Saturday, May 30, 2015

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့်အဖွဲ့ ပိုလန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်



နေပြည်တော် မေ ၂၉

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံမှ လေကြောင်း ခရီးဖြင့် ပိုလန်နိုင်ငံ ဝါဆောမြို့သို့ မေ ၂၄ ရက် ညနေပိုင်းတွင် ရောက်ရှိ သည်။


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် မေ ၂၅ ရက် နံနက်ပိုင်း တွင် ပိုလန်နိုင်ငံ ဝါဆောတက္ကသိုလ် စာကြည့်တိုက်၊ တော်ဝင်ပြတိုက်နှင့် ဥယျာဉ်တို့အား သွားရောက်ကြည့်ရှု လေ့လာခဲ့သည်။

ထို့နောက် ပိုလန်နိုင်ငံ Consti-tutional Tribunal ဥက္ကဋ္ဌMr. Andrzej RZEPLINKI နှင့် လည်းကောင်း၊ ပိုလန်နိုင်ငံ National Chamber of Commerce ဥက္ကဋ္ဌ Mr.Andrzej AREDARSKI နှင့်လည်းကောင်းတွေ့ဆုံဆွေးနွေး ခဲ့သည်။

မေ ၂၆ ရက် နံနက်ပိုင်းတွင် ပိုလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Grzegorz SCHTYNA နှင့် တွေ့ဆုံ ပြီး ပိုလန်နိုင်ငံ ဆီးနိတ်ဥက္ကဋ္ဌ Mr. bogdan BORUSEWICZ နှင့် နှစ်နိုင်ငံလွှတ်တော်ချင်း ဆက်ဆံရေး အတွက် ဆွေးနွေးခဲ့သည်။

ယင်းနောက်ပိုလန်နိုင်ငံ အညတြ ဂူဗိမာန်၌ ပန်းခွေချဂါရဝပြုပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။ ထို့နောက် ပိုလန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေး ဝန်ကြီး Mr. Janusz PIECHO-CINSKI နှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။

ညနေပိုင်းတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် Royal Castle သို့ သွားရောက် ကြည့်ရှု လေ့လာခဲ့ကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် မေ ၂၇ ရက်တွင် Human Rights Defender Office ၌ Dr. Irena LIPOWICZ နှင့် လည်းကောင်း၊ ပိုလန်ဆီးနိတ်၏ အမျိုးသားစီးပွားရေးကော်မတီဥက္ကဋ္ဌ Mr. Marek ZIOLKOWSKI နှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး ညနေ ပိုင်းတွင် Warsaw Rising Museum သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ သည်။


ယင်းနောက် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပိုလန်နိုင်ငံ Sejmလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Eugeniusz GRZESZCZAK နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment