Saturday, May 30, 2015

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်စည်းဝေး


နေပြည်တော် မေ ၂၉

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဖန်ဘင်မင်းတို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပသည့် (၈)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေး ကို မေ ၂၉ ရက်တွင် နေပြည်တော်ရှိ လိတ်(ခ်) ဂါးဒင်းဟိုတယ်၌ ကျင်းပ သည်။

အစည်းအဝေးတွင် သံတမန်နှင့် ကောင်စစ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ အပါအဝင် ကုန်သွယ်ရေး၊ စက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့်ဘဏ်လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွား လုပ်ငန်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သစ်တော၊ ကျန်းမာရေးနှင့် ပညာရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အလုပ် သမားနှင့် လူမှုရေးရာ၊ သိပ္ပံနှင့် နည်း ပညာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍစသည့် ကဏ္ဍ(၁၃)ရပ်တွင် အပြန် အလှန် ပူးပေါင်းဆောင်ရွက်ရေးကို အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

ပြည်ထောင်စု ဝန်ကြီးက ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖန်ဘင်မင်း ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား မေ ၂၈ ရက် ည ၇ နာရီက ရွိုင်ရယ်အေစီအီးဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

(၈)ကြိမ်မြောက် မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်၏ ဝန်ကြီးအဆင့် အစည်းအဝေးမတိုင်မီ အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးကို နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံလွင်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှ-တောင်အာရှနှင့် တောင်ပစိဖိတ်ဒေသဆိုင်ရာ ဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ငုယင် သန်းတန်တို့က ဦးဆောင်၍ မေ ၂၈ ရက်တွင် လိတ်(ခ်)ဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသို့ ဗီယက်နမ် ကိုယ်စားလှယ် အဖွဲ့ဝင်များ နှင့်အတူ မြန်မာနိုင်ငံ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ခဲ့ကြ သည်။


ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည်
 (၈)ကြိမ်မြောက် မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မ ရှင်အစည်းအဝေး တက်ရောက်ရန် မေ ၂၇ ရက်က နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment