Wednesday, July 29, 2015

မော်လူးတွင်ရေကြီးရေလျှံ၍ သောက်သုံးရေပြတ်လပ် စေတနာရှင် လူငယ်များက သောက်သုံးရေအခမဲ့ဖြန့်ဝေ


မော်လူး ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး၌ ဇူလိုင်၂၅ ရက်က စတင်ခဲ့သော ရေကြီးရေလျှံမှုဖြစ် စဉ်များကြောင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများအဖွဲ့ စေတနာရှင်လူငယ်များက သောက်သုံးရေ ပြတ်လပ်နေသော ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေများကို မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၂၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လူးကျောက်ဆည် သဘာဝ ရေပေးဝေရေးကန် ပျက်စီးခဲ့သဖြင့် မော်လူးမြို့ပေါ်ရှိ ခြောက်ရပ်ကွက်၊ စီးမော် ကျေးရွာနှင့် အုန်းဒုတ်ကျေးရွာများသည် သောက်သုံးရေ အခက်အခဲဖြစ်ခဲ့ရသည်။

''ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးတဲ့ လူငယ်အဖွဲ့က မော်လူးမှာ မိုးသည်းထန်စွာရွာပြီးကတည်းက ရေပေးဝေရေး ကန်ပျက်စီးခဲ့လို့ မော်လူးနဲ့ နှစ်မိုင်ကျော်ဝေးတဲ့ စီပိန်းကျေးရွာက ကိုကျော်မိုးရေတွင်းကနေ စက်နဲ့ စုပ်တင်ပြီးတော့ မော်တော်ယာဉ်နဲ့ အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပြီး ရေကုသိုလ်ပြု လုပ်ပေးနေတာ အိမ်ထောင်စု ၂ဝဝဝ ကျော် အထိပါ။ အခုဆိုရင် နှစ်ရက်မြောက်ရှိပါပြီ။ မော်လူးကျောက်ဆည် သဘာဝရေကန် ပြန်လည်တည်ဆောက် ပြီးစီးသည်အထိ ကြိုးစားပြီး ရေကုသိုလ်ပြုတဲ့ လုပ်ငန်းကို လုပ်ဆောင်သွားမှာပါ'' ဟု သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူ လူငယ်များ အဖွဲ့ခေါင်းဆောင် ဦးသိန်းလွင်က ပြောပြသည်။

No comments:

Post a Comment