Friday, July 31, 2015

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကြီးအုံကြီးဝရေလှောင်တမံ ရေပိုလွှဲမှရေထုတ်လွှတ်မှုစစ်ဆေး



နေပြည်တော် ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် ယနေ့နံနက်ပိုင်းတွင် ကြီးအုံကြီးဝရေလှောင်တမံသို့ သွားရောက် စစ်ဆေးပြီး ရေလှောင်တမံမှ တာဝန်ရှိသူ များနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တမံကြံ့ခိုင်ရေးအတွက် အစဉ်အမြဲ စစ်ဆေးကြပ်မတ်ရန် တာဝန်ချထားသော ရေကင်းများအနေဖြင့် ထူးခြားမှုရှိပါက လည်းကောင်း၊ ကြီးအုံကြီးဝတမံမှတစ်ဆင့် မုန်းချောင်းတစ်လျှောက်ရှိ ကျေးရွာများ ရေ၀င်ရောက်မှုရှိပါကလည်းကောင်း အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန် မှာကြား သည်။

ထို့နောက် ၀န်ကြီးချုပ်သည် ကြီးအုံကြီးဝရေလှောင်တမံမှတစ်ဆင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းတစ် လျှောက်အား ကြည့်ရှု စစ်ဆေးသည်။
ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲနှင့် အကူရေပိုလွှဲမှ စနစ်တကျ ရေထုတ်လွှတ် လျက်ရှိပြီး ပင်မတမံကြံ့ခိုင်မှု အတွက် စိုးရိမ်ဖွယ်ရာ မရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment