Friday, July 31, 2015

သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာခြင်း



နိုင်ငံတော်သမ္မတရုံးမှ ကြေငြာချက် အမှတ် ၁/၂၀၁၅ ဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၁၁) အရ သဘာဝဘေး အန္တရာယ် ကျရောက်သော ဒေသများအဖြစ် ၂၀၁၅ ခုနှစ် ဇူလိုင် (၃၁) ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အလားတူ ရေကြီးရေလျှံမှုများ ရင်ဆိုင်နေရသော ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ် ဒေသများတွင်လည်း အမျိုးသားသဘာဝဘေးကာကွယ် စောင့်ရှောက်ရေးကော် မတီမှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment