Tuesday, July 28, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် အာရှ လူမှု အဖွဲ့ အစည်း ဆိုင်ရာမူဝါဒအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် အာရှလူမှုအဖွဲ့အစည်း ဆိုင်ရာမူဝါဒအဖွဲ့ဥက္ကဋ္ဌ (သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် ဟောင်း) မစ္စတာ ကယ်ဗင်ရုဒ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ယနေ့နံနက် ၁၁နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများသည် အပြုသဘော လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနေမှု၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဒုတိယခြေလှမ်းဖြစ်သော ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား လွတ်လပ်၍တရား မျှတစွာ ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက် ပွဲကာလ၊ ရွေးကောက်ပွဲအလွန်ကာလများတွင် တည်ငြိမ် အေးချမ်းရေးအတွက် အလေး ထားဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးစိုးသိန်း၊ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment