Sunday, May 31, 2015

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


ကျိုင်းတုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း မဲခေါင်စစ်ဆင်ရေး (၂)စီမံချက်အား ဆောင်ရွက်လျက်ရှိရာ မေ ၂၇ရက်က မူးယစ် တပ်ဖွဲ့စု (၂၈) ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ရှောင်လမ်း ဟိုခိုက် ကျေးရွာအနီးတွင် တာချီလိတ် ဘက်မှ ဝမ်လုံကျေးရွာဘက်သို့ စိုင်းလုံဝမ်းမောင်းနှင်ပြီး ဟော်ရှိန် လိုက်ပါလာသည့် ယာဉ်အမှတ် 4F/---- TOYOTA CAMRY မော်တော်ယာဉ်ကိုရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၆၈ဝဝ သိမ်း ဆည်းရမိသဖြင့် စိုင်းလုံဝမ်း (၆ဝ)နှစ်နှင့် ဟော်ရှိန် (၅၃)နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

ကလော
ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသအတွင်း သံလွင်စစ်ဆင်ရေးစီမံချက် ဆောင်ရွက်လျက်ရှိရာ မေ ၂၆ ရက်က မူးယစ် တပ်ဖွဲ့စု (၂၅) တောင်ကြီးနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် တောင်ကြီးဘက်မှ ကလောဘက်သို့ တကီး မောင်းနှင်ပြီး ကိုချိုင်းနှင့် မဂျူးဂျူးတို့လိုက်ပါလာသည့် ယာဉ် အမှတ် YGN- 1 D/---- MARK II Blit မော်တော်ယာဉ်ကိုရှာဖွေရာ ခြောက်လုံးပြူးသေနတ် တစ်လက်၊ ယင်းကျည် ၁၈ တောင့်၊ စိတ်ကြွရူး သွပ်ဆေးပြား ၇၇၈ဝ တို့ကို သိမ်းဆည်းရမိသဖြင့် တကီး (ခ) ခွန်ကြီး (၄၃)နှစ်၊ ကိုချိုင်း(၃၁)နှစ်နှင့် မဂျူးဂျူး (ခ)သက်သက် (၂၈)နှစ်တို့ သုံးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
လင်းခေး
ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသအတွင်း သံလွင်စစ်ဆင်ရေးစီမံချက် ဆောင်ရွက်လျက်ရှိရာ မေ ၂၇ ရက် က မူးယစ် တပ်ဖွဲ့စု(၂၇)လွိုင်လင်နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လင်းခေးမြို့အဝင် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် မိုးနဲ ဘက်မှ လင်းခေးဘက်သို့ စိုင်းယွမ်း မောင်းနှင်ပြီး မနန်းမွေခမ်း လိုက်ပါလာသည့် ယာဉ်အမှတ် ၅ဃ/-----Stream မော်တော်ယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝ သိမ်း ဆည်းရမိသဖြင့် စိုင်းယွမ်း(၃၂)နှစ်နှင့် နန်းမွေခမ်း(၂၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ကွတ်ခိုင်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအတွင်း ရွှေလီစစ်ဆင်ရေး (၂)စီမံချက်အား ဆောင်ရွက်လျက်ရှိရာ မေ ၂၆ ရက်က မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်-ကောင်းခါးသွား ကားလမ်း၊ ကွတ်ခိုင်မြို့အထွက် ကောင်း ခါးလမ်းခွဲအနီး လမ်းမပေါ်တွင် ကောင်းခါးဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ ကျုံးတာဝူးမောင်းနှင်ပြီး ကျန်ရင်းဆော့ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၉၄ ပြား သိမ်း ဆည်းရမိသဖြင့် ကျုံးတာ ဝူး(၂၅)နှစ်နှင့် ကျန်ရင်းဆော့ (၂၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


No comments:

Post a Comment