Wednesday, July 29, 2015

မြန်မာသင်္ဘောသား ၂ဝ ၏ မိသားစုများအား ကရုဏာကြေးပေးအပ်

ရန်ကုန် ဇူလိုင် ၂၈
ရုရှားနိုင်ငံ အရှေ့ဖျားဒေသ ကမ်းလွန် Okhotsk ပင်လယ်ပြင်၌ ဧပြီ ၁ ရက်က နစ်မြုပ်ခဲ့သည့် ရုရှားငါးဖမ်းရေယာဉ် Dalniy Vostok ဖြစ်စဉ် တွင် ပါဝင်ခဲ့သည့် ကွယ်လွန်/ပျောက်ဆုံး မြန်မာသင်္ဘောသား ၂ဝ အတွက် ကရုဏာကြေး အမေရိကန်ဒေါ်လာ ၃ဝဝဝဝဝ ပေးအပ်ခြင်း အခမ်းအနားကို ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ဒေါပုံ)
အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသားဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ကွယ်လွန်/ ပျောက်ဆုံး မြန်မာ သင်္ဘောသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၅ဝဝဝ နှုန်းဖြင့် သင်္ဘောသား၏ မိသားစုများသို့ ပေးအပ်သည်။

ရုရှားသင်္ဘောကုမ္ပဏီမှ ပေးအပ်သော ကရုဏာကြေး အမေရိကန်ဒေါ်လာ ၃ဝဝဝဝဝ ကို ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တစ်ဆင့် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လွှဲပြောင်းရရှိခဲ့ပြီး သင်္ဘောသား ၂ဝ ၏ မိသားစုများသို့ ပြန်လည် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment