Wednesday, July 29, 2015

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ချီလီသမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်


နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ ချီလီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဟာဗီယာ အန်ဒရက်စ် ဘက်ကာ-မာရှယ်လ်သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်သံ တမန် ဆောင်ဧည့်ခန်းမသို့ သွားရောက်၍ ၎င်း၏ သံအမတ်ကြီးခန့်အပ်လွှာ ကိုပေးအပ်သည်။



အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသူရိန်သန့်ဇင် တို့တက်ရောက်ကြသည်။

No comments:

Post a Comment