ပြည်သူ့လွှတ်တော်
(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၅၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင်
ပြည်သူ့ လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်
စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ဖြေကြားသည်။
ပဲခူးမဲဆန္ဒနယ်မှ
ဦးကြင်သိန်း၏ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို စစ်ဆေးခြင်း သည် မြန်မာနိုင်ငံ
တစ်ဝှမ်းလုံးရှိ ကျောင်းသား/သူများ၏ ကြိုးစားအားထုတ်မှုကို တိုးတက်စေပြီး
ပညာရေးစနစ်မြှင့်တင်ရေးအတွက် အထောက် အကူပြု/မပြု သိရှိလိုခြင်း မေးခွန်းနှင့်
စပ်လျဉ်း၍ မူလတန်းအဆင့် နောက်ဆုံးအတန်း ဖြစ်သည့် စတုတ္ထ တန်းနှင့် အလယ်တန်းအဆင့်
နောက်ဆုံးအတန်းဖြစ်သည့် အဋ္ဌမတန်းတို့တွင် စာမေးပွဲများကို ကျင်းပ၍ ကျောင်း သား၊
ကျောင်းသူများ၏ တက်ရောက်မှုအရည်အသွေးကို စိစစ်ကာ လိုအပ်သလို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရန်
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေ သကြီး/ပြည်နယ်၊
ခရိုင်၊ မြို့နယ်နှင့် ကျောင်းအလိုက် အောင်စာရင်းများထုတ်ပြန်၍ A,B,C,D အဆင့် လေးဆင့်
တွင် D အဆင့်ရရှိသော ကလေးများကို ကုစားသင်ကြားကာ ကျရှုံးသည့် ဘာသာရပ် အလိုက်
ပြန်လည် ဖြေဆိုစေပြီး အတန်းတက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း။
မူလတန်းအဆင့်
စတုတ္ထတန်းနှင့် အလယ်တန်းအဆင့် အဋ္ဌမတန်းတို့တွင် နိုင်ငံတော်အဆင့် စာမေးပွဲများကို
ကျင်းပ၍ D အဆင့် ရာခိုင်နှုန်းများသည့် တိုင်းဒေသ ကြီး/ပြည်နယ်များ၊ ခရိုင်များ၊
မြို့နယ်များနှင့် ကျောင်း များကို လိုအပ်သည့် ပံ့ပိုးမှုများ ပိုမိုပေးခြင်း၊
ပိုမိုအလေးပေး ကြီးကြပ်လမ်းညွှန်ခြင်းများကို အခြေခံပညာ ဦးစီးဌာနက
ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာကျောင်းအုပ်များ၊ သင်ကြားရေး တာဝန်ယူ
ရသည့် ဆရာ၊ ဆရာမများအနေဖြင့် အတန်းအလိုက် အရည်အသွေးမီ သင်ကြားရေး လုပ်ငန်းများကို
ပိုမိုအလေး ပေးဆောင် ရွက်နိုင်စေပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်
ပိုမိုကြိုးပမ်း အားထုတ်သင်ယူ လာကြ မည်ဖြစ် ပါကြောင်း။
သို့ဖြစ်ပါ၍
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်စတင်၍ မူလတန်းအဆင့် စတုတ္ထတန်းနှင့် အလယ်တန်းအဆင့်
အဋ္ဌမတန်းတို့တွင် စာမေးပွဲများကို စစ်ဆေးခြင်း သည် အခြေခံပညာကဏ္ဍ
အရည်အသွေးမြင့်မားရေးအတွက် များစွာအထောက်အကူ ပြုပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက်
ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်းအွမ်ဆိုင်မိုင်း၏ ပညာရေးဝန်ထမ်းများ ခရီးစရိတ်ပြန်လည် ထုတ်ယူ
ရာတွင် ခရီးစရိတ်လုံလောက်ပြီး အချိန်ကြာမြင့်မှုမရှိစေရန် နှင့်
အထက်ဌာနအဆင့်ဆင့်သို့ ရုံးစာနှင့် စာရင်း ဇယားများ အပြန်အလှန်ပေးပို့ ဆက်သွယ်မှု
ပိုမိုအဆင်ပြေလျင်မြန်စေရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးဝန်ထမ်းများ တာဝန်ဖြင့်ခရီးသွား
လာရာတွင် ခရီးစရိတ် ထုတ်ပေးခြင်းကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ (၀၂၀၁)
ပြည်တွင်းခရီးစရိတ် ခေါင်းစဉ် အောက်မှ တစ်ချို့တစ်ဝက်ကို ကြိုတင်ထုတ် ပေးပြီး
ခရီးပြီးဆုံးသည့်အခါ ကြိုတင်ထုတ်ပေးငွေကို ခုနှိမ်ခြင်းဖြင့် လည်းကောင်း၊
တာဝန်ပြီးဆုံးသည့်အခါမှ တစ်လုံးတစ်ခဲတည်း ထုတ်ပေးခြင်းဖြင့် လည်းကောင်း ကြန့်ကြာ မှုမရှိစေရန်
ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာန အထက်အဆင့်ဆင့်မှ
တောင်းခံလာသည့် စာရင်းဇယား များ ဖြည့်စွက်ရာတွင် လိုက်နာ ရမည့်
စည်းမျဉ်းစည်းကမ်းများ၊ တိကျသည့် ညွှန်ကြား ချက်များကို ကြိုတင်ထုတ်ပြန်
ထားပါကြောင်း။
အထက်ဌာနအဆင့်ဆင့်သို့
ရုံးစာနှင့်စာရင်းဇယားများ အပြန်အလှန်ပေးပို့ ဆက်သွယ်မှု လျင်မြန်စေရန်နှင့်
ပိုမိုအဆင် ပြေလာစေရန် Fax များ၊ e-mail များဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်
စီစဉ်ထားရှိပါကြောင်းဖြင့် ဖြေကြား သည်။


No comments:
Post a Comment