Thursday, July 30, 2015

ကျူး....



ခေါင်းငုံ့ဝင်ရသည့် ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်းတဲကလေးက နောက်ထပ်ဘယ်နှမိုး၊ ဘယ်နှရာသီခံနိုင်ရည် ရှိပါဦးမည်လဲဟု အတွေးကိုဝင်စေသည်။ ပေါက်ပြဲနေသည့် ဝါးထရံကို ဖာထေးကာရံထားသည့်ြေ>ွမရေခွံ အိတ်ပိုင်းက လေတိုက်တိုင်း တဖျပ်ဖျပ် ရိုက်ခတ်နေသည်။

''ကျွန်တော်တို့ ဒီမှာနေတဲ့သူတွေက ဧရာဝတီတိုင်းကများတယ်။ နာဂစ်ဖြစ်ပြီး နောက်တစ်နှစ် မှာ ကျွန်တော်တို့ ခုနစ်ယောက်အုပ်စု ဒီလှိုင်သာယာကို ရောက်လာကြတယ်။ စက်ဆန်းမှာ တုန်းကလည်း ကျပန်းအလုပ်နဲ့ပဲ မိသားစုတွေရပ်တည်လာခဲ့ကြတာ။ တောကတက်လာတုန်းက လက်ထဲမှာ ငွေ၂ဝဝဝဝနဲ့၊ ၁၅ နှစ်အရွယ် သားကြီးက ပန်းရန်အလုပ်လိုက်လုပ်ရပြီး ကျွန်တော် ကတော့ ကြုံတဲ့အလုပ်လုပ်တယ်။ ဒီမှာစနေတုန်းက နေရာခ ၅ဝဝဝ၊ ၆ဝဝဝ၊ နောက် ၇ဝဝဝ၊ နောက် ၁ဝဝဝဝ ပေးရတယ်''
အိမ်ရှေ့လမ်းပေါ်မှာ အပူအပင်ကင်းမဲ့စွာဆော့ကစား နေကြသည့် ကလေးငယ်များ၏ အသံကြားမှာ တဲအိမ်ငယ် လေး၏ပိုင်ရှင် ကိုခင်စိုး၏အသံက တိမ်ဝင်လျက်ရှိသည်။ ပင်လယ်ကမ်းစပ်မှ တံငါတဲတန်း ကလေးနှင့် တူသော တဲအိမ်များတွင် နေထိုင်သူများမှာ တစ်ချိန် တစ်ခါက ရေလုပ်ငန်းလုပ်ကိုင် ခဲ့ကြသူများဖြစ်သည်ဟု ကိုခင်စိုးက ဆိုသည်။
ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာမှတက်လာသည့် မိသားစုခုနစ်စုအနက် သူနှင့်နောက် တစ်ဦးသာ တဲအိမ်ဆောက်၍နေနိုင်ခဲ့ကြပြီး ကျန်မိသားစုငါးစုမှာ အိမ်ဆောက်၍ မနေနိုင်ခဲ့ကြဟု လည်း ¤င်းက ဆက်လက်ပြောပြသည်။
''ကျန်တဲ့သူတွေက အိမ်(တဲ) ငှားနေရတယ်။ ကိုယ့်ထက်ပိုက်ဆံရှိတဲ့လူတွေက တဲတွေဆောက်ပြီး ငှားစားကြတာ။ ကျူးကျော်တဲကိုတောင်မပိုင်ဘဲ ငှားနေကြ ရသူတွေ အများကြီးပါ။ စားဖို့အပြင် အိမ်လခ ဖိုးကိုပါ လစဉ်ပေးနိုင်အောင် အနိုင်နိုင်ရှာကြရတယ်''
ရွှေသံလွင်စက်မှုဇုန် ဧရာဝတီလမ်းတွင် ကျူးကျော် တဲပေါင်း ၃ဝဝ ကျော်ရှိပြီး ငါးနှစ်အောက်ကလေးများ အပါအဝင်လူဦးရေ ၂ဝဝဝ ကျော်ခန့် နေထိုင်ကြသည်။ နေ့စဉ် ဝမ်းရေးနှင့်လစဉ် အိမ်လခအတွက် ကြုံရာကျပန်း အလုပ်များကိုလုပ်ကိုင်ကြရသူများပီပီ ပညာရေး၊ ကျန်းမာ ရေးတို့ကို လျစ်လျူရှုထားကြရသည်။ မြေငှားခသာ ပေးရသည်ဆိုသော တဲအိမ်ကလေးကိုပိုင်ထားသည့် ကိုခင်စိုးသည်ပင်လျှင် ကျောင်းနေအရွယ် ကလေး လေးယောက်ကို ကျောင်းမထားနိုင်။ အဆက်မပြတ် ရွာသွန်းနေသည့် မိုးရာသီရက်များမှာ သူတို့မိသားစုအဖို့ နေ့စဉ်ဝမ်းရေးကမလွယ်။ သည်ကြားထဲ ဇနီးဖြစ်သူက တုပ်ကွေးဖြစ်နေသည်မှာ သုံးရက်ရှိပြီဟုလည်း ဆိုသည်။
နာဂစ်မုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ် ကြောင့်သာမက အခြားသောကျေးလက် လူမှုစီးပွားဘဝများ နိမ့်ကျမှုတို့ကြောင့် ကိုခင်စိုးတို့မိသားစုများကဲ့သို့ပင် မြန်မာနိုင်ငံအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ရွှေ့ပြောင်းဝင်ရောက် လာသူများနှင့်ပါ လှိုင်သာယာ၏ ကျူးကျော်ပြဿနာ များပိုမိုကြီးထွားလာရခြင်းဖြစ်သည်။
လှိုင်သာယာတွင် အိမ်ခြံမြေများ ရောင်းချဝယ်ယူမှု များမှာ နာဂစ်နောက်ပိုင်း၂ဝဝ၈ နှစ်ကုန်တွင် လှုပ်လှုပ် ရှားရှားဖြစ်ခဲ့ကြပြီး ၂ဝဝ၉ ခုနှစ်တွင် ဂရန်အတု၊ ပိုင်ဆိုင်မှု အတုဖြင့် အိမ်ခြံမြေရောင်းဝယ်မှုများ ရှုပ်ထွေးခဲ့သည်။ ၂ဝ၁၂ ခုနှစ်မှ ယနေ့အထိ နိုင်ငံပိုင်မြေနှင့်ပလပ်မြေများ၊ စက်မှုဇုန်နှင့် ကုမ္ပဏီပိုင်မြေများ၊ လယ်ယာမြေများအား စီးပွားရေးသမားများကဝယ်ယူကာ အကွက်ရိုက်၍ ပြန်လည်ရောင်းချခြင်း၊ လယ် သမားနှင့် လယ်သိမ်းကုမ္ပဏီတို့ ပြဿနာဖြစ်ပွားခြင်း၊ မြေယာဈေးကောင်းလာမှုကြောင့် အုပ်စုဖွဲ့၍ နည်းလမ်းမျိုးစုံဖြင့်မြေနေရာရယူကာ အရောင်း အဝယ်ပြုလုပ်ခြင်း၊ နိုင်ငံရေးပါတီအမည်ခံ၍ စည်ပင် ပိုင်မြေ၊ အိုးအိမ်ပိုင်မြေတို့ကို အကွက်ရိုက်ရောင်းစားခြင်း၊ အဖွဲ့အစည်းအချို့ကလည်း ဌာနပိုင်မြေ၊ ပလပ်မြေ၊ သင်းချိုင်းဟောင်းမြေပါမကျန် ကျောက်တိုင်နှင့် သံဆူး ကြိုးခတ်ကာ မြေယာကျူးကျော် လက်လွှဲရောင်းချ ခြင်းတို့ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာကာ လှိုင်သာယာ မြို့နယ်တွင် မြေယာပြဿနာသည် အမြစ် တွယ်ပျံ့နှံ့လာခဲ့ ခြင်းဖြစ်သည်။
မြေယာပြဿနာကိုတစ်ဖက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေရှင်းနေရသည့်နည်းတူ အခြား တစ်ဖက်တွင်လည်း ကျူးကျော်ဝင်ရောက်နေထိုင်မှုများအား ဌာနဆိုင်ရာများနှင့် ရဲတပ်ရင်းများပူးပေါင်းကာ လှိုင်သာယာမြို့နယ်၌ နှစ်ကြိမ်ရှင်းလင်းဆောင်ရွက်ခဲ့ရ သည်။ နေရာတစ်နေရာတည်းကို နှစ်ကြိမ်ရှင်းလင်းခဲ့ ရသည်မှာလည်း ထိုနေရာတွင် ကျူးကျော်နေထိုင်သူများမှာ တစ်အိမ်လျှင် တစ်လ ကျပ် ၁ဝဝဝဝ ဖြင့် ဒဏ်ငွေဆောင် ရသည့်အတွက် ရပ်ကွက်ထဲတွင်အနည်းဆုံး ကျပ်သုံး သောင်းခွဲပေးနေရမှုမှ သက်သာ သောကြောင့် ဒဏ်ကြေးကို ရင်ဆိုင်ကြခြင်းဖြစ်သည်ဟု ဆိုကြသည်။
မြေယာကျူးကျော်မှုနှင့်ပတ်သက်၍ လှိုင်သာယာ မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးက ''ရပ်ကွက်/ ကျေးရွာနဲ့ စက်မှုဇုန်တွေမှာကျူးကျော်နေထိုင်သူတွေကိုစည်ပင်ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်သလို ကျူး ဟောင်းတွေအတွက် မြို့နယ်မှာစည်ပင်တရားရုံးနဲ့ကျူး အသစ်အတွက်စည်ပင်ရဲအင်အား၊ ဝန်ထမ်းအင်အား တွေ လိုအပ်ပါတယ်။ လက်ရှိဒီမြို့နယ်ရဲ့ လူဦးရေ ၆၉ဝဝဝဝ ကျော်မှာ ရဲအင်အားက ၁၈၈ ဦးပဲရှိတယ်။ ထိရောက် တဲ့ဥပဒေ ပြင်ဆင်ရေးဆွဲသင့်တယ်။ မြေယာကျူးကျော်မှုက တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပါ တယ်။ ဖြစ်နိုင်ရင် တောင်ဒဂုံ၊ မြောက်ဒဂုံလို လှိုင်သာယာကို တောင်/မြောက် ခွဲပြီး တာဝန်ယူရရင် လုပ်ကိုင်ရတာ အဆင်ပြေသွားမယ် လို့ထင်တယ်။ နိုင်ငံပိုင်မြေ၊ ဌာနပိုင်မြေ၊ စက်မှုဇုန်ပိုင်မြေနဲ့ ပလပ်မြေတွေမှာ မြေယာကျူးကျော်မှုတွေ ရှိနေမှာပါပဲ။ ထိရောက်တဲ့ဥပဒေနဲ့ အရေးယူဆောင်ရွက်နိုင်မှ အားလုံးပြေလည် သွားမှာပါ'' ဟု ဆိုသည်။
လှိုင်သာယာမြို့နယ်တွင် နေရာပေါင်း ၆ဝ ခန့်၌ အိမ်ထောင်စုပေါင်း ၇ဝဝဝ ခန့် ကျူးကျော်နေထိုင်လျက်ရှိပြီး လူဦးရေ ၂၈ဝဝဝဝ ခန့်နေထိုင်လျက်ရှိရာ ¤င်းတို့၏ဝင်ငွေ နှင့်ထွက်ငွေမမျှတမှုကြောင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍတို့ကို ထိခိုက်စေသည့် အပြင် မြို့နယ်၏ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်စေလျက် ရှိနေသည်။ မြို့နယ်အတွင်း ကျူးကျော်နေထိုင်မှုတိုးပွားလာခြင်းကြောင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို နေ့စဉ်ခြိမ်းခြောက်နေသည်ဟုလည်း တာဝန်ရှိသူတို့က ပြောကြားသည်။
လှိုင်သာယာတွင် ၁၉၈၆ ခုနှစ်မှစ၍ ရန်ကုန်မြို့တွင်း နှင့် မြို့နယ်အချို့ရှိ ကျူးကျော်နေထိုင်သူတို့ကို နိုင်ငံတော်မှ ပေ(၂ဝx၆ဝ)၊ ဝန်ထမ်းများအတွက်ပေ(၄ဝx၆ဝ) အကွက် များကို မြေဂရန်ပိုင်ဆိုင်မှုနှင့်နေရာ ချပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကသွားလာရေး ခက်ခဲပြီး စီးပွားရေး အခွင့်အလမ်း နည်းပါးသော ရွံ့ဗွက် တောထဲမှ လှိုင်သာယာမြေကွက် တစ်ကွက်၏သွင်းကြေးတန်ဖိုးမှာ ကျပ် ၂ဝဝဝ သာ ဖြစ်သည်။ ရွှေပြည် သာတွင် ဝန်ထမ်းများအတွက် မြေ တစ်ကွက် ကျပ် ၃ဝဝဝ သွင်းရသည်။ လယ်မြေပေါ်တွင် မြို့သစ် တည်ခြင်းဖြစ်ရာ မနေလိုသူများက မြေတစ်ကွက် လျှင် ကျပ် ၅ဝဝဝ ဖြင့်ရောင်း၍ အခြားမြို့နယ်များသို့ ပြောင်းရွှေ့သွားကြသည်။
ယနေ့တွင်မူ စီးပွားရေးအကွက် အကွင်းကောင်းသော မီးခွက်ဈေးအနီး ဗိုလ်အောင်ကျော် လမ်းပေါ်ရှိ အဆောက် အအုံပါသော ပေ(၂ဝx ၆ဝ)မြေတစ်ကွက်၏ ဈေးနှုန်းမှာ ကျပ်သိန်း ၅ဝဝဝ ပေးလျှင်ပင် ရောင်းချမည့်သူမရှိသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဇူလိုင်လ ၂ဝ ရက်နေ့တွင် အမှတ်(၁၅) ရပ်ကွက် ရွှေလင်ပန်းချောင်းနံဘေးရှိ ကျူးကျော်နေထိုင်သူ အိမ်ထောင်စု ၄၈ စုအား လှိုင်သာယာမြို့နယ် စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးက စည်ပင်သာယာဥပဒေ ပုဒ်မ(၆၉)ဖြင့် တရားစွဲဆိုရန်အတွက် စည်ပင်ရုံးသို့လာရန် အသိပေးအကြောင်းကြားစာကို ဇူလိုင်လ ၁၆ ရက်နေ့က ပေးပို့ခဲ့သောကြောင့် စဲလိုက်၊ သဲလိုက်ရွာနေသော မိုးထဲမှာပင် မြို့နယ်စည်ပင်သာယာ ရုံးသို့ သူတို့ လာရောက်ကြသည်ကို တွေ့ရသည်။
''၂ဝ၁၄ ခုနှစ်မှာ ဒီမှာရှိတဲ့ ၄၈ အိမ်ကို စည်ပင်သာယာ က တရားစွဲဆိုတဲ့အတွက် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ၂ဝ ရက်နေ့မှာ ၄၅ အိမ်ကို ဒဏ်ငွေကျပ် ၁ဝဝဝဝ စီ အမိန့်ချ လို့ ဆောင်ခဲ့ပြီးပြီ။ အခု ဇူလိုင်လ ၂ဝ ရက်နေ့မှာ မြို့နယ် စည်ပင်ကတရားစွဲတဲ့ အသိပေးစာနှစ်ကြိမ်ထပ်ပို့မယ်။ အထက်က တာဝန်ပေးလို့ ဆောင်ရွက်ရရင် လည်း နားလည်ပေးဖို့ ဒီနေ့ခေါ်တွေ့တာပါ။ နေ့တိုင်းအားလုံးက စိုးရိမ်စိတ်တွေ နဲ့နေရတာ။ တစ်နေ့တာ ဝမ်းရေးကို ကြိုးစားရုန်းကန်နေရတဲ့သူတွေဆိုတော့ ဟိုတစ်ခါလို လာဖျက်ရင်ဘယ်နေရာမှာ သွားနေရမှန်း မသိဘူး။ ကျောင်းသားတွေနဲ့၊ ပြီးတော့ မိုးရာသီမှာ ပြောင်းရွှေ့ဖို့ မလွယ်ဘူးဆိုပြီး အားလုံး စိတ်သောက ခံစားနေရတာပါ။ ဖျက်ရင်တော့ ဖယ်ပေးမှာပါ။ ကျွန်မတို့တွေ ဘယ်မြေမှ ရောင်းစားထားတာ မရှိပါဘူး။ ချောင်းဘေးမှာတဲထိုးပြီး စုနေကြတာပါ။ ထပ်ပြီး တိုးဆောက်တာလည်း မရှိပါဘူး။ အားလုံးစိတ်ထဲမှာ စိတ်မကောင်းဖြစ်တာက ချောင်း တစ်ဖက်ကမ်းစပ်မှာ ဆောက်နေကြတဲ့အိမ်တွေကို မဖျက် ဘဲ (၁၅)ရပ်ကွက် ဒီဘက်ကမ်းက ၄၈ လုံးကို ဘာကြောင့် ဖိအားပေးနေတာလဲဆိုပြီး တွေးမိတိုင်းခံစားနေကြရတယ်''ဟု လှိုင်သာယာ (၁၅)ရပ်ကွက် ရွှေလင်ပန်းချောင်းနံဘေးတွင် နေထိုင်ကြသော အိမ်ထောင်စု ၄၈ စု၏ခေါင်းဆောင် ဒေါ်အေးကြိုင်က ပြောသည်။
(၁၅)ရပ်ကွက်နှင့်ကပ်လျက် (၁၉)ရပ်ကွက် ရွှေ လင်ပန်းချောင်းနံဘေးရှိ အိုးအိမ်မှ စည်ပင်သို့လွှဲထားသော မြေတွင်လည်း ပြဿနာများရှိနေခဲ့ပြီး အလုပ်သမားဆေးရုံ ဆောက်ရန် မြေနေရာအဖြစ် တာဝန်ရှိသူများက ရဲတပ်ရင်း ဖြင့် အေးချမ်းစွာရှင်းလင်းနိုင်ခဲ့သော်လည်း နိုင်ငံရေးခုတုံး ဖြင့် စီးပွားရေးလုပ်စားနေသော အုပ်စုတစ်ခုက ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦးကို လေးခွဖြင့်ပစ်ခတ်သော ကြောင့် ဒဏ်ရာရရှိသော ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ပန်းလှိုင်တံတားအောက်ရှိ နွံတောလတာပြင်တွင် အကွက်ရိုက်ကာ တဲများဆောက်၍ ကျပ်သုံးသိန်းဖြင့် ရောင်းစားသည်အထိ လှိုင်သာယာတွင် မြေယာကျူးကျော် ရောင်းချမှုဖြစ်ပွားခဲ့ပြီး ထိုပုဂ္ဂိုလ်များကို ဥပဒေအရ အရေးယူမှု ရှိ မရှိ ယနေ့ထိ မသိရသေးပေ။ ထို့အပြင် (၂ဝ) ရပ်ကွက်ရွှေလင်ပန်းချောင်းနံဘေးမှ လယ်မြေများကို အကွက်ချရောင်းချခြင်း၊ သင်္ချိုင်းမြေအား အကွက်ရိုက် ရောင်းချခြင်း၊ အုန်းတောဘုန်းကြီး ကျောင်းရှေ့ ချောင်း နံဘေးမြေကွက်များအားအကွက်ရိုက်၍ ရောင်းချခြင်း၊ ပန်းလှိုင်မြစ်နံဘေးသဲကွင်းရှိ ဘုန်းကြီးကျောင်းနံဘေး လယ်ကွက်ကို အကွက်ရိုက်၍ရောင်းချခြင်း၊ ကျေးရွာ အချို့တွင် မြေကွက်များရိုက်ကာ ရောင်းချထားခြင်းနှင့် ပလပ်မြေ၊ စည်ပင်၊ အိုးအိမ်ပိုင်မြေတို့တွင် ယာယီနေထိုင် ရာမှ အဆင့်ဆင့်လွှဲပြောင်း ရောင်းချဆောက်လုပ်နေထိုင် ခြင်းတို့အပြင် မြို့တည်စက မြို့သစ်နေပြည်သူများ သောက်သုံးနိုင်ရန် တည်ဆောက်ပေးခဲ့သော ရေတုံကင် အကွက်များကိုပင်မချန် ရောင်းစားထားမှုကြောင့် အိမ်များ ဆောက်လုပ် နေထိုင်ကြရာ မရှင်းလင်းဘဲထားပါက မြေယာ ပြဿနာ ပိုမိုရှုပ်ထွေးလာမည်မှာ အမှန်ပင်ဖြစ်သည်။
လှိုင်သာယာမြို့နယ်တွင် ကျူးကျော်နေထိုင်မှုကို သိသာပေါ်လွင်စေသောအရာသည် ရန်ကုန်-ပုသိမ်ကား လမ်းမကြီးနံဘေးရှိ မင်းကြီးမဟာမင်းခေါင်လမ်း တစ်လျှောက်မှ ကျူးကျော်တဲများပင်ဖြစ်သည်။ စတင် ကျူးကျော်နေထိုင်စဉ်ကသာ ပြတ်ပြတ်သားသားရှင်းလင်းခဲ့ပါက ယနေ့ကဲ့သို့ဖြေရှင်းရန် အခက်အခဲရှိမည် မဟုတ်။ စက်မှုဇုန်များတွင်လယ်သမားများ၊ ကျူးကျော်နေထိုင်သူ များ၊ ကုမ္ပဏီက လျော်ကြေးပေးသော်လည်း ပြန်လည် ကျူးကျော်နေထိုင်မှုများ၊ ကြားခံမြေပွဲစားများ၊ မြေယာဈေးကွက်ကို ထိန်းချုပ်ဈေး ကစားနေသောငွေရှင်များ၊ မြေယာပြဿနာတွင် လက်ကိုင်တုတ်အဖြစ် ငွေကြေးယူ၍ ဆောင်ရွက်ပေးရန် အသင့်ရှိနေသောအဖွဲ့များ၊ မြို့နယ်၏ မြေယာပြဿနာတွင် ပါဝင်ပတ်သက်နေသော ဌာနများသည် လှိုင်သာယာမြို့နယ်၏ မြေယာပြဿနာဖြစ်ပွားမှုကို အသက်သွင်းပေးနေသကဲ့သို့ ရှိနေသည်။
ယခုလအစောပိုင်းတွင် မြို့နယ်စည်ပင်သာယာက ရွှေပြည်သာတံတားအဆင်း၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ ကျူးကျော်တဲအလုံး ၄ဝ ကျော် ကိုရှင်းလင်းခဲ့ရာ အဆိုပါတဲများမှာ မေလပထမပတ်အတွင်းက ဆောက်လုပ် နေထိုင် ခဲ့သောတဲများဖြစ်ပြီး မကြာခဏ ရှင်းလင်းနေရသော နေရာလည်းဖြစ်သည်။
မြို့နယ်တွင် အသစ်ဆောက်လုပ်သော ကျူးကျော်တဲ များကို ဖယ်ရှားခြင်းဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အတွင်း ကျူးကျော်တဲဆောက်လုပ်ပါက ရပ်ကွက်အုပ်ချုပ် ရေးပိုင်းမှသတင်းပို့လျှင် ရှင်းလင်းဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းပိုင်းဆိုင်ရာနှင့်ဝန်ထမ်းအင်အား အခက်အခဲအချို့ ရှိကြောင်း၊ စည်ပင်သာယာပိုင် မြေများ တွင် ကျူးကျော် ဆောက်လုပ်နေထိုင်သူတို့ကို စည်ပင်သာယာဥပဒေနှင့် အညီ တရားစွဲဆိုထားကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူးက ပြောသည်။
လှိုင်သာယာ၌ နိုင်ငံတော်က တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး စက်ရုံအလုပ်သမားများ အတွက် အလုပ်သမား ဆေးရုံတည်ဆောက်ရန် မြေနေရာကို အမှတ်(၁၉)ရပ်ကွက် ရွှေလင်ပန်းချောင်းနံ ဘေးတွင် သတ်မှတ်ထားရှိပြီးဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ သည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေအတွက် အခွန်ငွေအများဆုံးကို ရရှိနိုင်သော တိုင်းဒေသကြီးလည်းဖြစ်သည်။ မြန်မာပြည် ၏ အကြီးဆုံးစက်မှုဇုန်ကြီးလည်း တည်ရှိသောကြောင့် စက်မှုမြို့ဖြစ်သော လှိုင်သာယာမြို့၏ ဆယ်စုနှစ်ကျော် ကြာမြင့်ခဲ့သော မြေယာပြဿနာကို အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။
သတင်းဆောင်းပါး-မောင်သင်းပျံ့

No comments:

Post a Comment