Saturday, May 30, 2015

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ


နေပြည်တော် မေ ၂၉

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ပြည်ထောင်စုလွှတ်တော် အတွင်းရှိ နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုနှစ်အတွင်းကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးနှင့် တည်ငြိမ် အေးချမ်းအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံ သားများ၏ အမျိုးသား အကျိုးစီးပွား အတွက်ဖြစ်ပါက နိုင်ငံရေးပါတီ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်အတွင်း စစ်မှန်သော ငြိမ်းချမ်းရေး ရရှိစေရေး အတွက် အားလုံး ပါဝင်ပူးပေါင်းဆောင်ရွက် ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေး သည်။

ယင်းနောက် တက်ရောက်လာ ကြသော နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များက ဆွေးနွေးတင်ပြ ကြသည်။


အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော် အတွင်းရှိ နိုင်ငံရေးပါတီများဖြစ်ကြ သောပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်အမျိုး သားပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီ၊ ''ဝ'' ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်း အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေ စီပါတီ-ကချင်ပြည်နယ် (စဒက)၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမို ကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ အင်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီနှင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့ တက်ရောက် ခဲ့ကြသည်။

No comments:

Post a Comment