Tuesday, July 28, 2015

တတိယအကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (3rd CLMV) ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ခရီးသွားလုပ်ငန်းအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပ


နေပြည်တော် ဇူလိုင် ၂၈
တတိယအကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (3rd CLMV) ခရီးသွားလုပ်ငန်း ၀န်ကြီးများ အစည်းအဝေးနှင့် ခရီးသွားလုပ်ငန်းအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ယနေ့နံနက် ပိုင်းမှ စတင်၍ နေပြည်တော်ရှိ The Royal ACE Hotel ၌ ကျင်းပပြုလုပ်သည်။

 3rd CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က သဘာပတိ အဖြစ်ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးနှင့် အကြီးမားဆုံးဖွံ့ဖြိုးတိုးတက်လာသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ၀င်ငွေရရှိမှုကို အထောက်အပံ့ပေးနေ သော အရင်းအမြစ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းသည် လူမှုဘ၀မြှင့်တင်ရေးနှင့် ဆင်း ရဲမှုလျော့ချရေးလုပ်ငန်းစဉ်အတွက် ထိရောက်သောလုပ်ငန်းတစ်ခုဖြစ်ပြီး လူတန်းစား အားလုံး အတွက် အဓိကကျသော စီးပွားရေးမောင်းနှင်အားတစ်ရပ်ဖြစ်ပါကြောင်း။
နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော 7th CLMV Summit နှင့် 6th ACEMECS Summit တို့မှ ထုတ်ပြန် ထားသောကြေငြာချက်တွင် ဦးစားပေး ပူးပေါင်းဆောင်ရွက်ရမည့်ကဏ္ဍများအဖြစ် ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုး ရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ခရီးသွား လုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ် စသည့် ကဏ္ဍ(၈)ရပ်ကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံအကြီးအကဲများက အတည်ပြုခဲ့ ပြီးဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် CLMV ခရီးစဉ်ဒေသသည် ကမ္ဘာပေါ်ရှိ စိတ်ဝင်စားဖွယ်အကောင်းဆုံးသော ခရီးစဉ်ဒေသ များအနက် တစ်ခုအပါအ၀င်ဖြစ်လာစေရန်အတွက် အဖွဲ့ဝင်နိုင်ငံအသီးသီးရှိ ထူးခြားသော ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့အစဉ်အလာများ၊ ရှေးဟောင်းအမွေအနှစ်များ တည်တံ့ခိုင်မြဲအောင် ဆောင်ရွက် ထားရှိမှု၊ သဘာဝရှုမျှော်ခင်းများစသည့် ခရီးသွားလုပ်ငန်းအရင်းအမြစ်များကို ပိုမိုကျယ်ပြန့် စွာ မြှင့်တင်ကြေညာသွားရန် လိုအပ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင်  CLMV နိုင်ငံများ အကြား ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသောခရီးသွားလုပ်ငန်းဆိုင်ရာ အတွေ့အကြုံကောင်းများ ဖလှယ် ရေးနှင့် CLMV ခရီးစဉ်ဒေသသည် နိုင်ငံတကာခရီးစဉ်ဒေသတစ်ခုအဖြစ် ရောက်ရှိလာစေရေးအတွက် ဆွေးနွေး သွားကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတွင်၂၀၁၅ ခုနှစ် ဇွန်(၂၂)ရက်က နေပြည်တော်၌ ကျင်းပပြု လုပ်ခဲ့သော 7th CLMV Summit နှင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ(၆)ရက်က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော 2nd CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေးမှ ခရီးသွားလုပ်ငန်းနှင့်ဆက် စပ်သော ဆွေးနွေး ချက် ရလဒ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အသီးသီးဆွေး နွေးခဲ့ကြသည်။
ထို့နောက် CLMV နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများက ဒေသတွင်းခရီးသွား လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးအတွက် သဘောတူကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
အလားတူ CLMV ခရီးသွားလုပ်ငန်းအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား ယနေ့နံနက် ပိုင်းတွင် ကျင်းပ ပြုလုပ်ရာ   ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံ တို့မှ ခရီးသွားလုပ်ငန်း အဆင့်မြင့် အရာ ရှိကြီးများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က သဘာပတိအဖြစ် ဆောင်ရွက်သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ၂၀၁၅ ခုနှစ်၊ ဇွန်(၂၂)ရက်က နေပြည်တော်၌ ကျင်းပပြု လုပ်ခဲ့သော 7th CLMV Summit တွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော ဆွေးနွေးချက်ရလဒ်များနှင့် ကမ္ဘော ဒီးယား နိုင်ငံမှ ကိုယ်စားလှယ်က ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ(၆)ရက်က ကျင်းပပြုလုပ်ခဲ့သော 2nd CLMV ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး၏ ဆွေးနွေးချက်ရလဒ်များကို ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ CLMV နိုင်ငံများ၏ ၂၀၁၃-၂၀၁၅ခုနှစ် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး စီမံ ချက်တွင်ပါရှိသော သတင်းအချက်အလက်နှင့် အတွေ့အကြုံများဖလှယ်ရေး၊ ခရီးသွားလုပ်ငန်း ထုတ်ကုန် များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ရေးနှင့် အဆင့် သတ်မှတ် ရေး၊ ခရီးသွားလုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စသည့်အချက်များကို အသေးစိတ် ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ၂၀၁၆-၂၀၁၈ ခုနှစ်အတွက် CLMV နိုင်ငံများ၏ ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက် ရေး အနာဂါတ် စီမံချက်များအဖြစ် ခရီးသွားလာမှုလွယ်ကူချောမွေ့စေရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့် တင်ရေး၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအခန်းကဏ္ဍပါဝင်စေရေး၊ နိုင်ငံတကာ အဖွဲ့ အစည်း များ၊ ဘဏ္ဍာငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများစသည့် တတိယ အဖွဲ့ အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်းနှင့် တာဝန်သိ ခရီးသွား လုပ် ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး စသည့်ဖြင့် အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိ သည်။  

No comments:

Post a Comment