Three Mile Island အဏုမြူဓာတ်ပေါင်းဖိုမတော် တဆ ဖြစ်ပွားမှု၊ ၁၉၈၆ ခုနှစ် ယူကရိန်းနိုင်ငံ
ချာနိုဘိုင်း အဏုမြူဓာတ်ပေါင်းဖို မတော်တဆဖြစ်ပွားမှုနှင့် ၂ဝ၁၁ ခုနှစ် ဂျပန်နိုင်ငံ၊
ဖူကူရှီးမားဓာတ်ပေါင်းဖိုမ တော်တဆဖြစ်ပွားမှုစသည်တို့သည် အဏုမြူစွမ်းအင် ဆိုင်ရာ ဘေးထွက်
ဆိုးကျိုးများနှင့်ပတ်သက်၍ ထိတ် လန့်တုန်လှုပ်သွားစေပြီး အဏုမြူနည်းပညာရပ်အပေါ် မေးခွန်းထုတ်စရာများ
ဖြစ်လာခဲ့သည်။
အဆိုပါ ဖြစ်ရပ်များကြောင့် အဏုမြူစွမ်းအင်ကို
အသုံးပြုလည်ပတ်နေကြသော ဓာတ်အားပေးစက်ရုံ များရှိ အဏုမြူဓာတ်ပေါင်းဖိုများကို ပိတ်ပစ်ရန်သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများက ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုလျက်ရှိနေကြသည်။
အဏုမြူဓာတ်ပေါင်းဖိုများကို အသုံးပြုလည်ပတ်
နေကြသည့် အချို့သော နိုင်ငံအစိုးရများက နိုင်ငံသူ၊ နိုင်ငံသားများကို နှစ်သိမ့်မှုပေးသည့်အနေဖြင့်
လည် ပတ်နေသော အဏုမြူဓာတ်ပေါင်းဖိုအချို့ကို လုပ်ငန်း ရပ်တန့်ထားခြင်း၊ တည်ဆောက်ဆဲအဏုမြူဓာတ်အား
ပေးစက်ရုံစီမံကိန်းများကို ဆိုင်းငံ့ထားခြင်း စသည်တို့ကို လိုက်လျောလုပ်ဆောင်ပေးလျက်ရှိနေကြသည်။
သို့ရာတွင် ကာလရှည်ရပ်နားထားရန် မဖြစ်နိုင်
သောစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် တစ်နေ့တခြား ကိန်းဂဏန်းပို၍ကြီးမားလာသော လျှပ်စစ်ဓာတ်အား
လိုအပ်ချက်များကြောင့် ခေတ္တရပ်နား ထားသည့် အဏုမြူဓာတ်ပေါင်းဖိုများကို ပြန်လည်အလုပ်လုပ်
စေလျက်ရှိသလို၊ အဏုမြူဓာတ်အား ပေးစက်ရုံစီမံကိန်း များကိုလည်း ဆက်လက်အကောင်အထည်ဖော်လုပ်
ဆောင်လျက်ပင်ရှိနေကြပြန်သည်။
ထိုထိုသော အကြောင်းများကြောင့် အဏုမြူစွမ်းအင်
အတွက် အဓိကလိုအပ်သော ကုန်ကြမ်းဖြစ်သည့် ယူရေ နီယံသတ္တုများ၏ ဈေးကွက်အလားအလာသည် ပိုမို
တိုးတက်ကောင်းမွန်လာမည်ဟု တပ်အပ်သေချာမပြော နိုင်သည့်တိုင် ယူရေနီယံအရောင်းအဝယ်ဈေးကွက်
အေးစက်ပျက်ယွင်းသွားခြင်းမျိုးမှာမူ မဖြစ်နိုင်သေး သည့် အနေအထားမျိုး၌ရှိနေသည်။
သိပ္ပံစာရေးဆရာ ကိုကိုအောင်
သိပ္ပံစာရေးဆရာ ကိုကိုအောင်
No comments:
Post a Comment