Friday, July 31, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Agra မြို့ရှိ Taj Mahar ၊ Parachute Brigade လေတပ်စခန်းတို့အား လေ့လာ၊ ဗုဒ္ဓဂါယာသို့ ရောက်ရှိ၊ မဟာဗောဓိ စေတီတော်အား ဖူးမြော်ကြည်ညို


နေပြည်တော်  ဇူလိုင်  ၃၁
အိန္ဒိယ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည်  ဇူလိုင် ၃၀ ရက် ဒေသ စံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် နယူးဒေလီမှ အိန္ဒိယ တပ်မတော် အထူး လေယာဉ် ဖြင့်ထွက်ခွာပြီး Agra မြို့ လေဆိပ်သို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြရာ အိန္ဒိယလေတပ်မှ Air Commander S Srinivaran နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကြီးအုံကြီးဝရေလှောင်တမံ ရေပိုလွှဲမှရေထုတ်လွှတ်မှုစစ်ဆေး



နေပြည်တော် ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် ယနေ့နံနက်ပိုင်းတွင် ကြီးအုံကြီးဝရေလှောင်တမံသို့ သွားရောက် စစ်ဆေးပြီး ရေလှောင်တမံမှ တာဝန်ရှိသူ များနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တမံကြံ့ခိုင်ရေးအတွက် အစဉ်အမြဲ စစ်ဆေးကြပ်မတ်ရန် တာဝန်ချထားသော ရေကင်းများအနေဖြင့် ထူးခြားမှုရှိပါက လည်းကောင်း၊ ကြီးအုံကြီးဝတမံမှတစ်ဆင့် မုန်းချောင်းတစ်လျှောက်ရှိ ကျေးရွာများ ရေ၀င်ရောက်မှုရှိပါကလည်းကောင်း အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန် မှာကြား သည်။

သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာခြင်း



နိုင်ငံတော်သမ္မတရုံးမှ ကြေငြာချက် အမှတ် ၁/၂၀၁၅ ဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၁၁) အရ သဘာဝဘေး အန္တရာယ် ကျရောက်သော ဒေသများအဖြစ် ၂၀၁၅ ခုနှစ် ဇူလိုင် (၃၁) ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ရေကြီးနစ်မြုပ်မှုများကြောင့် သီးနှံစိုက်ဧကများ ထိခိုက်ပျက်စီး



နေပြည်တော် ဇူလိုင် ၃၁
မြန်မာနိုင်ငံ တစ်ဝန်းတွင် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု များကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ် အချို့တွင် ရေကြီးရေလျှံမှုနှင့် လယ်ယာမြေများ ရေကြီး နစ်မြုပ်မှု ဖြစ်ပွားပြီး သီးနှံများ ထိခိုက်ပျက်စီး ခဲ့ကြောင်း၊ အဆိုပါ ပျက်စီး ဆုံးရှုံးမှုများအပေါ် ပြန်လည် စိုက်ပျိုးနိုင်ရေး မျိုးများလုံ လောက်စွာ ဝေငှပေးရန်၊ ရေကျချိန်တွင် ချက်ချင်းစိုက်ပျိုးနိုင်ရေး ငှာနပိုင် ထွန်စက်များဖြင့် ထွန်ယက်ပေးနိုင်ရန် လယ်ယာစိုက်ပျိုးရေးနှင့်ဆည် မြောင်းဝန်ကြီး ဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


နေပြည်တော် ၀ါဆိုလပြည့် စည်ကားများပြား





“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ နှုတ်မြွက်သံချို လ၀ါဆို” ဆိုသည့်အတိုင်း ၀ါဆို လပြည့်နေ့သည် ဗုဒ္ဓဘာသာ ၀င်တို့၏ အထွဋ်အမြတ် ထားရာ ဂေါတမ မြတ်စွာဘုရားရှင် ပဋိသန္ဓေ ယူတော်မူသောလ၊ တောထွက် တော်မူ သောလ၊ ဓမ္မစကြာ တရားဦးဟော တော်မူသောလ ဤနေ့ထူး နေ့မြတ် ဂုဏ်သုံးထပ်နှင့် ပြည့်စုံပေသည်။

မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးကားလမ်း မဲချောင်းကူးတံတား အသစ်ပြန် လည်ဆောက် လုပ်နိုင်ရေးစတင်

ဂန့်ဂေါ ဇူလိုင် ၃၁
ဂန့်ဂေါမြို့နယ်ဒေသတွင် မိုးများအဆက်မပြတ်ရွာသွန်းလျှက်ရှိရာ ဇူလိုင် ၂၃ ရက်က ဂန့်ဂေါမြို့နှင့် ၁၀ မိုင်ကျော်အကွာအဝေးရှိ မဲချောင်းကူးတံတားမှာ မဲချောင်းရေကြီးလာသဖြင့် နိမ့်ကျသွားရာ ယာဉ်ငယ်များသာ ဖြတ်သန်းနိုင်ပြီး ယာဉ်ကြီးများမှာ တံတားရှောင်ကွင်းလမ်းမှ ဖြတ်သန်းသွားလာခဲ့ရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေလွှဲဆည်နှင့် ရေလှောင်တမံများတွင် အရေးပေါ်လုပ်ငန်းများ အသေးစိတ် စီမံဆောင်ရွက်လျက်ရှိ



နေပြည်တော် ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများတွင် မိုးရေချိန် စံချိန်သစ်များ ဖြင့် ထူးကဲစွာ မိုးရွာသွန်းခြင်း၊ ဆိုင်ကလုန်း မုန်တိုင်း (ကိုမန်) ၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရက်ဆက် ရွာသွန်းခြင်း များကြောင့် မုန်းချောင်း ရေလှောင်တမံနှင့် ကြီးအုံကြီးဝ ရေလှောင်တမံတို့တွင် အချိန်တိုအတွင်း ရေသိုလှောင် နိုင်မှု ပမာဏထက် ကျော် လွန်ပြီး ရေပိုလွှဲ များမှ ရေကျော်ကျ လျက်ရှိသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုန်းချောင်းနှင့်မန်းချောင်းရေကြီးရေ လျှံမှုဖြစ်ပွား



မင်းဘူး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ဇူလိုင်လ(၂၉) ရက်မှ(၃၁) ရက်ထိ မိုးများအဆက် မပြတ်သည်းထန်စွာ ရွာသွန်းပြီးမုန်းချောင်း ရေကြီးရေ လျှံမှု အခြေအနေကြောင့် မြို့ပေါ်ရပ်ကွက်အားလုံးတွင် ရေများ မြှင့်တက်လာ သဖြင့် ဒေသခံပြည်သူ လူ ထုများ ဘေးကင်းရာသို့ ပြောင်းရွှေ့လျက်ရှိကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း ဘားအံမြို့ရှိ ရေဘေးသင့်ပြည်သူ များအား တွေ့ဆုံအားပေး




နေပြည်တော် ဇူလိုင် ၃၁
နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းသည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ တာဝန်ရှိသူများနှင့် အတူ ဇူလိုင် (၂၉) ရက်က ပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (ဘားအံ) ၌ ကျင်းပပြု လုပ်သည့် မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ (၆၇) နှစ်မြောက် မွေးနေ့မင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ ဆရာတော်အား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။

Thursday, July 30, 2015

ရေလှောင်တမံကြီးများနှင့် ရေလှောင်တမံများ ကျိုးပေါက်မှုမရှိ၊ ရေကင်းများချထားပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိ

မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်တာတမံများ ကျိုးပေါက်မှုမရှိစေရေး ရေကင်းများချထားပြီး စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေ (၆)နာရီ တိုင်းထွာချက်အရ ရေလှောင်တမံကြီး (၄၁)ခုတွင် သတ်မှတ်ရေလှောင်ပမာဏ ပြည့်မီသဖြင့်   ရေပိုလွှဲများမှ ရေထုတ်လွှတ် လျက်ရှိပြီး တာတမံများကျိုးပေါက်မှု မရှိကြောင်း၊ ရေလှောင်တမံကြီးများနှင့် ရေလှောင်တမံ(၂၂)ခုတွင် သတ်မှတ်ရေလှောင် ပမာဏ ပြည့်မီခြင်းမရှိသေးကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ 

ရေကြီးနစ်မြုပ်မှုများကြောင့် သီးနှံစိုက်ဧကများ ထိခိုက်ပျက်စီး

နေပြည်တော် ဇူလိုင် ၃၀
မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးသည်းထန်စွာရွာသွန်းမှု များကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုနှင့် လယ်ယာမြေများ ရေကြီး နစ်မြုပ်မှု ဖြစ်ပွားပြီး သီးနှံများထိခိုက်ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးများလုံလောက်စွာ ဝေငှပေးခြင်း၊ ရေကျချိန်တွင် ချက်ချင်းစိုက်ပျိုးနိုင်ရန် ငှာနပိုင် ထွန်စက်များဖြင့် ထွန်ယက်ပေးခြင်းများ ပြုလုပ်ပေးနိုင်ရန် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ၀န်ကြီး ဌာနမှစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် အာရှလူမှုအဖွဲ့အစည်းဆိုင်ရာ မူဝါဒအဖွဲ့ဥက္ကဋ္ဌ၊ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း Mr. Kevin Rudd နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၃၀ ရက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် အာရှလူမှုအဖွဲ့အစည်းဆိုင်ရာ မူဝါဒအဖွဲ့ဥက္ကဋ္ဌ၊ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း Mr. Kevin Rudd နှင့်အဖွဲ့အား ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ်က ဂုဏ်ပြုကြိုဆို


နေပြည်တော် ၊ ဇူလိုင် - ၃၀
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ် Air Chief  Marshal Arup Raha, PVSM, AVSM, VM က ဂုဏ်ပြု ကြိုဆိုသည့်အခမ်းအနားကို ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အိန္ဒိယသမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန South  Block  Lawns ရင်ပြင် မြက်ခင်းပြင်၌ ကျင်းပသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲခူးတိုင်းဒေသကြီး တောင်ငူနှင့် ရေနီမြို့တို့၌ ဒေသခံ ပြည်သူများအား တွေ့ဆုံ အမှာစကားပြောကြား


နေပြည်တော် ဇူလိုင် ၃၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ခပေါင်းခန်းမ၌ ဒေသခံပြည်သူများအားတွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော်၊ ဇူလိုင် ၃၀
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက် အမှာစကားပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြင်သစ်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဇူလိုင် ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး မစ္စတာ သီယရီမာသူအား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အနုပညာရှင်များ၏ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး (Ve Ve Cup) အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Entertainment Channel မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်

နေပြည်တော် ဇူလိုင် ၃၀
Myanmar Media 7 က စီစဉ်ကျင်းပသည့် အနုပညာရှင်ပေါင်းစုံပါဝင်သော (၄)သင်း ပတ်လည်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး (Ve Ve Cup) ကို ၂၀၁၅ ခုနှစ် သြဂုတ် ၁ ရက်မှ ၂ ရက်အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းကြီး၌ ကျင်းပသွားမည်ဖြစ်ပြီး တစ်ရက်လျှင်နှစ်ပွဲဆက်တိုက် ယှဉ်ပြိုင်ကစားကြမည်ဖြစ် သည်။

မုံရွာအကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ (၆၉)ဦး လွှတ်ပေး



မုံရွာ၊ ဇူလိုင် ၃၀
နိုင်ငံတော်၏ မေတ္တာစေတနာများကို နားလည်ပြီး မိမိတို့၏ ဒေသအကျိုး၊ နိုင်ငံ့အကျိုးများကို အများ ပြည်သူ နှင့်အတူ တာဝန် ထမ်းဆောင် သွားနိုင်ရန် ရည်ရွယ်ပြီး အကျဉ်းသား(၆၀)ဦးနဲ့ အကျဉ်းသူ (၉)ဦး ပေါင်း (၆၉)ဦးကို မုံရွာအကျဉ်းထောင်တွင် ဇူလိုင်(၃၀)ရက်နေ့က လွှတ်ပေး ခဲ့ကြောင်း သိရသည်။

ကလေးမြို့ စိုးရိမ်ရေမှတ်ကျော်လွန် မြို့ပေါ်အနိမ့်ပိုင်းနေရာများ ရေစတင်ဝင်ရောက်


မုံရွာ ဇူလိုင် (၃၀)
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ဇူလိုင်လ(၂၆)ရက်မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်သာမြစ်ရေများ လျှံတက်ကာ ကလေးမြို့၏ အနိမ့်ပိုင်း အောင်မြေမန်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်နှင့် ချမ်းမြေ့အောင်စည် ရပ်ကွက်များ ရေများဝင်ရောက်ခဲ့ကာ ဇူလိုင်(၃၀)ရက်နေ့ နံနက်(၁၀) နာရီ အချိန်တွင် မြစ်သာမြစ်ရေ သည် ကလေးမြို့၏ စိုးရိမ်ရေမှတ် (၁၀၀၀)စင်တီမီတာအထက် ကျော်လွန်ပြီး (၁၅၆၄)စင်တီမီတာကို ရောက်ရှိ နေသည်။ ထို့အပြင် ကျီကုန်းကျေးရွာ၊ ဖောင်ကူး ကျေးရွာ၊ စီသာ ကျေးရွာ၊ သဖန်းအိုင် ကျေးရွာများတွင် ရွာလုံးကျွတ် ရေမြုပ်နေပြီဖြစ်ကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း ကျေးရွာ(၅)ရွာတွင် လေဆင်နှာမောင်းတိုက်ခတ် မှုဖြစ်ပွား


မြန်အောင် ဇူလိုင် ၃၀
မြန်အောင်မြို့နယ် သရက်တောတော ကျေးရွာအုပ်စု၊ ရေလဲမြောက်ကျေး ရွာတွင် ဇူလိုင် ၂၉ ရက် နံနက် ၁၁း၃၀ အချိန်ခန့်က အနောက်ဘက်မှ လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားရာ လူနေအိမ်(၇)လုံး အိမ်အမိုး များလွင့် ပျံပြီး လေးပင်အိမ် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ် တစ်လုံးပေါ် သို့ ကုက္ကိုလ်ပင် ပိ၍ ပြိုကျပျက်စီးခြင်းနှင့် သုံးပင်အိမ် သွပ်မိုးထရံကာ၊ ပျဉ်ခင်း အိမ်နှစ်လုံးမှာမြေပေါ်သို့ပြိုကျပျက်စီး ခဲ့ကြောင်းသိရှိရ သည်။ လေဆင်နှာ မောင်း တိုက် ခတ်ချိန်မှာ ၁၀ မိနစ်ခန့်

မိုးသည်းထန်စွာ ရွာသွန်း၍ ချင်းပြည်နယ်အတွင်း မြေပြိုခြင်း၊ ရေတိုက် စားခြင်းများကြောင့် လမ်းပိတ်ဆို့မှု၊ တံတားများပျက်စီးမှုနှင့် လူနေအိမ်များ ပျက်စီးမှုဖြစ်ပွား




ဟားခါး၊ ဇူလိုင် ၃၀
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာ သွန်းခြင်းကြောင့် ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့ သည့် မြေပြိုခြင်း၊ ရေတိုက် စားခြင်းများကြောင့် ပျက်စီးခဲ့သည့် လမ်းပိတ်ဆို့မှု အခြေအနေ၊ တံတား ပျက်စီးမှု အခြေအနေနှင့် လူနေအိမ်ပျက်စီးမှု အခြေအနေ များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

မိတ္ထီလာအကျဉ်းထောင်မှ နိုင်ငံခြားသားတစ်ဦးအပါအဝင် အကျဉ်းသားအကျဉ်းသူ ၃၈ ဦး လွတ်ငြိမ်းသက်သာခွင့်ပြု


နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော နိုင်ငံသား/နိုင်ငံခြားသား စုစုပေါင်း ၆၉၆၆ ဦးအား ဇူလိုင်လ ၃၀ ရက်နေ့နံနက်ပိုင်းက လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ရာ မိတ္ထီလာ အကျဉ်းထောင် မှ နိုင်ငံ ခြားသားတစ်ဦး အပါအဝင် အကျဉ်းသား အကျဉ်းသူ ၃၈ ဦး လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်းသိရသည်။

လူသားချင်းစာနာထောက်ထားမှုများဖြင့် အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်များပေး

နေပြည်တော်၊ ဇူလိုင်  ၃၀ ရက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နှင့်အညီ အကျဉ်းထောင် အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ်များ ကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား/အကျဉ်းသူ ၆၉၆၆ ဦးတို့အား နိုင်ငံတော်တည်ငြိမ် ရေးနှင့် ထာဝရငြိမ်းချမ်း မှု ဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို

ကောင်းဆိုးနှစ်ဖြာ အဏုမြူနည်းပညာ



အဏုမြူနည်းပညာအရ အဏုမြူဓာတ်အားပေး စက်ရုံ၏ အရွယ်အစားသေးငယ်သွားလေ..တည် ဆောက်မှု ကုန်ကျစရိတ်သက်သာလေ၊ တည်ဆောက် တပ်ဆင်မှုအချိန်ကာလ ပို၍မြန်ဆန်လေဖြစ်သည်။ ထို့အတူပင် အရွယ်အစားသေးငယ်သော အဏုမြူ ဓာတ်အားပေးစက်ရုံများသည် အန္တရာယ်ဖြစ်နိုင်သည့် အခွင့် အလမ်းလည်း ပို၍လျော့ပါးသွားသည်။ အငယ်စား အဏုမြူ ဓာတ်အား ပေးစက်ရုံများ၏ စွန့်ပစ်ပစ္စည်း များတွင် ပလူတိုနီယံပါဝင်မှုကလည်း သိသိသာသာ လျော့နည်း သွားသည့်အတွက် ရေဒီယိုသတ္တိကြွ ရောင်ခြည် သင့်နိုင်သည့် ဘေးအန္တရာယ်အတိုင်း အဆမှာလည်း များစွာလျော့ပါးသွားသည်။

စီးပွားရေးအခွင့်အလမ်းများပေါ်ထွက်လာမည့် အီရန်၊ကျူးဘားနှင့်မြန်မာ



လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကျော်က နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အကြီးမားဆုံး လူမှုတိုးတက်မှု တစ်ခုပေါ်ထွက်လာခဲ့သကဲ့သို့ ဆုတ်ယုတ်မှုတစ်ခု လည်း ထွက်ပေါ်လာခဲ့သည်။ ဥရောပငွေကြေးဇုန်မှ ဂရိနိုင်ငံ နုတ်ထွက်မည့်အရေးမှ တားဆီးနိုင်ခဲ့သော် လည်း ဖြေရှင်းရမည့်ပြဿနာမှာ ကြီးကြီးမားမား ရှိနေဆဲဖြစ်သည်။ ယင်းမှာ

ကျူး....



ခေါင်းငုံ့ဝင်ရသည့် ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်းတဲကလေးက နောက်ထပ်ဘယ်နှမိုး၊ ဘယ်နှရာသီခံနိုင်ရည် ရှိပါဦးမည်လဲဟု အတွေးကိုဝင်စေသည်။ ပေါက်ပြဲနေသည့် ဝါးထရံကို ဖာထေးကာရံထားသည့်ြေ>ွမရေခွံ အိတ်ပိုင်းက လေတိုက်တိုင်း တဖျပ်ဖျပ် ရိုက်ခတ်နေသည်။

လတ်တလေဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေနှင့်စပ်လျဉ်း၍ မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်အား တွေ့ဆုံမေးမြန်း


ရန်ကုန် ဇူလိုင် ၂၉
မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းနှင့် တောင်ပေါ်ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ရေကြီး ရေလျှံ မှုများဖြစ်ပေါ်နေသည့်အပေါ် လတ်တလောရာသီဥတုအခြေအနေကို မိုးလေဝသနှင့်ဇလဗေဒပ ညာရှင် ဒေါက်တာထွန်းလွင်နှင့် အခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ အပြန်အလှန်ဆွေးနွေး



နေပြည်တော် ဇူလိုင် ၂၉
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် မစ္စ အင်ဂျလီနာ ဂျိုလီပစ်နှင့် ကိုယ်စားလှယ်အဖွဲ့မှ ယနေ့ မွန်းတည့် ၁၂ နာရီတွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ Air Vice Marshal Shouvik Roy လှည့်လည်ကြည့်ရှု


နေပြည်တော် ဇူလိုင် ၂၉
အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၅ဝ တွင် အိန္ဒိယ တပ်မတော် လေယာဉ်များဖြင့် ပူနေးလေဆိပ်မှ ထွက်ခွာ ခဲ့ရာ နယူးဒေလီလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ရောက်ရှိပြီး အိန္ဒိယတပ်မတော်လေမှ Air Vice Marshal Shouvik Roy နှင့် ဇနီး၊ တာဝန်ရှိသူများက ရင်းနှီးစွာ ကြိုဆိုသည်။

မဲပေးခြင်းဆိုင်ရာ အသိပညာများနှင့် လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာကျော် မင်းသမီး မစ္စအင်ဂျလီနာ ဂျိုလီပစ်ရောက်ရှိ


နေပြည်တော် ဇူလိုင် ၂၉
''မြန်မာနိုင်ငံကို ရောက်ရှိပြီး လူတွေအများကြီးနဲ့ တွေ့ဆုံခွင့်ရမှာမို့ ပျော်ရွှင်မိပါတယ်။ UNHCR နဲ့ ပူးပေါင်းပြီး အကူအညီ ပေးမှုတွေလည်း လုပ်ဆောင်သွားဖို့ ရှိတယ်။ ပထမဆုံးအကြိမ် ရောက်ရှိတာမို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာမှ မပြောလိုသေးပါဘူး။ မနက်ဖြန်က စပြီး နေရာအချို့ကို သွားရောက်မယ်။ နိုင်ငံသားတွေနဲ့ ဆက်လက် တွေ့ဆုံ သွားဖို့ရှိတယ်''ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး၏ အထူးကိုယ်စားလှယ် မစ္စ အင်ဂျလီနာ ဂျိုလီပစ်က ဖြေကြား သည်။

Wednesday, July 29, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဟူဂိုဂျော့ ဝီလီယံဆွိုင်းနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်  ဇူလိုင် ၂၉           
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဗြိတိန်နိုင်ငံ၊ နိုင်ငံခြား ရေးနှင့် ဓနသဟာယ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဟူဂိုဂျော့ ဝီလီယံဆွိုင်းနှင့်အဖွဲ့အား ဇူလိုင်၂၈ ရက်၊ မွန်းလွဲ ၁ နာရီက နေပြည်တော် ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တတိယအကြိမ်မြောက် စီအယ်လ်အမ်ဗီနှင့် ဒုတိယအကြိမ်မြောက် အက်မက်စ် ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲ အခမ်အနား


နေပြည်တော် ဇူလိုင် ၂၉
တတိယအကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်(စီအယ်လ်အမ်ဗီ) နှင့် ဒုတိယအကြိမ်မြောက် ဧရာဝတီ၊ ကျောက်ဖယား၊ မဲခေါင် (အက်မက်စ်) ခရီးသွား လုပ်ငန်းဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ဟိုတယ်ဇုံရှိ Hilton Hotel ၌ကျင်းပရာ အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်၍ မိန့်ခွန်း ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းUNHCR အထူးကိုယ်စားလှယ်ဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၉
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်UNHCR အထူးကိုယ်စားလှယ် Mrs. Angelina Jolie Pitt ဦးဆောင်သောအဖွဲ့အားယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သြစတြေးလျဝန်ကြီးချုပ်ဟောင်း နယူးယောက်မြို့အခြေစိုက် အာရှလူမှုအဖွဲ့အစည်း ဆိုင်ရာ မူဝါဒအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ



နေပြည်တော် ဇူလိုင် ၂၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သြစတြေးလျဝန်ကြီးချုပ်ဟောင်း နယူးယောက်မြို့ အခြေစိုက် အာရှ လူမှုအဖွဲ့အစည်းဆိုင်ရာမူဝါဒအဖွဲ့ဥက္ကဋ္ဌ Mr.Kevin Rudd ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံ အမတ်ကြီး ခန့်အပ်လွှာပေးအပ်


နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန် ဆောင် ဧည့်ခန်းမသို့ သွားရောက်၍ ၎င်း၏သံအမတ်ကြီးခန့်အပ်လွှာ ကိုပေးအပ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ချီလီသမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်


နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ ချီလီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဟာဗီယာ အန်ဒရက်စ် ဘက်ကာ-မာရှယ်လ်သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်သံ တမန် ဆောင်ဧည့်ခန်းမသို့ သွားရောက်၍ ၎င်း၏ သံအမတ်ကြီးခန့်အပ်လွှာ ကိုပေးအပ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်



နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ အဇာဘိုင်ဂျန်သမ္မတနိုင်ငံ သံအမတ် ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ် ကြီး မစ္စတာ ကယ်လီ အယ်လီယေးဗစ်ခ်ျ အာလာဗာဒီယက်ဗ်သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင်ဧည့်ခန်းမသို့ သွားရောက်၍ ၎င်း၏ သံအမတ်ကြီးခန့်အပ်လွှာ ကိုပေးအပ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် မစ္စ အင်ဂျလီနာ ဂျိုလီပစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ





နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် မစ္စ အင်ဂျ လီနာ ဂျိုလီပစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ယနေ့မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

အားကောင်းသော မုန်တိုင်းငယ်သတင်း

အားကောင်းသော မုန်တိုင်းငယ် အခြေအနေ
(က)      ယနေ့ မြန်မာစံတော်ချိန် (၁၁:၃၀) နာရီ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့ မြောက်ပိုင်းတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းသော မုန်တိုင်းငယ်အဖြစ် သို့ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့၏ အနောက်-နောက်တောင်ဘက်မိုင် (၄၀) ခန့် စစ်တကောင်းမြို့၏ တောင် အနောက်တောင်ဘက်မိုင် (၇၀) ခန့် မြန်မာနိုင်ငံ မောင်တော မြို့၏ အနောက်မြောက်ဘက် (၆၅) မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက်မိုင် (၁၁၀) ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

မူးမြစ်ရေဝင်ရောက်ခဲ့သည့် ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


မုံရွာ ဇူလိုင် ၂၈
မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဆည်အချို့မှ ရေများလျှော့ချခြင်းနှင့် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မူးမြစ်ရေများ တိုးလာ ခဲ့ပြီး ယမန်နေ့က မုံရွာ- အရာတော် - ရွှေဘို ကားလမ်းပေါ်ရှိ ဇရစ်ကျေးရွာနှင့် ကူတို့ကိုင်းကျေး ရွာကြား ကားလမ်း နေရာအချို့ တွင် လမ်းပခုံးသားများ ပြိုကျခြင်း၊ ကျေးရွာအချို့ မူးမြစ်ရေ များဝင်ရောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ဟားခါး၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြို၍ အိမ်ထောင်စုအချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့


ဟားခါး ဇူလိုင် ၂၈
ချင်းပြည်နယ် ဟားခါးမြို့တွင် ဇူလိုင် ၂၄ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများ တိုက်စားခြင်း၊ မြေပြိုခြင်း များ ဖြစ်ပေါ်လျက်ရှိရာ ဇူလိုင် ၂၆ ရက်က ဟားခါး-ဂန့်ဂေါကားလမ်း မိုင်တိုင် (၃၁ -၃၂) ကြားတွင် လည်းကောင်း၊ (၄၇) နှင့် (၄၈) ကြားတွင် လည်းကောင်း၊ ဟားခါး-ခွါဘဲကြား ခွါဘဲကျေးရွာမှ ၁ မိုင် ၄ ဖာလုံ ခန့်တွင်လည်းကောင်း မြေပြိုမှုကြောင့် ယာဉ်သွားလာ မှုများ ယာယီရပ်တန့်ခဲ့ရပြီး စက်ယန္တရားဖြင့် ရှင်းလင်း ဖယ်ရှားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လူးတွင်ရေကြီးရေလျှံ၍ သောက်သုံးရေပြတ်လပ် စေတနာရှင် လူငယ်များက သောက်သုံးရေအခမဲ့ဖြန့်ဝေ


မော်လူး ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး၌ ဇူလိုင်၂၅ ရက်က စတင်ခဲ့သော ရေကြီးရေလျှံမှုဖြစ် စဉ်များကြောင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများအဖွဲ့ စေတနာရှင်လူငယ်များက သောက်သုံးရေ ပြတ်လပ်နေသော ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေများကို မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာသင်္ဘောသား ၂ဝ ၏ မိသားစုများအား ကရုဏာကြေးပေးအပ်

ရန်ကုန် ဇူလိုင် ၂၈
ရုရှားနိုင်ငံ အရှေ့ဖျားဒေသ ကမ်းလွန် Okhotsk ပင်လယ်ပြင်၌ ဧပြီ ၁ ရက်က နစ်မြုပ်ခဲ့သည့် ရုရှားငါးဖမ်းရေယာဉ် Dalniy Vostok ဖြစ်စဉ် တွင် ပါဝင်ခဲ့သည့် ကွယ်လွန်/ပျောက်ဆုံး မြန်မာသင်္ဘောသား ၂ဝ အတွက် ကရုဏာကြေး အမေရိကန်ဒေါ်လာ ၃ဝဝဝဝဝ ပေးအပ်ခြင်း အခမ်းအနားကို ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ဒေါပုံ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ တပ်မတော် ရေငုပ်သဘော် ကြည့်ရှုလေ့လာ


နေပြည်တော် ဇူလိုင် ၂၈
အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် အိန္ဒိယသမ္မတနိုင်ငံ ဂိုအာမြို့ရှိ India Naval Aviation Spuadron (INS Hansa) တွင် ကြည့်ရှုလေ့လာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် TA TA မော်တော် ကားကုမ္ပဏီ လုပ်ငန်းခွင်ကြည့်ရှုလေ့လာ


နေပြည်တော် ဇူလိုင် ၂၈
အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဂိုအာမြို့မှတစ်ဆင့် ပူနေး လေဆိပ်သို့ ဇူလိုင် ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိရာ Airforce Station PUNE မှ Chief Operation Officer, Group Captain Vij နှင့် ဇနီးတို့က ကြိုဆိုကြသည်။

Tuesday, July 28, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် အာရှ လူမှု အဖွဲ့ အစည်း ဆိုင်ရာမူဝါဒအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် အာရှလူမှုအဖွဲ့အစည်း ဆိုင်ရာမူဝါဒအဖွဲ့ဥက္ကဋ္ဌ (သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် ဟောင်း) မစ္စတာ ကယ်ဗင်ရုဒ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ယနေ့နံနက် ၁၁နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အမျိုးသားအဆင့် ကျန်းမာရေးညီလာခံသို့ တက်ရောက်


နေပြည်တော် ဇူလိုင် ၂၈
အမျိုးသားအဆင့် ကျန်းမာရေးညီလာခံကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC2) ၌ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီးများ ၊ ဒုတိယ ၀န်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ သံအမတ်ကြီးများ ၊ ကုလသမဂ္ဂနှင့် နိုင်ငံ တကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ ၊ အလှူရှင်များ ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဂျပန်နိုင်ငံ ဂျေဂျီစီအုပ်စု၏ ၀ါရင့်ဥက္ကဋ္ဌ မစ္စတာ ယိုရှိဟီရို ရှိဂဲဟိစ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ဂျပန် နိုင်ငံ ဂျေဂျီစီအုပ်စု၏ ၀ါရင့်ဥက္ကဋ္ဌ မစ္စတာ ယိုရှိဟီရို ရှိဂဲဟိစ ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်း အဝေး (၂/၂၀၁၅)သို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော် ဇူလိုင်  ၂၈
စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးဆိုင်ရာလုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၁၅)ကို ယနေ့နံနက် (၉)နာရီခွဲတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီး များ၊ တိုင်းဒေ သကြီး/ပြည်နယ် များမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးများ၊  ဘန်ကောက် FAO ရုံး၏ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနေကိုယ်စားလှယ် Dr.Hiroyuki Konuma နှင့် ဌာနဆိုင်ရာအကြီးအကဲများ  တက်ရောက်ကြသည်။
အစည်းအဝေးတွင် စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက စားနပ် ရိက္ခာနှင့် အာဟာရဖူလုံရေးလုပ်ငန်းသည် ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ဆောင်ရွက် ပြီးစီးမှုများကို ပြန်လည် သုံးသပ်ပြီး  ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ အကြား ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း။
မဟာဗျူဟာကျသည့်မူဘောင်ကို ချမှတ်ရာတွင်  ပြည်သူဗဟိုပြု ပုံစံ၊  ပေါင်းစည်းမှုပုံစံဖြင့်  ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများတွင်  စားနပ်ရိက္ခာ ဖူလုံရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြပါကြောင်း၊ စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ ညီလာခံတွင် ထောင်စုနှစ်လွန် ရည်မှန်းချက်များ (Sustainable Development Goals-SDGsကို အတည်ပြုမှာဖြစ်သည့်အတွက် SDGs ရည်မှန်းချက်ပန်းတိုင် အမှတ် ၂ ဖြစ်သည့် ငတ်မွတ် ခေါင်းပါးမှုအဆုံးသတ်ရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝ ရေးအတွက် စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံရေးဆိုင်ရာမူဝါဒတွင် ထည့်သွင်း၍ အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ မဟာဗျူ ဟာရေးဆွဲချမှတ်ရာတွင် ထည့်သွင်းစဉ်းစားသွားရန် လိုအပ်ပါကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်း စဉ်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်များအကြား စနစ်တကျ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီး သကဲ့သို့ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များကိုလည်း ဦးစားပေး အလိုက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
သို့မှသာ Zero Hunger Challenge မှာ ပါဝင်သည့်  အသက် (၂)နှစ်အောက် ကလေးငယ်များ ကြီးထွားမှု နှောင့်နှေးစေခြင်းအား ရာနှုန်းပြည့် လျှော့ချပေးရန်၊ တစ်နှစ် ပတ်လုံး လုံလောက်သော အစာရေ စာရာနှုန်းပြည့် ရရှိစေရန်၊ စားနပ်ရိက္ခာထုတ်လုပ်မှု စနစ်အားလုံး ရေရှည်တည်တံ့စေရန်၊  လုပ်ကွက် ငယ်တောင်သူများ၏ ထုတ်လုပ်မှုနှင့် ဝင်ငွေရာနှုန်းပြည့်တိုးမြှင့်စေရန်နှင့် အစား အစာလေ လွင့်မှုပပျောက်စေရန် စသည့် မဏ္ဍိုင် ၅ ခုကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း။
မဏ္ဍိုင် ၅ ခု အောင်မြင်ရန်အတွက် အလေးထားစဉ်းစားရမည့် အရေးကြီးသည့် အချက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ ကုန်ထုတ်လုပ်မှု ရေရှည်တည်တံ့ရေးဖြစ်ပါ ကြောင်း၊ စားနပ်ရိက္ခာဖူလုံရန်အတွက်  ပင်မကြီး ၄ ခုဖြစ်သည့် အစားအသောက်ရရှိ နိုင်မှု၊ အစားအစာရရှိရန် လက်လှမ်းမီရန်အတွက် စီးပွား ရေးနှင့် အခြေခံအဆောက် အအုံဆိုင်ရာအခြေအနေ၊ အစားအစာကို ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံး နိုင်မှုနှင့် အချိန်နှင့်အမျှ ဖြစ်ပေါ်နိုင်သည့် ဘေးကျရောက်ချိန်တွင် အစားအစာရရှိရန် စသည့် အချက် များကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း။
FAO နှင့် ပူးပေါင်းဆောင်ရွက်မည့် National Zero Hunger Challenge ဆိုင်ရာ အစီအမံများအတွက် ၂၀၂၅ ခုနှစ်အတွင်းဆောင်ရွက်ရန် ရည်မှန်းထားရှိပြီး ရည်မှန်း ချက်ပြည့်မီရေးအတွက် ကာလ အပိုင်း အခြားအလိုက် လုပ်ငန်းစဉ်များကို ထည့်သွင်း ရမည်ဖြစ်ပါကြောင်း၊စားနပ်ရိက္ခာဖူလုံမှုကို အထောက် အကူပြုနေသည့် စိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက် သယံဇာတ အရင်း အမြစ်များ စနစ်တကျ အသုံးပြုနိုင်ရေး၊ သဘာဝအရင်းအမြစ်များ ရေရှည်ထိန်းသိမ်းကာကွယ် နိုင်ရန် လိုအပ်သည့် ဆောင်ရွက်မှုများနှင့် ဖြည့်ဆည်းရမည်ဖြစ်ပါကြောင်း။     
လယ်ယာစိုက်ပျိုးရေးသည် ကျေးလက်နေပြည်သူများအတွက် အသက် မွေးဝမ်း ကျောင်းဖြစ် သည့်အတွက် ကျေးလက်နေပြည်သူများ သာယာဝပြောရေးကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ဂေဟစ နစ်ဖွံ့ဖြိုးပြီး လူမှုအဖွဲ့အစည်းနှင့် ပြည်သူများ အားကောင်းလာမှသာ လယ်ယာကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ လယ်ယာနှင့်မွေးမြူရေးလုပ်ငန်းများသည် ရေရရှိရေးပေါ်တွင် မူတည်နေသဖြင့် စားနပ် ရိက္ခာနှင့်အတူ ရေဖူလုံရေးအတွက်ကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ စနစ်တကျအကောင်အထည်ဖော်နိုင်ရန်အတွက် ထိရောက် ထက်မြက် သည့် စီမံခန့်ခွဲမှုစနစ်အားကောင်းရေးကို ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
အနာဂတ်မျှော်မှန်းချက်များအရ စားနပ်ရိက္ခာမဖူလုံမှုနှင့် အာဟာရချို့တဲ့မှု များသည် နိုင်ငံများအကြား ဆက်၍ ရှိနေဦးမည်ဟု ခန့်မှန်းထားပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ရေရှည်အကျိုးကိုမျှော်လင့်၍ မဟာဗျူဟာများကို ချမှတ်သွားရမည် ဖြစ်ပါကြောင်း၊ တစ်ဦးကျဝင်ငွေများ တိုးတက်လာသော်လည်း တစ်ဦးကျစားသုံးမှုတွင် မလုံလောက်မှုများ ရှိနေဦးမည်ဖြစ်ပါကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရ ပြည့်ဝရေးအတွက် လက်လှမ်းမီရေး ထည့်သွင်းစဉ်းစားထားရန် လိုပါကြောင်း၊ စားသုံးမှု ပိုင်းတွင်လည်း ကျန်းမာသန်စွမ်းပြီး အာဟာရဖြစ်စေသည့် အစားအသောက်များကို လူတိုင်းစားသောက်စေရေးနှင့် အစားအစာ လေ့လွင်မှုမရှိစေရေးအတွက် အသိပညာ ပေးလုပ်ငန်းများကို ဆောင်ရွက် သွားရမည်ဖြစ် ပါကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးတွင် အဓိကကျသည့် လယ်ယာကဏ္ဍ၏ တီထွင်ဆန်းစစ်မှုများကို စဉ်ဆက် မပြတ် ထည့်သွင်း စဉ်းစားသွားရမည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုအတွက် လိုအပ်သည့် အဓိက ကုန်စည် များနှင့် အခြားကုန်စည်များအတွက် ထုတ်လုပ်မှုတိုးတက်ရေးသာမက ပို့ကုန်တိုးမြှင့် ရေးအတွက် လည်း စဉ်းစားရမည်ဖြစ်ပါကြောင်း။          
လယ်ယာစိုက်ပျိုးရေးကိုသာ အားထားရမည့်  အိမ်ထောင်စုများလည်း ဆက် လက်ရှိနေမည်ဖြစ်၍   မြို့ပြဖြစ် ထွန်းမှုနှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုလည်း ဟန်ချက်ညီ ဆောင်ရွက်ပေးရ မည်ဖြစ် ပါကြောင်း၊ မြို့ပြဖြစ်ထွန်းမှုနှင့်အတူ မြို့ပြ စိုက်ပျိုးရေးတိုးတက်ဖြစ်ပေါ်ရေးကို နိုင်ငံတော်အပိုင်းအပြင် ပုဂ္ဂလိက အပိုင်းကလည်း ပါဝင်လာရန် စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ရှေ့လုပ်ငန်းစဉ်များ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်နှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှု မြင့်တင်ပြီး အမြင်ချင်းဖလှယ်၍ မြန်မာနိုင်ငံ၏ စားနပ် ရိက္ခာဖူလုံမှု  ရေရှည်တည်တံ့စေရေးနှင့် အာဟာ ရပြည့်ဝစေရေးအတွက် ဝိုင်းဝန်းကြိုး ပမ်း အဖြေရှာကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် FAO ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှု အခြေအနေ၊ အနာဂတ်မျှော်မှန်းချက်နှင့် မြန်မာနိုင်ငံ၌ အကောင်အထည် ဖော်ရေးအတွက် Status of global and regional food security and future outlook and their implication to Myanmar နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ဒေါက်တာ ကံဇော်နှင့် တက်ရောက် လာကြသူများက ရာသီဥတုနှင့် မြို့ပြပြောင်းလဲမှု၊ စိုက်ပျိုးရေး ကဏ္ဍနှင့် လယ်ယာကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး၊ တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ချရေး၊ အနာဂတ်တွင် စားနပ်ရိက္ခာဖူလုံရေး၊ ငတ်မွတ်မှုပပျောက်ရေး၊ ထုတ်ကုန်များနှင့် တန်ဖိုးမြှင့် ထုတ်ကုန် ပစ္စည်းများ တိုးတက် ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ရရှိရေး၊ အစားအစာလုံခြုံရေး၊ ကျေးလက်နေ ပြည်သူ များ ၀င်ငွေရပေါက်ရလမ်းများ တိုးတက်ရရှိရေး၊ ရေလုံလောက်စွာရရှိရေးတို့စပ်လျဉ်း၍ အပြန် အလှန် မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယသမ္မတက FAO ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံးမှ လက်ထောက် ညွှန်ကြားရေး မှူးချုပ် Dr. Hiroyuki Konuma နှင့် မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနကိုယ်စားလှယ် Ms. Bui Thi Lan တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။