Thursday, July 30, 2015

မိတ္ထီလာအကျဉ်းထောင်မှ နိုင်ငံခြားသားတစ်ဦးအပါအဝင် အကျဉ်းသားအကျဉ်းသူ ၃၈ ဦး လွတ်ငြိမ်းသက်သာခွင့်ပြု


နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော နိုင်ငံသား/နိုင်ငံခြားသား စုစုပေါင်း ၆၉၆၆ ဦးအား ဇူလိုင်လ ၃၀ ရက်နေ့နံနက်ပိုင်းက လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ရာ မိတ္ထီလာ အကျဉ်းထောင် မှ နိုင်ငံ ခြားသားတစ်ဦး အပါအဝင် အကျဉ်းသား အကျဉ်းသူ ၃၈ ဦး လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်းသိရသည်။

လွတ်ငြိမ်းသက်သာခွင့် ရရှိတဲ့ အကျဉ်းသား ၂၆ ဦး ၊ အကျဉ်းသူ ၁၁ ဦး ၊ နိုင်ငံခြားသား ၁ ဦး စုစုပေါင်း ၃၈ ဦး ကို ဒီနေ့နံနက် ၈ နာရီခွဲအချိန်က စတင် လွတ်ငြိမ်းသက်သာခွင့် ပြုပေးတာဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံပြီးကာလ ၁ နှစ် နဲ့ အထက်ရှိပြီး ပြစ်ဒဏ်ကျခံရန် တစ်နှစ် နဲ့ အောက်ရှိတဲ့ အကျဉ်းသား အကျဉ်းသူတွေ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ မေတ္တာ နဲ့စေတနာကို နားလည်ပြီး မိမိအကျိုး ၊ဒေသအကျိုး ၊ နိုင်ငံအကျိုးအတွက် အများပြည်သူနဲ့လက်တွဲတာဝန် ထမ်းဆောင်နိုင်စေရ ရည်ရွယ်ပြီး အခုလို လွတ်ငြိမ်းသက်သာခွင့် ပြုတာ ဖြစ်ပါတယ် ဟု မိတ္ထီလာ အကျဉ်းထောင်မှူး ဦးခင်မောင်ထွန်း က ပြောသည်။
မိတ္ထီလာအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့် ရရှိသူ အကျဉ်းသား အကျဉ်းသူများအား အကျဉ်းဦးစီးဌာန ခန်းမတွင် တွေ့ဆုံ၍ ဥပဒေနှင့် မလွတ်ကင်းသည့် အမှုများကို ရှောင်ကြဉ်သွားကြရန် ၊ နောက်နောင်တွင် အကျဉ်းထောင်များသို့ ပြန်လည် မရောက်ရှိအောင် မိမိတို့ကိုယ် မိမိတို့ ထိန်းသိမ်း စောင့်ရှောက်သွားကြရန် စသည်ဖြင့် ခရိုင်အုပ်ချုပ်ရေး မှူး ဦးတင့်ဝေသုံ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ ထောင်မှူး ဦးခင်မောင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ရွှေတို့က တွေ့ဆုံ မှာကြားသည်။ မိတ္ထီလာ အကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့် ပြုသူ အကျဉ်းသား အကျဉ်းသူ ၃၈ ဦး တွင် ပါဝင်သည့် တရုတ်နိုင်ငံသား စီကျားခေါ် ၂၂ နှစ် (ဘ) ဦးဖူရ်ဟန်စင် သည် ရှင်းချမ်းကွင်းရွာ လူဖုန်းမြို့နယ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင်နေထိုင်သူဖြစ်ပြီး တရုတ်နိုင်ငံကွမ်တုံမြိုမှ လောက်ကိုင်မြို့သို့ လာရောက် လောင်းကစား၍ အရက်မူးလွန်ကာ ကြုံရာ မော်တော်ယာဉ်ဖြင့် လိုက်ပါလာပြီး မိတ္ထီလာမြို့တွင် ဖမ်းဆီးခံရပြီး တရားမဝင် နိုင်ငံဝင်ရောက်မှုဖြင့် အကျဉ်းထောင် ပြစ်ဒဏ် ၂ နှစ် ကျခံခဲ့သူဖြစ်ကြောင်း သိရသည်။
မိတ္ထီလာခရိုင်ပြန်/ဆက်


No comments:

Post a Comment