ပထမအကြိမ်
အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၅၃ ရက် မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင်ကျင်းပရာ
ကာကွယ်ရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဗိုလ်ချုပ်ကျော်ညွန့် က ပြန်လည်ဖြေကြားခဲ့ သည်။
ချင်းပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျွန်ခဲန်း၏ စစ်မှုထမ်းသက် ၁၀ နှစ် မပြည့်မီ
တိုက်ပွဲဒဏ်ရာကြောင့် အငြိမ်းစားယူသည့် တပ်မတော်သား သေဆုံးသည့်အခါ ၎င်းရရှိသော
အငြိမ်းစားလစာကို ကျန်ရစ်သူဇနီးသည်မှ ဆက်လက်ခံစားခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ
မေးခွန်းနှင့် စပ်လျဉ်း၍ အငြိမ်းစားယူပြီး ၇ နှစ်အတွင်း သေဆုံး သူများကို
စစ်မှုထမ်းစဉ်အခါက စစ်မှုထမ်းခြင်း ကြောင့် ဖြစ်ပေါ်လာသော
ဒဏ်ရာ/ရောဂါဖြင့်သေဆုံးလျှင် အိမ်ထောင် စုဝင် အထူးအငြိမ်းစား လစာ
ခံစားခွင့်ရရှိပြီး စစ်မှုထမ်းနောက်ဆုံးထုတ် မူရင်းလစာ၏ ၇၀ ရာခိုင် နှုန်းအား
ခံစားခွင့် ရရှိမည်ဖြစ်ပါကြောင်း။
အငြိမ်းစားယူပြီး
(၇)နှစ်ကျော်လွန်ပြီးမှ သေဆုံးသူများ စစ်မှုထမ်းသက် (၁၀)နှစ်ပြည့်မှသာ အငြိမ်းစား လစာခံစား
ခွင့်ရရှိမည် ဖြစ်သော်လည်း
မစွမ်းမသန်ဖြစ်၍ နှုတ်ထွက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည့်အတွက် စစ်မှုထမ်း သက်
(၁၀)နှစ် မပြည့်သေးသော်လည်း စစ်မှုထမ်းသက် ၁၅ နှစ်နှင့် ညီမျှသော
အကျိုးခံစားခွင့်များကို အငြိမ်းစား ယူစဉ်ကပင် ခံစားခွင့်ပြုခဲ့ခြင်း ဖြစ်သဖြင့်
ဇနီးဖြစ်သူ အနေဖြင့် မည်သည့်အကျိုးခံစားခွင့်မျှ ရရှိရန် အကျုံး မဝင်ခြင်းဖြစ်ပါကြောင်းဖြင့်
ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးလှဆွေ၏ ဂန့်ဂေါမြို့နယ် ကြောဒေသရှိ ကြဲ၊ နုံးကြီး၊
ကန့်သတ်၊ စကားရွာ (၄)ရွာအား လျှပ်စစ်မီးရရှိရေးကို က.ပ.စ စက်ရုံမှတစ်ဆင့်
အခမဲ့သွယ်တန်း တပ်ဆင် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍
မီးလိုင်းသွယ်တန်းမှု အကာအဝေး မိုင်များခြင်း၊ ထရန် စဖော်မာများနှင့် မီးတိုင်များ၏
ကုန်ကျစရိတ်ငွေ များပြားခြင်း တို့ကြောင့် ဘဏ္ဍာငွေ ထုတ်နုတ်သုံးစွဲရန် အခက် အခဲရှိပါသဖြင့်
ဂန့်ဂေါမြို့နယ် ကြောဒေသရှိ ကြဲ၊ နုံးကြီး၊ ကန့်သတ်နှင့် စကားရွာ ၄ ရွာအား
လျှပ်စစ်မီး ရရှိရေးအတွက် အမှတ်(၂၃) ကာကွယ်ရေး ပစ္စည်းစက်ရုံမှ တစ်ဆင့် အခမဲ့တပ်ဆင်ပေးနိုင်ခြင်း
မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက်
ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့် မြန်မာဗုဒ္ဓ
ဘာသာဝင်မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင် ချက်များကို တစ်ပိုဒ်ချင်းစီအလိုက်
အတည်ပြုခဲ့သည်။

No comments:
Post a Comment