Saturday, May 30, 2015

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၁၅)ကျင်းပ


နေပြည်တော် မေ ၂၉

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ခန်းမ(၁)၌ ယနေ့မွန်းလွဲ ၁ နာရီခွဲက ကျင်းပသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟို အဖွဲ့ အတွင်းရေးမှူး အစည်းအဝေး (၂/၂ဝ၁၅) ကို ဗဟိုအဖွဲ့ အတွင်းရေး မှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းဦးဆောင်၍ ကျင်းပ သည်။


အဆိုပါ အစည်းအဝေးသို့ အစား ထိုးသီးနှံစိုက်ပျိုးရေးအဖွဲ့၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းအဖွဲ့ ဒုတိယ ရဲချုပ်နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် မူးယစ်ဗဟိုလုပ် ငန်းအဖွဲ့များမှ ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူးက အမှာစကား ပြောကြားရာတွင်၂ဝ၁၅ ခုနှစ် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့အား အလေးထားသော အားဖြင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူး စီမံချက် (ယင်းမာ) ကို မေ ၂၆ ရက် မှ ဇွန် ၂၆ ရက်အထိ တစ်လကြိုတင် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်း အဖွဲ့အားလုံး၏ လုပ်ငန်းစီမံချက် အသေးစိတ်များလည်း ရရှိထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းမှု အကောင်းဆုံးဖြင့် ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ပြီးခဲ့သည့် မူးယစ်ဗဟို အဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂ဝ၁၅) တွင်လည်း ပြည်ထောင်စု ဝန်ကြီး  ဦးဆောင်၍ (ယင်းမာ)စီမံချက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးတာဝန်များ ပေးအပ်ခဲ့ပြီးဖြစ် ပါကြောင်း။

လုပ်ငန်းအဖွဲ့အားလုံးကိုလည်း မေ ၂၆ မှ ဇွန် ၂၆ ရက်အထိ အဆင့် ဆင့်သော ဒေသဆိုင်ရာ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့များ၊ အစိုးရ မဟုတ်သောအဖွဲ့များ၊ လူမှုအဖွဲ့ အစည်းများ၊ သတင်းမီဒီယာများ၊ ဆိုရှယ်မီဒီယာများနှင့် ပူးပေါင်း၍ လုပ်ငန်းအဖွဲ့များအလိုက် စီမံချက် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်မြှင့် ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနနှင့်လည်း ညှိနှိုင်း ထားရှိပြီး သတင်းမီဒီယာမှတစ်ဆင့် စီမံချက်လုပ်ငန်းများကို အများပြည်သူ သိရှိနိုင်ရေး ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

ယခုစီမံချက်ကာလပြီးဆုံးပါက အားသာချက်၊ အားနည်းချက်များ အပေါ် ပြန်လည်သုံးသပ်၍ အလား တူစီမံချက်များ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာ သည့် သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူအသီးသီးကလည်း လုပ်ငန်း အလိုက် ဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။


ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟို အဖွဲ့အတွင်းရေးမှူးက နိဂုံးချုပ် အမှာ စကားပြောကြားသည်။

No comments:

Post a Comment